Thursday 29 March 2012

တောင်ငူရဲစခန်းအနီး NLD ကိုယ်စားလှယ်လောင်း၏ကားခဲဖြင့်ထုခံရ။


တောင်ငူမြို့၁၆ရပ်ကွက် ဈေးလမ်းတွင်ယနေ့ည၆နာရီခွဲတွင်ဒီချုပ်အောင်နိုင်ရေးအဖွဲ့မှ ဟောပြောပွဲပြုလုပ်ရာ တောင်ငူမြို့ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့် ဟောပြောပွဲ မကျင်းပမီ ဟောပြောပွဲနေရာသို့ ဦးအောင်စိုးမြင့် စီးနင်းလာသော
ကား ရောက်ရှိချိန်တွင် အမည်မသိလူတစ်ဦးမှ ခဲဖြင့် ပစ်ပေါက်ခဲ့ရာ စီးနင်းလာသော ကားမှန်ကွဲသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဟောပြောပွဲ ကျင်းပရာ နေရာမှာ
တောင်ငူမြို့ အမှတ် ၂ ရဲစခန်း အနီးတွင် တည်ရှိသောကြောင့် တရားဥပဒေ စိုးမိုးမှု အလွန်အားနည်းကြောင်း ဦးအောင်စိုးမြင့်မှ ဟောပြောချက်တွင် ထည့်သွင်းပြောကြား
သွားခဲ့ပါသည်။
 ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးဆွဲထားသောကာတွန်း။ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းအား ကြံ့ဖွတ် USDP မှချောင်းမြောင်း တိုက်ခိုက်နေပုံ။


No comments :