ကချင်ပြည်နယ် မိုးကောင်းတွင်လည်း
မဲပေးနိုင်သည့် အမည်စာရင်း ပျောက်ဆုံးနေ
ဂျာတော့ပ်(မြစ်မခ)
by Myit Makha Mediagroup on 11 Mar, 2012
by Myit Makha Mediagroup on 11 Mar, 2012
ကချင်ပြည်နယ်မိုးကောင်းမြို့နယ်တွင်လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက်မဲစာရင်း ပေးနိုင်သော လူဦးရေ ၇သောင်းကျော် ရှိရာမှ တစ်သောင်းကျော် ပျောက်ဆုံးနေကြောင်း သိရှိရသည်။
“ ၂၀၁၀
ရွေးကောက်ပွဲ မဲဆန္ဒရှင် အမည်စာရင်းအရဆိုရင် လူဦးရေက၇သောင်းကျော်ရှိတယ် အခု မဲပေးနိုင်တဲ့ လူဦးရေ စာရင်းမှာ ၆၇၀၅၀ ပဲရှိတယ် တော်တော် ကွာဟနေတယ်” ဟု ကချင်ပြည်နယ်မိုးကောင်းမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဒေါ်ခင်ကြည်က ပြောသည်။
မိုးကောင်းမြို့နယ်တွင်
ပျောက်ဆုံးနေသောမဲဆန္ဒရှင်လူဦးရေးအများစုမှာ ပြောင်းရွှေ့အလုပ်သမားများ၏ အမည်များ ဖြစ်ပြီး အဆိုပါအမည်များကိုမတ်လ၆ရက်နေ့မှတစ်ပတ်အတွင်း ကော်မရှင်ရုံးသို့ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။
“ ရပ်ကျေးကော်မတီကနေမှ
မြို့နယ်ကော်မရှင်ကို
ပို့ပြီးမှ အမည်စာရင်းပြန်ထည့်လို့ရမှာ အဲ့ဒါကြောင့် မဲပေးမဲ့လူအမည် စာရင်းကျန်ခဲ့ရင် တစ်ပတ်အတွင်း လာပြောလို့ရပါတယ်” ဟု ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပျောက်ဆုံးနေသည့် လူဦးရေစာရင်းမှာ
နမ္မတီးမြို့တွင် ၅၀၀ကျော်၊ ဆားမှော်မြို့၌ ၇၀ခန့်ရှိပြီး အူးတန်းတွင်
ရပ်ကွက်လိုက် မဲပေးနိုင်သည့် လူစာရင်းပျောက်ဆုံးနေကြောင်း သိရသည်။
http://myitmakhamediagroup.com/detail.php?newid=841&catid=26
No comments :
Post a Comment