Saturday 17 March 2012


အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အကျဉ်းသား ဝတ်စုံနှင့် သံခြေကျင်းကို ဝတ်ဆင်ပြီး တကိုယ်တော် ဆန္ဒထုတ်ဖော်နေသည့် ဘိုကလေးမြို့မှ ဦးအောင်မြင့်သည် မနေ့ မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ကို ရောက်ရှိလာစဉ် နေ့လည် ၃း၀၀ နာရီအချိန်မှာ အာဏာပိုင်တွေက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရရှိပါသည်။ သူနှင့်အတူ သမီးဖြစ်သူ မနှင်းထက်ထက်အောင် ကိုပါ တပါတည်းခေါ်ဆောင်သွားသည်ဟု သိရပါသည်။

       ( ဦးအောင်မြင့်  အကျီအပြာရောင် ) 

နောက်ဆက်တွဲ သိရသည့် သတင်းအရ ဦးအောင်မြင့်အား ဒီကနေ့ ရွာသာကြီးမှာရှိတဲ့ စိတ္တဇဆေးရုံကို ပို့ဆောင်လိုက်ပြီး မတ်လ ၁၉ ရက်နေ့ လာမည့် တနင်္လာနေ့တွင် ဆေးရုံမှ ဆရာဝန်တွေ အစည်းအဝေးထိုင်ပြီး စိတ်ကျန်းမာရေးနှင့် ပတ်သတ်၍ ဆုံးဖြတ်ချက် ချမည်ဟု သိရပါသည်။ ဦးအောင်မြင့် နှင့် အတူ ဖမ်းဆီးခံလိုက်ရသည့် သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကိုတော့ နေ့လယ်ပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါသည်။

No comments :