Friday 16 March 2012

စစ်တပ်က ပြည်သူတဦး အိမ်ကို မီးရှို့  သိမ်းဆည်း


မြန်မာနိုင်ငံ
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့်
၁၃၇၃ ခုနှစ်၊ တပေါင်းလဆုတ် ၈ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မတ်လ ( ၁၅ ) ရက် )

မိတ္ထီလာ မြို့နယ်သီးကုန်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၆/၃)အရှေ့ဘက် ပေ (၁၅၀၀)ကျော်ခန့်အကွာ ကျောက်ပန်းတောင်း မိတ္ထီလာလမ်း၏ မြောက်ဘက် နေရာတွင် ဖွင့်လှစ်ထားသော ဦးမင်းသူပိုင်ဆိုင်သည့် ဆုံပွိုင့် ထမင်းဆိုင်အား လမ်းဖွင့်လှစ်ရန် ဟုအကြောင်းပြကာ တပ်မတော် ၉၆၇ GE တပ်မှဗိုလ်မှူး အောင်နိုင်ဝင်း၏ အမိန့်ဖြင့်လက်အောက်မှ တပ်မတော်သား များက (၂၈.၁၂.၂၀၁၀) ရက်နေ့ည (၁၁) နာရီ (၁၅) မိနစ်တွင် မီးရှို့ ဖျက်ဆီးခဲ့သည်။ မီးလောင်နေစဉ် ဘူဒိုဇာ (ဘက်ဖိုး) ကားကြီးဖြင့် ဖျက်ဆီးခဲ့သည်။ ဆိုင်အတွင်း၌ အလုပ်သမားနှစ်ဦး အိပ်နေသည်ကို သိသိနှင့် တပ်မတော်သားများမှ မီးရှို့ဖျက်ဆီးခဲ့သည်။အလုပ်သမားနှစ်ဦးသည် အသက်ဘေးမှ လွတ်မြောက်အောင် ရုန်းကန်ထွက်ပြေးခဲ့ရသည်။ မီးရှို့နေစဉ်တွင် တပ်မတော်သားများနှင့်အတူ မယက-ရရက အဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။ မီးလောင်ဖျက်ဆီးနေမှူ့ မြင်ကွင်းကို တပ်မတော်အရာရှိများနှင့် မယက-ရရက များက ၀မ်းသာရယ်မောစွာ ကြည့်ရှု့ နေကြသည်။ ဖျက်ဆီးပြီးနောက် ဆိုင်ဖျက်ဆီးခွင့်ကို သိရှိကြောင်း အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခဲ့ပါသည်။ ဗိုလ်မှူးအောင်နိုင်ဝင်း (လမ်းပိုင်းတာဝန်ခံ) ၊ ဒုအရာခံဗိုလ် ဆန်းဝင်း ၊ တပ်ကြပ် စိုးဝင်းဌေး တို့ကို ဆိုင်ရှင်မှ အသနားခံစာတင်ချိန်တွင် တပ်ကြပ်စိုးဝင်းဌေးအား ဆိုင်ဖျက်ဆီး မီးရှို့သူအားမေးသော် တပ်ကြပ်စိုးဝင်းဌေးမှ ဗိုလ်မှူးအောင်နိုင်ဝင်း ၏ ကားကိုလက်ညှိုးထိုးပြ ခဲ့ပါသည်။ အသနားခံစာ ကိုလည်း တပ်ကြပ်စိုးဝင်းဌေးထံသို့ တစ်ဆင့်တင်ခဲ့ရသည်။ သင်္ကြန်ပြီးချိန်တွင် တပ်ကြပ်စိုးဝင်းဌေးမှ ငါ့ကိုကြောက်ရဲ့လားဟု မေးမြန်းခဲ့ပါသည်။ ဆိုင်ဖျက်ဆီးခံရပြီး နောက်ပိုင်း ဆိုင်တွင်းပစ္စည်းများ တစ်ခုမှပြန်လည်မရရှိခဲ့ပါ ဆုံးရှုံးပျက်စီးခဲ့ပါသည်။ ၎င်းဆိုင်ကို ဖျက်ဆီးမီးရှို့ခြင်း မခံရမီ လေးလအကြာမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုဆိုင်တည်ရှိစဉ်ကာလက တပ်မှလာရောက်သည့် ပုဂ္ဂိုလ်များကို အခမဲ့ကျွေးမွေးပြုစုခဲ့ရပြီး ဗိုလ်မှူးနိုင်အောင်ဝင်း၏ လက်အောက်တပ်ဖွဲ့ဝင် (၆၀) မှ (၉၀) ဦးခန့်ကိုလည်း မကြာခဏ ကျွေးမွေးပြုစုခဲ့ရပါသည်။ မီးလောင်တိုက် အသွင်းခံရ သည့်မြေကို တပ်မတော်သားများမှ ကျွန်းပင်များစိုက်ခဲ့ပျိုးပြီး မြေနေရာကို သိမ်းဆည်းထားခဲ့သည်။ယခုထိုမြေကွက်မှ ကျွန်းပင်များရှင်သန်ကြီးထွား မှုကိုမတွေ့ရပေ။၎င်းအဖြစ်အပျက်မှာ မိတ္ထီလာမြို့တွင် သတင်း ကြီးခဲ့သော်လည်း မီးရှို့ ဖျက်ဆီးသူများကို အရေး ယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ဆုံးရှုံးနစ်နာမှု့ကြေးကိုလည်း ဆိုင်ရှင်များမှ မရရှိခဲ့ပါ။

မှတ်ချက်။ ။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်များနှင့် ပြည်သူလူထုကြီးထံမှ ပေးပို့လာသောသတင်းများကိုတစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေဆပ်ကော်မတီ
(၁၅.၃.၂၀၁၂)

No comments :