Thursday 15 March 2012

ဖေ့စ်ဘုတ်တွေက ပြောနေတဲ့ ကိုသိမ်းဆွေ ငှက်ပျောရွက်နဲ့ ထမင်းစားခြင်းအကြောင်း

အဘ ဥက္ကာကိုကို ထမင်းငုံ့စားနေတဲ့ လည်ကတုံးအင်္ကျီအဖြူနဲ့ (ယာ) သူဟာ အန်အယ်ဒီ ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးသိမ်းဆွေ ဖြစ်ပါတယ်။

ပြည်သူကြားထဲ ကြုံသလိုဖြစ်သလိုပါပဲ။ ဆင်းရဲသားလူတန်းစားများပြားတဲ့ နိုင်ငံမှာ ခေါင်းဆောင်တယောက်အနေနဲ့ အ ခွင့်ထူးခံလို မသတ်မှတ်ဘဲ အခြေခံအနေနဲ့ တသားတည်းကျဖို့ လိုပါတယ်။

Suwen Myanmar အဘကျနော်စော်ကားတာတော့ မဟုတ်ဘူး။ အမတ်ဖြစ်ရင်လဲ အဲလိုဘဲနေပြိး ပြည်သူရှေ့မှာ မား မတ်စွာ ရပ်တည်နိုင်ပါစေလို့ ဆုတောင်တယ်ဗျာ၊ ဘာလိုလဲဆိုတော့ ခုလွတ်တော်တွေက မရခင်ကတော့ ဘာလေ ညာ လေ၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ်တဲ့ လွတ်တော်ထဲရောက်တော့ ဟုတ်ကဲ့တွေ များနေတယ်လေ။

အဘ ဥက္ကာကိုကို သူရွေးချယ်ပေးထားတဲ့ အမတ်လောင်းတယောက်ဟာ ပြည်သူ့မျက်နှာမကြည့်ဘဲ ထင်ရာစိုင်းနေမယ် ဆိုရင် သူကိုယ်တိုင် အရေးယူသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တလျှောက်လုံး ကတိပေးနေခဲ့ပါတယ်။

Don Steve Evergreen ငါဆိုရင်တော့ ထမင်းကို အဲလို စားတတ်တဲ့ သူကို NLD မကလို့ သူ့ ဘိုးအေပဲ ဖြစ်ဖြစ် မဲမပေး ဘူး။

Mgneoyoung Shwe ပြည်သူတွေနဲ့ တသားတည်းနေပြတာပါ။

Thant Zaw ကြံဖွတ်ကအမတ်တွေဆိုရင် ဒီလိုထမင်းပွဲမျိုးကို စိတ်ကူးထဲတောင် ထဲ့မှာမဟုတ်ဘူး။

SuwenMyanmar အင် သူပြောတာလဲ မှန်တာဘဲနော် အဲလိုစားနေလို့ရင် ဘယ်လိုလုပ် နိုင်ငံတကားအဆင့်တွေ သတင်း တွေ သိမှာလဲနော် တကယ်တော့ အဘတို့က အမတ်တွေဖြစ်သင့်တယ်နော် အိုင်တီခေတ်ကိုတော့ အဘအမတတ်ဖြစ် ရင် ကောင်းအောင်လုပ်ပေးနော်။

Min Thuyein ဒီလို ပြည်သူတွေနဲ့ တတန်းတဲစားလို့ ၀မ်းသာတယ်ဗျာ ..

Don Steve Evergreen တကယ်တော့ လူကို ဦးဆောင်မဲ့ အမတ်လောင်းက နဲနဲတော့ အဆင့်ရှိရှိ နေပြဖို့လိုတာပေါ့။ ဘဲ့နှယ် ခြေနင်းဖတ်မှာ ငှက်ပျောရွက်ခင်းပြီး လက်နဲ့စားရတယ်လို့။ ပဲ့လိုက်တာ

Aung Pyae ဘာဘဲ ပြောပြော.. အန်တီစုခရီးစဉ်၊ ကိုသိမ်းဆွေရဲ့ ဖျာပုံလမ်းကြောင်းကို ဓါတ်ပုံလိုက်ရိုက်ရတာ အစဉ်အ ပြေဆုံးပဲ။

Min Thuyein အင်း .. ခင်ဗျာ တော်တော်လေးကို ဗဟုသုတ နည်းတာပဲကို၊ ဟိန္ဒူတွေက အဲလိုမျိုး ကျွေးတာဗျ။ သူတို့တောင် စားနိုင်သေးတာ ကျနော်တို့က ဘာမို့လို့ မစားနိုင်ရတာလဲ။

Min Thuyein ဒီဟာကို ရွံတယ်ဆိုရင် ဟိန္ဒူတွေကို စော်ကားတာပဲ။

Min Thuyein ကျနော်တို့ မြန်မာလူမျိုးဟာ နှီးဒေါင်းလံထဲ ထမင်းထည့်ပြီး ၃၊ ၄ ယောက် အတူတူစားကြတယ်။ ဟိန္ဒူ တွေက တန်းစီပြီး ငှက်ပျောရွက်ခင်းပြီး ထမင်းစားကြတယ်။ မူစလင်တွေက ကြမ်းပြင်မှာ အခင်းခင်းပြီး ထမင်းအတူတူ စားကြတယ်။ သူတို့ ဘာသာဓလေ့ထုံးစံအရ ဇွန်းကို ညာဘက်နဲ့ပဲ ကိုင်ရတယ်။ မသိတဲ့လူအတွက် ရွံစရာလို့ထင်ရပါ တယ်။ ဒါတွေဟာ လူမျိုးတစုရဲ့  ရိုးရာဓလေ့ပါ။

Don Steve Evergreen ဟိန္ဒူစာကြိုက်ပါတယ်။ ဒါပေမဲ့ ဒီလို ကြမ်းပေါမှာ ချစားတာတော့ တခါမှ မတွေ့ဖူးတာ အမှန်ပါ။

Lay Moe အဲဒီ အမတ်လောင်းက ဟိန္ဒူလား.. သူ့နောက်မှာလဲ စားပွဲဝိုင်းလေးတွေ့တယ်နော်။

Heinn Bass Don Steve Evergreen ရေ… ဘာတုန်းဟ.. ပဲ့လိုက်တာတွေရော.. မဲမပေးဘူးတွေရော… ဒီပုံရဲ့ခေါင်းစဉ် မှာ…ပဲ့မပဲ့ ဆုံးဖြတ်ပေးကြပါတို့ …မဲပေးကြပါ တို့.. ရေးထားလို့လား..။ ခင်ဗျားသင်ခဲ့ရတဲ့ ပညာတွေထဲမှာ… မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတဲ့ သာသာရပ် မပါခဲ့တာကိုတော့ ကျနော်သတိပြုမိလိုက်တယ်ဗျာ။

Zaw Myo Htet အဲဒီလိုကောင်မျိုးပေါ့ မြေပြင်အထက် တလက်မလောက်လွတ်တာနှင့် ကို့ဖင်ကချီးနံ့ကင်းပြီလို့ ထင်နေ တဲ့ ကောင်။

Ye Htet Aung လေးစားပါတယ်။ ငှက်ပျောရွက်နဲ့ စားတာကိုလည်း သိပ်ချီးကျူးမိတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရာ ရောက်ပါတယ်။

ဓါတ်ပုံ – Sayar Yokesoe

(အဘ ဥက္ကာကိုကို ဖေ့စ်ဘုတ်မှ စုစည်းတင်ဆက်သည်)

1 comment :

ကိုကိုခိုင် said...

အမေရိက က တချို့ အာရှစားသောက်ဆိုင် - အထူးသဖြင့် ဖီလီပီနို စားသောက်ဆိုင်မှာ- ငှက်ပျော်ရွက် နဲ့ ခင်းပြီးစားရတဲ့ ဆိုင်တွေရှိတယ်.. တခုတ်တရ လုပ်ရတဲ့အတွက် အင်မတန် ဈေးကြီးတယ်.. အခု ဒီပုဂ္ဂိုလ် ကြီး စားနေတဲ့ ငှက်ပျောရွက်ကလည်း တိတိရိရိဖြတ် သေသေချာချာ လုပ်ထားတာဖြစ်တယ်.. ဖေါ့ဘူး.. တစ်ခါသုံး ပလပ်စတစ်ပန်းကန် နဲ့ စားတာထက်စာရင် ငှက်ပျောရွက်က ပါတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူတောင်ပြုသေးတယ်.. လဒူတွေ အထူးသဖြင့် မြန်မာအိပ်ပရက်စ် က ကောင်တွေက ချီးဘရိန်း နဲ့ လျှောက်အော်နေတာ.. ငှက်ပျောရွက်နဲ့ စားခြင်းဟာ.. ခိုးစားတဲ့ လူကြီးတွေထက် မြင့်မြတ်တယ်..