Saturday 31 March 2012

ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှုးမြို့နယ်မှတယ်လီဖုန်းဆက်သွယ်ရေးလိုင်းအား အာဏာပိုင်တို့ဖြတ်တောက်လိုက်ပြီ။


ကော့မှူးမြို့နယ်တွင်အာဏာပိုင်တို့ကတယ်လိုင်းဖုန်းဆက်သွယ်ရေးလိုင်းများအား ဖြတ်တောက်လိုက်ပြီဟု သတင်းရရှိသည်။ သောကြာနေ့နေ့လိုင်းပိုင်းထိကောင်းမွန်နေသောတယ်လီဖုန်းလိုင်းများမှာ ညဦးပိုင်းကစတင်ပြီးယ္ခုချိန်ထိဆက်သွယ်မှုပြတ်တောက်လျက်ရှိကြောင်းဒေသခံများကပြောပြသည်။ ကော့မှူးမြို့နယ်သည် NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြံ့ဖွတ်ပါတီအတွက် အလွန်အရေးကြီးသော မဲဆန္ဒနယ်မြေတခုအဖြစ် (ထိပ်တန်းစစ်ဆင်ရေးနယ်မြေ) ကြံဖွတ်ပါတီကသတ်မှတ်ထားသောမဲဆန္ဒနယ်မြေတခုဖြစ်သည်။
ယ္ခုကဲ့သို့ ဆက်သွယ်မှုများပြတ်တောက်ရခြင်းအပေါ် အလွန်စိုးရိမ်ပူပန်မှုသံသယများ ဖြစ်ရကြောင်းပြည်တွင်းမီဒီယာမှပြောပြသည်။
မတ်လ(၃၁) ရက်ညတွင် ကော့မှူးမြို့နယ် ဝါးသိင်္ခရွာသို့ အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ခေါင်းဆောင် မနက်ဖြန်ရွေးကောက်ပွဲအတွက် သွားရောက်ညအိပ်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သန်းကောင်စာရင်းသွင်းထားဝါးသိင်္ခကျေးရွာရှိ ကရင်မိသားစုနေအိမ်။

No comments :