Tuesday 20 March 2012

ရွှေတိဂုံဘုရားဆောင်းတန်း ကို တနှစ်ပိတ်ထားမည်ဟုဆိုခြင်း


ရွှေတိဂုံ စေတီတော်ရှိ စက်လှေကား ၆စီးအား တစ်နှစ်ခန့် ပိတ်ထားမည် "



ရွှေတိဂုံ စေတီတော် အနောက်ဘက် မုခ်မှာရှိတဲ့ စက်လှေကား ၆ စီးကို လက်ရှိမှာ ခေတ္တ ပိတ်ထားပြီး အဲ့ဒီလို ပိတ်ထားမှုဟာ တစ်နှစ်ခန့်ကြာမြင့်မှာ

ဖြစ်တယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့က သိရပါတယ်။ ဒီလို ပိတ်ထား တာဟာ အဆိုပါ စက်လှေကား တွေကို အသစ်ပြန်လည် တပ်ဆင် မှာကြောင့် ဖြစ်ပါတယ်။ ရွှေတိဂုံ စေတီတော်မှာ အရင်က တပ်ဆင် ထားတဲ့ စက်လှေကား တွေဟာ နှစ်ပေါင်းကြာ မြင့်နေတာကြောင့် စက်လှေကား စီးတဲ့အခါ တုန်ခါတာ၊ စက်လှေကား ညပ်တာတွေ ဖြစ်ပေါ်တာကြောင့် အခုလို အသစ် ပြန်လည် တပ်ဆင်ဖို့အတွက် စီစဉ်တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို အသစ် ပြန်လည် တပ်ဆင်မယ့် စက်လှေကား ၆ စီးကို ဂျပန်နိုင်ငံကနေ မှာယူ တင်သွင်း ထားတာ ဖြစ်ပြီး အမျိုးအစား ကတော့ မစ်ဆူဘီရှီ အမျိုးအစား ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စက်လှေကား တွေရဲ့ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၅ သိန်း ၁ သောင်း ကုန်ကျမှာ ဖြစ်ပြီး SPA Co.,Ltd က တာဝန်ယူ ဆောက်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments :