Friday 16 March 2012

တရုတ် ပိုက်လိုင်း စီမံကိန်း က မြန်မာလူထုအပေါ်ကျူးကျော်စောကားမှု




မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ပေါ်အမှတ်(၃)ရပ်ကွက်တွင်တရုတ်-မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းမှတရုတ်လူမျိုးအမည်မသိသူအချို့ကအိမ်၅အိမ်ပေါ်သို့ညအချိန်မတော်အိမ်ကျော်နင်းဝင်ရောက်မှု ဖြစ်ပွားနေသောကြောင့် အရေးယူပေးရန်သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု အဆိုပါအိမ်များကဆိုသည်။
အမည်မသိနိုင်ငံခြားသားတရုတ်အချို့သည်အိမ်ကျော်နင်းဝင်ရောက်မှုကိုအကြိမ်ကြိမ်ချိုးဖောက်နေပြီး ဖိနပ်များပင်အိမ်ပေါ်တွင်ကျန်ခဲ့သည်။အဆိုပါကိစ္စကိုမြို့နယ်အုပ်ချုပ်ရေးမှုးနှင့်ရဲစခန်းသို့တင်ပြတိုင်ကြားသော်လည်းယခုတိုင်တရုတ်များအားအရေးယူခြင်းမပြုသေးဘဲတရုတ်များဆက်လက်ကျူးကျော်နေသည်ဆိုသည်။ယင်းကိစ္စကြောင့်အမှတ်၃ရပ်ကွက်မှဦးအောင်ကျော်ငွေ၊ဦးကျော်ကျော်၊ဦးသန်းဇော်ထွန်း နှင့် ဒေါ်မြင့်မြင့်စိန်တို့က အိမ်ကျော်နင်းဝင်ရောက်သည့်တရုတ်များအားလိုအပ်သလိုရေးယူပေးရန်တင်ပြထားကြသည်။
တရုတ်များအချိန်မတော်အိမ်ကျော်နင်းဝင်ရောက်နေမှုကိုအဆိုပါရပ်ကွက်မှအိမ်နီးချင်းများစုပေါင်း၍ လေးဂွ၊ တုတ်၊ ခဲတို့ဖြင့် ခြောက်လှန့်ပစ်ပေါက်နေရကြောင်း အိမ်ရှင်အချို့ကပြောသည်။
True News

1 comment :

Anonymous said...

LOOKS LIKE MYANMAR GOT HEART (FAILURE) ATTACKS AND GOT STITCHES THROUGH THE CHEST. HOPE THIS IS NOT THE THIRD TIME.