Sunday, 11 March 2012

တရုတ်ဆိုတာ

"တရုတ်မရှိရင်မြန်မာဒီလောက်ကို ဖြစ်လာမှာမဟုတ်ဘူး...တဲ့"

အမျိုးသမီးငယ်လေးတစ်ဦးကကျနော့်မိတ်ဆွေတစ်ဦးရဲ့စတေးတပ်စ်ကိုတုန့်ပြန်ထားတာပါ။ကျနော့်မိတ်ဆွေစတေးတပ်စ်က ဒေါ်စုကိုလာကြိုတဲ့အထဲမှာ အားလုံးလောင်းမြန်းတွေချည်းပါလား ဆိုပြီးတရုတ်တစ်ဦးကထွက်ပြီးစပ်စုတဲ့စကားလေးကို တွေးစရာလေးအနေနဲ့ တင်ပေးထားတာပါ။မူ၇င်းက
 "အမေစု မန်းလေးကို လာတဲ့ နေ့ (၃) ရက်နေ့ပေါ့။ ကျနော်တို့ ဆိုင်ကယ်လေးနဲ့ သွားပြီး အကြို ... ဆိုင်ကယ်မောင်းရတာ အင်ဂျင်လေး ပူလာလို့ လမ်းဘေးမှာ နားလိုက်ပါတယ်။ တမာတန်းနားမှာပေါ့။ နားတဲ့အိမ်ရှေ့က တရုတ်အိမ်ရှေ့ဖြစ်နေတယ်။ တရုတ်တစ်မိသားစုလုံးလည်း ထွက်ပြီးကြည့်ကြပါတယ်။ လူများလို့ ထွက်ပြီး ကြည့်တာပဲ နေမှာပါ။ သူများတွေလက်ထဲမျာ အလံတွေနဲ့ သူတို့ လက်ထဲမှာတော့ အလံမှ မပါတာ။ နောက်ပြီး လူအုပ်ကြီးကို ကြည့်ပြီး သူတို့ အချင်းချင်းပြောလိုက်တဲ့ တရုတ်စကား ... ကျနော်ကလည်း ကြားဖြစ်အောင်ကို ကြားလိုက်သေးတယ်။ သိပ်တော့ တရုတ်စကားကို နားမလည်ပါ။ ဒါပေမဲ့မန်းလေးမှာနေတော့လည်းတရုတ်စကားကိုဘာပြောမှန်းတော့သိတာပေါ့လေ။ဘာပြောလည်းဆိုတော့ လာကြိုတဲ့ လူတွေထဲမှာ တရုတ်တစ်ယောက်မှ မတွေ့ဘူးတဲ့။ အကုန်လုံး လောက်မြတ် တွေချည်းပါလားတဲ့။ အေးပေါ့ကွာ ... တရုတ်နဲ့ အမေစု ဘာဆိုင်လည်းတော့ ကျနော်လည်းမသိတော့ဘူး။ဆိုင်ကယ်လေးလည်းစက်အေးသွားလို့ ပြန်မောင်းထွက်လာခဲ့တယ်။ တွေးစရာကတော့ တစ်ပုံတစ်ပင်ပေါ့လေ။"
 ကျနော်ကလည်း တရုတ်ကပြားပါ။ ရုပ်ကိုကြည့်ရင်တော့ ဗမာမဟုတ်မှန်းသိသာမှာပါ။ဗမာတရုတ်ဆိုပါတော့လေ။ သိသလောက်လေးပြောချင်ပါတယ်။မြန်မာပြည်ထဲဝင်လာတဲ့တရုတ်တွေထဲမှာနစ်မျိုးရှိပါတယ်။တစ်မျိုးက မော် ခေတ်မှာ ပြေးလာတဲ့သူတွေပါ။ နောက်တစ်မျိုးက ဘိန်းတရုတ်တွေပါ။ မော်ခေတ်ကလာတဲ့တရုတ်တွေကသူတို့ယဉ်ကျေးမှုကိုထိန်းသိမ်းကြပေမယ့်မြန်မာ့ယဉ်ကျေးမှုနဲ့ အတိုင်းအတာတစ်ခုအထိ အသားကျနေတယ်လို့ ပြောလို့ရမှာပါ။သူတို့တွေကမြန်မာစာကိုချစ်တဲ့လူတွေရှိပါတယ်။ ကျနော်လည်းအင်မတန်ချစ်ပါတယ်။မြန်မာ့ယဉ်ကျေးမှုကိုချစ်ပါတယ်။ကွမ်းယာကြိုက်ကြပါတယ်။ဒါကယေဘုယျပေါ့။ မချစ်တဲ့လူတွေလည်းရှိမှာပါ။


ဘိန်းတရုတ်တွေကတော့ နေပြည်တော်မန္တလေးမှာဗိုလ်ချုပ်ရွာဆိုတဲ့မြို့သစ်ထဲမှာနန်းတော်တမျှအိမ်ကြီးတွေနဲ့ နေကြပါတယ်။ ဗမာတွေကို လောင်းမြန်းတွေဆိုပြီးခေါ်ကြပါတယ်။ ကားအကောင်းစားကြီးတွေစီးကြပါတယ်။ တစ်ချိန်တုန်းက မန်းလေးနာမည်ကြီးနယူးစီဗီလိုင်းထဲကအိမ်တစ်အိမ်မှာဖဲလာရိုက်တဲ့တရုတ်တွေပိုက်ဆံတွေကိုဆာလာအိတ်လိုအိတ်တွေနဲ့ သယ်ထုတ်လာတာတွေ့ရဖူးပါတယ်။ ဘိန်းတရုတ်တွေပါ။ စီးပွားရေးကို ငွေနဲ့ ဖိဝင်တတ်ကြပါတယ်။ ငွေမဲ ငွေဖြူ အတူတူဆိုတဲ့ကာလဆိုတော့လည်းနဂိုတည်းကယဲ့ယဲ့ပဲကျန်တဲ့ နောက်ဆုံးမင်းမြို့တော်ဟာသူ့အသည်းနှလုံးနေရာတွေကို ဒီဘိန်းတရုတ်တွေအောက် ဒူးထောက်လိုက်ရပါတယ်။


မန္တလေးမြို့လယ်ကောင်မှာခြစ်ကုပ်စုဆောင်းပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားနေတဲ့တရုတ်တွေအများကြီးရှိပါတယ်။ ဒါက တစ်ပိုင်းပေါ့။ ဈေးကွက်ထဲ မတရားငွေနဲ့ဖိဝင်လာတဲ့ ဘိန်းတရုတ်တွေလက်ချက်လည်းတစ်မျိုးပေါ့လေ။ ဒီလောက်ဆို နှစ်ပိုင်းကွဲပြီထင်ပါတယ်။
အထက်ပါကလေးမလေးရဲ့အမြင်ကမြန်မာပြည်ထဲက ငွေရှင်တရုတ်တွေရဲ့အမြင်ကို ယေဘုယျကိုယ်စားပြုမယ်ထင်ပါတယ်။
သူပြောတာကမြန်မာပြည်ထဲကလူတွေတရုတ်သာဝင်မလာရင် ငွေကြေးဆင်းရဲနေပြီးငပိရည်နဲ့ပဲစားနေရမယ်ပေါ့လေ။ နောက်ပြီးတော့ တရုတ်စက်ရုံတွေလာတော့ အလုပ်ရတယ်ပေါ့လေ။ အလုပ်အကိုင်ရတယ်ပေါ့။ သူအဓိက ပြောသွားတဲ့တရုတ်တွေကပြည်ပတရုတ်တွေ၊ဒါမှမဟုတ်သူတို့နဲ့ချိတ်ဆက်ထားတဲ့အကျိုးတူစီးပွားဖက်တွေပါ။ သူပြောသွားတဲ့သဘောကမြန်မာပြည်ထဲဝင်လာတဲ့တရုတ်Capitalပါ။ဟုတ်ပါတယ်။မြန်မာပြည်ထဲကို ငွေရင်းတွေဝင်လာပါတယ်။ အဲ့ဒီငွေ၇င်းတွေက ဘာကြောင့်ဝင်လာတာလဲ။ မြန်မာပြည်မှာ အဲ့ဒီငွေတွေကို အလုပ်ဖြစ်အောင် သွင်းလာတာပါ။


လုပ်ငန်းရှင်တိုင်းဟာဘယ်အလုပ်ကိုမဆိုအမြတ်လိုချင်လို့လုပ်တာပါ။အဲ့တော့ဒီလိုဝင်လာတဲ့ ငွေရင်းငွေနှီးဆိုတာသည် နိုင်ငံတစ်ရပ်က အစိုးရတစ်ခုရဲ့ တိုင်းပြည်တိုးတက်ဖို့လုပ်တဲ့ Long TermInvestment တွေနဲ့ထပ်တူမကျနိုင်ပါ။ဥပမာပညာရေးမှာ ရင်းနှီးမြုပ်နှံတာမျိုးပေါ့။တရုတ်တွေအနေနဲ့လုပ်သားနဲ့၊ မြေပေါတဲ့၊သယံဇာတပါ ပေါတဲ့မြန်မာပြည်မှာဂွင်ကောင်းလို့ လုပ်ခွင့်သာလို့ဝင်လာတာပါ။ရလာမယ့်အကျိုးအမြတ်ကရင်းနှီးထားရတဲ့ ငွေထက်သာနေလို့သာလျှင်လာခြင်းဖြစ်ပါတယ်။ မြန်မာ့အကျိုးအတွက်လာခြင်းမဟုတ်ဘူးဆိုတာ သိသာမယ်ထင်ပါတယ်။

အဲ့တော့ တရုတ်စက်ရုံတွေ လာတော့ မြန်မာတွေအလုပ်မရဘူးလားပေါ့။ ဟုတ်ပါတယ်။ရပါတယ်။သို့သော်Overall ကိုခြုံကြည့်ရင်မြန်မာတွေဘာရသွားလဲ။တရုတ်တွေဘာရသွားလဲပေါ့။ချမ်းသာပြီးရင်းတ၇ုတ်ကပိုမိုချမ်းသာလာပါတယ်။ တရုတ်ရဲ့ စက်ရုံတွေရှိပေးနေရတဲ့အတွက်မြန်မာပြည်ကသဘာဝပတ်ဝန်းကျင်အလိုလိုထိခိုက်ပျက်စီးနေရပါတယ်။ မြန်မာပြည်ကလုပ်အားဈေးကွက်ဟာထိုက်သင့်တဲ့ဥပဒေနဲ့မကာကွယ်ထားတဲ့အတွက်အလုပ်ရနေတယ်ဆိုပေမယ့် ရသင့်ရထိုက်တာတွေဆုံးရှုံးနေရပါတယ်။(ဥပမာတိုင်ရီကိစ္စ)။ နောက်ပြီး ငွေရင်းနဲ့ဖိဝင်လာတဲ့တရုတ်တွေရယ်၊ ငွေမဲသမားတွေကို အစိုးရကလုံးဝကာဗာပေးလိုက်တဲ့အတွက်မြန်မာအမျိုးသားအလတ်စားစီးပွားရေးလုပ်ငန်းများထိခိုက်ပြိုလဲကုန်ပါတယ်။ အာရှဓနဘဏ်ပြဿနာ ဖြစ်တုန်းကပြည်တွင်းစီးပွားရေးမှာအစိုးရကိုရိုးရိုးသားသားအခွန်ဆောင်ပြီးလုပ်စားနေရတဲ့ လုပ်ငန်းရှင်တွေ အများကြီး ပြိုလဲသွားပါတယ်။ဘာအစီအမံမှလည်းပြန်လုပ်မပေးသလိုလှ့ည်တောင်မကြည့်ပါဘူး။ ဒါဟာ ငွေဖြူငွေမဲ ပြဿနာ ရဲ့ နောက်ဆက်တွဲတစ်ခုပါ။ မပြိုလဲရင်လည်း တရုတ်စီးပွားရေးလက်ကြီးသမားတွေဆီ က လက်ဝေခံ လုပ်ငန်းရှင်တွေသာ ပြန်ဖြစ်သွားပါတယ်။


နောက်တစ်ခုက တရုတ်တွေကို အစိုးရက တံခါးမရှိ၊ ဓါးမရှိ ဝင်ခိုင်းလိုက်တဲ့အတွက် မြန်မာပြည်မှာ သယံဇာတ ရှာဖွေရေးတွေ လုပ်ချင်သလို လုပ်ကြပါတယ်။ Transparency မရှိတဲ့အတွက် ဘာ Agreement ကြောင့်မှန်းမသိ ယူချင်သလို ယူကြပါတယ်။ ဒါဟာ ဓါးပြတိုက်သလို အမှုကိစ္စပါ။ မြန်မာနိုင်ငံထဲက မြန်မာနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့၊ မြန်မာတွေအတွက်ဖြစ်ရမယ့် ဥစ္စာဓန တွေကို "အောက်ဈေး" နဲ့ ရသလို နှိုက်ယူခြင်းခံရပါတယ်။ ဒါဟာ တရုတ်တွေဝင်လာတဲ့အခါ တွဲပါလာတဲ့ ဆိုးကျိုးပါ။

နောက်ပြီး ယူနန်ပြည်နယ်ကနေ မြန်မာပြည်ကို Quality Assurance လုံးဝမရှိတဲ့ အစားအစာ၊ ဆေးဝါး၊ စက်မှု ပစ္စည်းတွေ ပေါင်းစုံသွင်းပါတယ်။ အဲ့ဒီဆိုးကျိုးဒဏ်ကို မြန်မာပြည်သူတွေ လာမယ့် ဆယ်စုနှစ်မှာ သိသိသာသာ ခံရပါလိမ့်မယ်။ အရည်အသွေးနိမ့်ပစ္စည်းကို သွင်းတာ အပြစ်မဆိုပါ။ သို့သော် ဘယ်လောက်ပဲ အဆင့်ရှိတယ်ဆိုတာကို ရိုးသားစွာ သတ်မှတ်ထားပေးရမှာ ကုန်ထုတ်လုပ်ငန်းရှင်တွေအတွက် ကျင့်ဝတ်ပါ။ နယ်စပ်ဒေသရဲ့ အကျင့်ပျက်ခြစားမှုနဲ့ မြန်မာလူထုရဲ့ ဆင်းရဲမွဲတေမှုကို လွယ်လွယ်ကုစားချင်တော့ ဒါတွေကို အကန့်အသတ်မဲ့ခွင့်ပြုထာြး့ပီး ပြည်တွင်းက ထုတ်ကုန်လုပ်ငန်းတွေအများကြီး ရပ်တန့်သွားပါတယ်။ ဒါက စီးပွားရေးအရနောက်တစ်ချက်ပါ။ Purchasing Power Parity ကို ထိန်းချုပ်ခြင်းမပြုတော့ မွဲနေတဲ့ မြန်မာ့ငွေကြေးတွေက Imported Product တွေနဲ့အတူ ယူနန်ကို စီးထွက်သွားပါတယ်။ နောက်တစ်ချက်က ကချင်ပြည်နယ်ကနေ ဝယ်နေတဲ့ သစ်ပင်တွေပါ။ ကိုယ့်ဒေသ စိမ်းလန်းစိုပြေဖို့အတွက် အထီးကျန် တိုင်းပြည်၊ ကိုယ်င့်္ထက်အဆပေါင်းများစွာ မွဲတဲ့ တိုင်းပြည်က လူတွေ၊ အနိုင်ကျင့်ခံနေရတဲ့လူတွေရဲ့ ဒေသထွက်ကုန်တွေကို တရားဝင်လည်းမဟုတ်ဘဲ ခိုးဝယ်ပါတယ်။ ဒါဟာ အစိုးရတစ်ရပ်အနေနဲ့ကြည့်ရင် အင်မတန် အောက်တန်းကျတဲ့လုပ်ရပ်ပါ။ ရိုးရိုးလေးစဉ်းစားကြည့်...ကိုယ်ချမ်းသာနေတဲ့အချိန် လူဆင်းရဲအိမ်က ထမင်းအိုးကို သွားခိုးတာ ကောင်းမလား။

ဒါတွေက အကင်းပဲ ရှိပါသေးတယ်။ သေချာတာက တရုတ်လို အကျိုးအမြတ်တွက်ချက်တတ်တဲ့ နိုင်ငံက လူတွေ မြန်မာပြည်လာလို့ မြန်မာပြည် ထိခိုက်သွားတာ အများကြီးပါ။ ငပိနဲ့စားတာက ဘာမှ မဖြစ်သေးဘူးလို့ ငပိကြိုက်တဲ့ တရုတ်-ဗမာ တစ်ဦးက သေသေချာချာ ရေးပြလိုက်ပါတယ်။
အောင်ဟိန်း - မတ်လ ၁၁ရက်နေ့၊ ၂၀၁၂။


4 comments :

Anonymous said...

ခံစားချက်ချင်းတူလို့ ကြိုက်သွားပြီဗျို့

Anonymous said...

ဟေ့ဘာမှ ဘာပြောမနေနဲ့ ဒုသမ္မတ တင်အောင်မြင့်ဦးဆိုတာ တ၇ုတ်ဘဲ။မြန်မာနိုင်ငံကို အုပ်ချုပ်နေတာ တ၇ုတ်ဘဲ။ မြန်မာဆိုတာ တ၇ုတ်ကျွန်ဘဲ။
မြန်မာစစ်တပ်ဆိုတာလဲ တ၇ုတ်ကျွန်တပ်ဘဲ။ ။

KKK said...

Then what do we do? We know the problem. We have to know the answer.

KKK said...

Most chineses are blood thirsty creatures. They don't really care about other people.