မတ်လ ၁၆ ရက်၊၂၀၁၂
လေးစားအပ်ပါသော
တိုက်ပွဲဝင်ညီအကိုတော်မောင်နှမအပေါင်းတို
့ခင်ဗျား
ကျနော်မိုးသီးဇွန်
နှုတ်ခွန်းဆက်ပါတယ်။
တံတားနီနေ
့ကတော့ ကျနော်တို့ သမိုင်းမှာ အကြီးမားဆုံးသော သွေးမြေကျ
တိုက်ပွဲဝင်တဲ့
အာဏာရှင်ဆန် ကျင်ရေး နေ့  ကြီးဖြစ်ပါတယ်။ တံတာနီမှာ
သွေးမြေကျ၊
ဖမ်းဆီးခံသွားရတဲ့အာဇာနည် ၁၄၃ ယောက်ကို ဂုဏ်ပြုသောအားဖြင့်
ဒီနေ့ ကို
မြန်မာ့ ဒီမိုကရေစီနေ့ လို့ ကျနော် ဂုဏ်ပြုချင်ပါတယ်။
ကျနော်မှတ်မိသေးတယ်။
ဒီနေ့  နံနက်ခင်းဟာ ဘ၀မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနေ
့။
ဘ၀မှာမျော်လင့်ချက်အကြီးမားဆုံးဖြစ်ခဲ့ရတဲ့နေ
့။
ကျနော်တို
့ ဘ၀ မှာ အသံတိတ်ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရတဲ့နေ့ ။
အဲဒီနေ့ က
ည ဟာ ခါတိုင်းညနေတွေထက်တိတ်ဆိတ်ခဲ့တဲ့ည ။
ဒီနေ့ မှာပဲ
ကျနော်တို့ ခင်ဗျားတို့  အခိုင်မာဆုံး
သံဓိဌာန်တခုကို
ကိုယ်စီချခဲ့ကြတယ်။
ချစ်စွာသောမိတ်ဆွေတို
့ရေ ။
မှတ်မိသေးတယ်နော်။
ဒီနေ့ မှာ
ကျနော်တို့ ခင်ဗျားတို့ ရဲ့  အဖိုးတန်လှတဲ့သူငယ်ချင်း
၁၄၃
ယောက်ဟာ လူမသမာသူတွေရဲ
ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီး တာကို ခံခဲ့
ကြရတယ်။
ခရစ်တော်ဟာ
လက်ဝါးကပ်တိုင်မှာလူသားတွေအားလုံးရဲ့ ဒုကတွေကို
ကိုယ်စားပြုခဲ့သလိုပါပဲ။
သူတို့ ဟာ
အာဏာရှင်စနစ်အောက်မှာ မွတ်ကြပ်နေတဲ့
ပြည်သူသန်းပေါင်းများစွာရှိနေတယ်ဆိုတာကို
အသားတင်ယျဉ်ထဲမှာ မွန်းကြပ်
စွာစတေးပြခဲ့ကြတယ်။
လူအဖွဲ့ စည်းတခုလုံးဟာ
အဏာရှင်စနစ်အောက်မှာလူမဆန်စွာ
ညင်းပန်းသတ်ဖြတ်ခံနေရ တာကိုသူတို့
သက်သေပြခဲ့တယ်။
စစ်အဏာရှင်စနစ်အောက်မှာ
အမှောင်အတိကျနေတဲ့ပြည်သူတွေရဲ
့ဘ၀တွေအတွက် အလှဆုံးအင်းလျား ရေပြင်မှာ
သူတို့ 
မျော်မြူးနိင်ရဲ့  အင်လျားရဲ့  အမှောင်ဆုံး နေရာမှာသူတို
့ဝိညဉ်ကို
အိပ်စက်ပြခဲ့ကြတယ်။
မတ်လ ၁၃ ရက်နေ
့မှာ စက်မှုတကသိုလ်ကျောင်းသား
ကိုဖုန်းမော်၊ကိုစိုးနိင်တို
့ကိုလုံထိမ်းတွေက ပြစ်သတ်ခဲ့တယ်။
ဒီမတရားမှုကြီးကိုဆန်ကျင်ဖို
့
အတွက် ရန်ကုန်တကသိုလ်ကျောင်းသားကျောင်းသူ
တွေဟာ
အာဏာရှင်ရဲ့လုပ်ရပ်ကို
ကန် ကွက် ခဲ့တယ်။ ချီတက်ဆနပြခဲ့ကြတယ်။
သူတို့ ဟာ နိင်ငံရေးအသိတရားနဲ့ ချီတက်ခဲ့တယ်။
သူတို့ ဟာ
သွေးစည်းညီညွတ်မှု ကို ပြခဲ့တယ်။ ငါဒို့ သေနိင်တယ်သိရက်နဲ့ 
ချီတက်ကြွေးကြော်ခဲ့ကြတယ်။ ရဲ ဘော်ယောဟန်အောင်ရေးတဲ့ သေတမ်းစာဆိုတဲ့
ကဗျာ ထဲက
အလင်းကိုပေးဖို့
ထင်းဟာမီးကို
စားသလိုပေါ့။
အားလုံးကို
လင်းဖို့
ဒို့ အသက်တွေ
ရင်းခဲ့ ရတယ်လေ။
ဆိုတဲ့ ကဗျာလိုပဲ။ အာဏာရှင်စနစ်အောက်က အဖိနိပ်ခံပြည်သူတွေ လွတ်မြောက်ဖို
့
သူတို့ 
အသက်ပေးဆပ်ခဲ့ကြရတယ်။ ဒီပေးဆပ်မှုတွေဟာ အချည်းနှီးမဖြစ်ခဲ့ဘူး။သူတို့ မသေပါဘူး။ သူတို
့ရှင်သန်နေပါတယ်။ သူတို့  ရဲ့ စွန့် လွှတ်မှုက
အချည်းနှီးမဖြစ်ခဲ့ပါဘူး။
နိင်ငံသားတိုင်းမှာ
ဟာလွတ်လပ်စွာ ထုတ်ဖေါ်ခွင့်၊ ပြောဆိုခွင့်၊
ဆနပြခွင့်ရှိရမယ်ဆိုတာတွေကို
သူတို့ ပြသခဲ့တာဖြစ်တယ်။
ဒီနိင်ငံမှာဒီမိုကရေစီနဲ့လူအခွင့်အရေးတွေရှိ
စေရမယ် လို့ သူတို
့သက်သေထူခဲ့ကြတယ်။
လမ်းပြ ခဲ့တယ်။
ဒီလမ်းကို ကျနော်တို့ လျောက်နေပါပြီ။
သူတို့ ဝိညဉ်တွေက
ကောင်းချီးပေးနေမှာပဲ။ ၀ိညဉ်တို့ ရဲ့  နိးထကြပါလော့။
ကျနော်တို
့ကိုယ် နိက် တည်ရှိပါလော့။
ဒီမိုကရေစီရရှိရေး၊
လူအခွင့်အရေးတွေ ရရှိရေးအတွက် ကျနော်တို
့အစွမ်းကုန်ဆက်လက်ကြိုးပန်းကြပါမယ်လို
့သံဓိဌာန်ပြုလိုက်ပါတယ်ရဲဘော်တို
့ ။ တမလွန်က နေ သာဓုခေါ်ပါလော့။
မိုးသီးဇွန်
ဥက္ကဌ
ဒီမိုကရေစီမဟာမိတ်များအဖွဲ
့ချုပ်
မတ်လ ၁၆၊၂၀၁၂
No comments :
Post a Comment