Friday 9 March 2012
သဘာဝပါတ်ဝန်းကျင်နဲ့ ဘိုးဘွားအမွေအနှစ်တွေဖျက်ဆီးခံနေရ
 ဖားကန့် ဒေသတွင် တရုပ် မြန်မာ ကုမ်ပဏီပေါင်း၂၀၀ ကျော်ကစက်ယန္တ
ယားများနှင့်ကျောက်စိမ်းတွင်းများတူးဖော်နေမှုကြောင့်သဘာဝပါတ်ဝန်းကျင်
တောင်ယာလုပ်ငန်းများပျက်စီးရခြင်းအစရှိသည့်ဒုက္ခဆိုးများခံနေကြရပါသည်။
source;zawmoehetet zawmoe facebook မှကူးယူဖော်ပြပါသည်
 ဖားကန့်မြို့နယ် တစ်ခုလုံး အပ်ကျသံကို ကြားရမတတ် တိတ်ဆိတ်နေလို့ ကမ္ဘာ့ အတိတ်ဆိတ်ဆုံးမြို့အဖြစ် ဂင်းနစ်မှာ စံချိန်တင်တော့မယ်ထင်တယ် ။ ညနေ (၆)နာရီထိုးတာနဲ့ အိမ်တိုင်းတံခါးပိတ် စောင်ကိုခေါင်းမြီးခြုံ ပြီး ဆိတ်ငြိမ်နေတဲ့ ကြားထဲက ပေါက်ကွဲသံ ဘယ်အချိန်များ ကြားရမလဲ ဆိုတာကို နားစွင့်ရင်း မိုးလင်းခဲ့တဲ့ ညတွေကို ဘယ်လောက်များများ စောင့်နေရအုံးမှာလဲ ? ဒီလို ညတွေကို အဆုံးသတ်ပေးနိုင်သူ နှစ်ဦးပဲ ရှိတယ်ဆိုတာ ဖားကန့်ပြည်သူလူထုက သိနေပြီးသားပါ ။ ဘယ်သူက အဆုံးသတ်ပေးမှာလဲ ?မြန်မာအစိုးရလား ? KIA လား ? လက်တွဲညီညီ လုပ်ရင် ပိုပြီးမြန်ဆန်မှာတော့သေချာပါတယ် ။
ဖားကန့်၊ ဆိုင်းတောင် ၊ လုံးခင်း စတဲ့ နေရာတစ်နေရာ နီးနေပေမဲ့ သွားလားမှုတွေ ခက်ခဲနေပါတယ် ။ မိုင်းနင်းမိမှာ ကြောက်လို့ ညပိုင်းမှာ သွားလာမှုတွေ လုံးဝမရှိသလောက်ပါပဲ ။ ဖားကန့်တစ်မြို့လုံးကိုလည်း မြန်မာစစ်တပ်က လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပါတယ် ။ စစ်ဆေးမှုတွေလဲ တင်းတင်းကျပ်ကျပ် လုပ်နေပါတယ်။ ဖားကန့်ဒေသမှာ အလုပ်လုပ်ကြတဲ့ လူဦးရေ (၆၀)ရာခိုင်နှုံးလောက်ကပြန်သူပြန် ၊ လမ်းတွင်ပိတ်မိနေသူပိတ်မိ ၊ကျန်တဲ့ လူဦးရေက ဌာနဆိုင်ရာနဲ့ အိမ်စောင့်တွေလောက်ပဲ ကျန်တော့တယ် ။
No comments :