Friday 9 March 2012

အစိုးရမှ ရန်ကုန် အရှေ့ ဒဂုံမြေသိမ်းမှု

ကာလပေါက်ဈေး(၂၅)သိန်းလောက်တန်
တဲ့ (၄၀ပေ×၆၀ပေ)မြေကွက်တစ်သောင်းကျော်ကို
မြန်မာငွေ(၁၂၀၀၀ိ/-)နဲ့ အမ်းပြီး ပြန်သိမ်းယူမယ်တဲ့။ ပညာရေးဝန်ထမ်းတွေ၊
နိုင်ငံခြားရေးက ၀န်ထမ်းတွေ၊ အစိုးရ၀န်ထမ်းတွေကို
ချထားပေးခဲ့တဲ့မြေကွက်တွေပေါ့။
အိုးအိမ်ရုံးမှာ သွားစုံစမ်းကြည့်တော့လည်း ပါမစ်စာရွက်လးတွေကိုင်ပြီး
မျက်နှာငယ်လေးတွေနဲ့ တကယ့်အိုကြီးအိုမတွေ။ အငြိမ်းစားဆရာမကြီးအရွယ်တွေ။
' သားတွေ၊ သမီးတွေက ဒီမြေကွက်လေးရှိနေလို့ မျက်နှာ...သာပေးနေကြတာပါ။
အမေကလည်း သိန်း(၃၀)လောက်ရရင်တော့ ရောင်းမယ်ပေါ့ ဆိုပြီးမျှော်လင့်နေတာ။
အခုတော့ ပြန်သိမ်းမယ် (၁၂၀၀၀/-)ပဲ ပြန်ရမယ်ဆိုတော့ အမေ့မှာ
သေသာသေလိုက်ချင်တော့တယ်'တဲ့။
အဘိုးအရွယ် လူကြီးတစ်ယောက်ကလည်း
'ကာလပေါက်ဈေးနဲ့တော့ ပြန်အမ်းပေါ့ကွာ၊ အခုဟာက
(၁၀)နှစ်(၁၅)နှစ်လောက်ကြာအောင် စောင့်လာရပြီးမှ မူလသွင်းဈေးပဲ
ပြန်အမ်းမယ့်ဆိုတော့ မဖြစ်သင့်တာပဲ'တဲ့။
တော်တော်စိတ်မကောင်းစရာတွေ တွေ့ခဲ့မြင်ခဲ့ရတယ်။
သတင်းစာထဲမှာ ကြေငြာတာက (၇)ရက်နေ့။ နောက်ဆုံးပြန်အပ်ရမယ့်နေ့က (၃၁)ရက်နေ့
ဆိုတော့ ဒီကြားထဲ ခရီးဝေးရောက်နေလို့ မသိလိုက်ရတဲ့သူတွေအတွက်
(၁၂၀၀၀ိ/)တောင် ပြန်မရတော့မယ့်အဖြစ်။ ခရီးဝေးကနေ
အရေးတကြီးပြန်လာရအောင်ကလည်း ရရမယ့်ပိုက်ဆံက (၁၂၀၀၀ိ/)ဆိုတော့
ကိုယ့်မြေကွက်ပဲ အဆုံးခံရတော့မယ့်အနေအထား။
အိုးအိမ်က လုပ်လိုက်တဲ့ရက်စွဲကလည်း (၃၁-၁-၂၀၁၂)နောက်ဆုံး။
နောက်ရက်(၁-၄-၂၀၁၂)ဆို ရင် ကြားဖြတ်ရွေးကောက်ပွဲ။ တော်တော်ကို
မရိုးသားတဲ့ပုံစံပဲ။
ဒီကြားထဲ တော်တော် မျက်စိလည်စရာကောင်းတာကလည်း ရှိသေးတယ်။
အိုးအိမ်က (၁၂၀၀၀ိ/-) နဲ့ ပြန်အမ်းမယ်ဆိုလို့ မျက်နှာငယ်နေရတဲ့
အဘိုးကြီး၊ အဘွားကြီးတွေကို ပွဲစားတွေက အမေကြီး ပြန်ရောင်းမလား။
ကျွန်တော်တို့ (၃)သိန်းပေးမယ်တဲ့။
ကဲ ဘယ်လိုလုပ်ကြမတုန်း။ ဘယ်သူ့ကိုယုံရမလဲကို မသိတော့ဘူး။
ဒါလေးကတော့ ကျွန်တော်တို့၊ ဘော်ဒါတို့ အားလုံးဝိုင်းတွန်းသင့်တယ်လို့ထင်တယ်။
429565_172489576202325_100003238519292_256070_925923531_n.jpg429565_172489576202325_100003238519292_256070_925923531_n.jpg
138K   View   Download  

1 comment :

Anonymous said...

yes, there is being paddy field and harvest Vietnam rice since long time ago.We heard that the government will give flats to existing educational staffs , it is not included retired staffs.