Saturday 17 March 2012

ကြံ့ဖွတ်ဦးအောင်သောင်း၏မနာလိုမရှုစိမ့်တဲ့ အင်တာဗျူးကို မြတ်ခိုင်ရဲ့ဂျာနယ်တွင်ဖေါ်ပြ

ယနေ့ထုတ်လျှပ်တပြက်ဂျာနယ်မှာကြံ့ဖွတ်ဝန်ကြီးဦးအောင်သောင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးများအတွင်းမှာ ရောက်လေရာမြို့၊ကျေးလက်ဒေသများမှ ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြ တခဲနက် ကြိုဆိုကြခြင်းအပေါ်ကို ဝေဖန်တိုက်ခိုက်ပြောဆိုခဲ့သည်။

မြတ်ခိုင် ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီးမဲဆွယ်နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ

အောင်သောင်း ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။ အရှေ့အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သုက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ Image ကောင်းအောင်ပေါ့ဗျာ။ ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လိုလွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ ဘယ်လောက် ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူကို မဲပေးမယ်လို့ ပြောလို့မရပါဘူး။ ဟုတ်လား။ ဘယ်သူ့မဲပေးမယ်လို့လည်း ဒီမှာ သိပ်ဆုံးဖြတ်လို့မရပါဘူး။ တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူးဆိုတာတွေက ဘာကတိမှလည်းမပေးနိုင်ဘူးဆိုတာတွေက ကတိပေးထားတဲ့သူတွေကိုသရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့သူတွေကို ကိုယ်မလုပ် နိုင်လိုဝေဖန်တဲ့သဘောလေးလည်းဆောင်တယ်။ တကယ်တမ်းကတော့ ဒါကမလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက်လုပ်ပေးတာ ကောင်းတယ်ဆိုတာမျိုးပဲပြောရမှာ။ ပြည်သူ့ အတွက် လုပ်ပေးတာမကောင်းဘူးလို့ပြောလာတာတွေက ဒီနိုင်ငံရေးအဓိပ္ပာယ်ကို ကျွန်တော်လည်း နားမလည်ပါဘူး။ ဘာဖြစ်လို့ပြောတာလည်းဆိုတာ ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့ အဲ့ဒီအဆင့်မမီဘူး။ ဒီတော့ ဒီမိုကရေစီလိုလားတယ်။ နောက်ပြီတော့မှ တရားဥပဒေ စိုးမိုးရေးလိုလားတယ်လို့ အကြိမ်ကြိမ် နေရာတိုင်မှာပြောတယ်။ တကယ့် လက်တွေ့မှာ သူတို့သွားတာ လာတာတွေ အားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ်လိုက်နာလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာ ပြန်ဆန်းစစ်လိုက်ရင်သိတယ်။ တိတိကျကျတော့ မပြောလိုပါဘူး။ 
(လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ ၃ အမှတ် ၈၀ မှ)

လျှပ်တပြက်ဂျာနယ်တည်ထောင်သူ မြတ်ခိုင်ဟာအဝါရောင်သတင်းသမားအဖြစ်ကျော်ကြားသူတဦးဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏လူယုံတဦးလည်းဖြစ်သည်။
အဆိုပါဂျာနယ်အင်တာဗျူးအပြည့်အစုံကို မကြာခင်တင်ဆက်ပေးမည်။

3 comments :

Anonymous said...

SAY NO TO MYAT KAING AND HIS JOURNAL. AUNG THAUNG IS THE ENEMY OF MYANMAR PEOPLE! AND MYAT KHAING IS THE SAME.

Anonymous said...

ဒီလုကြီးကိုအစကသိပ်အမြင်မကတ်ဘူး.. ဘာလို့ ဆိုတော့သူ့ ရဲ့ နှုတ်ကနေထွက်တဲ့စကား ကိုယ်တိုင်နားနဲ့ စပ်စပ်မကြားဘူးလို့ .. အခုသူ့ အပြောတွေက ကိုလူယုတ်မာဇာတိပြနေတော့တာဘဲ.. လူထုကိုအထင်သေးစကားပြောတာကြည့်.. လူတွေကခေါ်ရင်ရတာဘဲဆိုတာ.. သူတို့ တောက်လျှောက် လုပ်လာတာတွေလေ.. မနာလိုဝန်တိုစိတ်ကအထင်းသားပေါ်နေတယ်..ဩော်..လူယုတ်မာဆိုတာ.. ဒါမျိုးကိုး...

Anonymous said...

ခွေးမသား အောင်သောင်း! မသိရင် အမေစုကပဲ လုထုအုံကြွ မှုဖြစ်အောင်လုပ် နေသလိုလို ပြောသွားသေးတယ်။ မင်တို့က အဲဒီလို ပြန်ဖြစ် စေချင်နေတာ မသိဘူးမှတ် နေလား။ ဒီတခါ လုထုအုံကြွ မှုဖြစ်ရင် မင်းရဲ့ခေါင်းကို ငါတို့အရင်ဆုံးလာ ဖြတ်မယ်။ ခွေးမသားကြီး ခွေးလိုဝက်လိုမ သေချင်ရင် စကားကို ကြည်ဖြေ။