အခု တဲစုလေးတွေက ရွှေပြည်သာကကျူးကျော်တဲစုအိမ်လေးတွေပါ..။အဲ့ဒီအိမ်စုလေးတွေမှာ အိမ်ခြေ၉၈အိမ်ရှိပြီးတော့ဘုစုခရုမပါလူအယောက်၄၀၀ ကျော်စုပေါင်းနေထိုင်နေကြပါတယ်..။ သူတို့ကိုယ်တိုင်ကလည်းသူတို့ဟာကျူးကျော်နေထိုင်သူတွေဆိုတာကို လက်ခံကြပါတယ်။ ဒါပေမဲ့မတ်၂၃ရက်နောက်ဆုံးထားပြီးဖယ်ပေးရမယ်။ မဖယ်ပေးရင် ဘူဒိုဇာနဲ့ လာထိုးမယ်လို့ အပြောခံထားရပါတယ်။ အားလုံးကြောက်နေကြပါတယ်..။ သူတို့ အဲ့ဒီနေရာလေးမှာ
အပြီးမနေချင်ကြပါဘူး။ ဒါပေမဲ့ ပြောင်းရွှေ့ဖို့အတွက် အချိန်နည်းနည်းလောက်
ထပ်တိုးပေးစေချင်နေကြပါတယ်..။ ဒီနေရာမှာ သူတို့နေလာတာ ၉ နှစ်ကျော်ကြာနေပါပြီ။ ခုမှ
ချက်ခြင်းကြီးပြောင်းခိုင်းခံရတဲ့
အပေါ်မှာအားလုံးဟာ အားကိုးရာမဲ့၊ကယ်သူမဲ့နေကြပါတယ်။ သူတို့တတွေ ကျဘမ်းအလုပ်သမားတွေပါ။ ပြောင်းရွှေ့ကြဖို့ ငွေကြေးနဲ့ နေရာသစ် လည်း မရှိကြပါဘူး။ မြေနေရာကိုလည်း အပိုင်မလိုချင်ပါဘူး။
ပြောင်းရွှေ့ဖို့ အစဉ်ပြေအောင် ရက် ကလေးကိုပဲ
တိုးပေးစေချင်တာပါ။ မကြာမှီမှာ မွေးတော့မဲ့ ကိုယ်ဝန်ဆောင်တွေ၊ ၁၀ တန်းစာမေးပွဲဖြေရမဲ့ ကလေးတွေလည်း
ရှိနေပါတယ်။
တချို့ကတော့ ရှိတဲ့ဝါးတဲလေးတွေ ကိုဌာနဆိုင်ရာကဘူဒိုဇာနဲ့လာထိုးပြီးမဖျက်ခင် ကိုယ်တိုင် ဖျက်ထားကြလေရဲ့..။ ဒါပေမဲ့ ဘယ်ကိုမှပြောင်းနေစရာ
စရိတ်မရှိလို့ ည ပိုင်းဆို ကြုံသလို အိပ်နေကြရတယ်။
( Ko Ye Facebook မှ )
1 comment :
၁၉၈၈ခုကနေ ယခုထိ ခိုးဆိုးလုယက်ပြီး မတရားရှာကြီးပွါးနေတဲ့ န၀တ လူ့ ဘီးလူး အတပေါကြီး သန်းရွှေ နဲ့ ဖိနပ်သိန်းစိန် ယခင် စစ်ဗိုလ်ဝန်ကြီးဟောင်း ယခုပုဆိုးဝတ် သမတအယောင်ဆောင်တို့ ခိုးဝှက်ထားကြတဲ့ တိုင်းပြည် ဘဏ်ဏာတွေကို မတရားယူထားတာလေ၊ မသေခင်လေး ကုသိုလ်ရကြအောင် အခုလိုမျိုးနေစရာ မရှိတဲ့ သူတွေကို အရိပ်လေးတခုဖြစ်အောင်လုပ်ပေးပါလား။ ခင်ဗျားတို လူသတ်ခဲ့တဲ့မိုက်ပြစ်တွေ ခိုးဆိုးတွေ အတွက် ဘ၀ကူးကောင်းအောင် အလုပ်အကြွေးတခု ပြုလိုက်ပါလား။ ဟိုကောင်လေး မျောက်လပြည့်လေးအတွက် ဘ၀ကူးကောင်အောင်.သူတို့ မိသားစု တွေအတွက် အကြံပေးတာပါ။
Post a Comment