Tuesday 3 April 2012

တောင်အဖရိကနိုင်ငံမှ လေယာဉ်ဟောင်း၂စီး မြန်မာ့လေကြောင်းမှဝယ်ယူ။


မြန်မာ့လေကြောင်းလိုင်းမှ တစီးလျင် ဒေါ်လာ ၄သန်းတန်သော Beech 1900D အမျိုးအစား ခရီးသည်(၁၉)ဦးတင်ဆောင်နိုင်သည့် လေယာဉ်ဟောင်း ၂စီးကို တောင်အဖရိကနိုင်ငံလန့်ဆီးယားမြို့မှ ဝယ်ယူခဲ့သည်။ ပထမတစီးသည် မတ်လ(၃၁)ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပြီး ကျန်တစီးမှာ ဧပြီလအတွင်းရောက်ရှိမည်ဖြစ်သည်။
Beech 1900D အမျိုးအစားလေယာဉ်များကို ၁၉၃၇ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာအသုံးပြုမှုအတွက်အသုံးပြုခဲ့သည်။နောက်ပိုင်းအရပ်ဘက်အသုံးပြုမှုအတွက်ပါ ထုတ်လုပ်ခဲ့သည်။ ၂၀၀၂ခုနှစ်ထုတ်လေယာဉ်တစီး၏ တန်ဖိုးမှာ ဒေါ်လာ၎.၉၉၅ တန်ဖိုးသာရှိသော်လည်း ယ္ခုမြန်မာအစိုးရဝယ်ယူခဲ့သော ၁၉၈၇ခုနှစ်ထုတ်ဟု ခန့်မှန်းရပြီး ပေးချေရသည့် ဒေါ်လာ၎သန်းမှာ အလွန်များပြားသည်ဟု မြန်မာ့လေကြောင်းအသိုင်းအဝိုင်းတွင်ပြောဆိုနေသည်။ လေယာဉ်ဝယ်ယူရာတွင် တာဝန်ယူခဲ့ရသည့် အရာရှိမှာအနည်းဆုံးဒေါ်လာ(၅)သိန်းခန့် ပွဲစားခအဖြစ် ရရှိမည်ဟုသိရသည်။ မြန်မာ့စစ်အစိုးရလက်ထက်အဆက်ဆက်တွင် ထိုသို့ နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံပိုင်အတွက်ပစ္စည်းမျိုးစုံ ဝယ်ယူရာတွင် အစိုးရအရာရှိကြီးများမှာ ပွဲစားခမတန်တဆရရှိကြပြီး ဝယ်ယူလာသော အရပ်ဘက်၊စစ်ဘက် ပစ္စည်းများမှာ တပါတ်ရစ်အဟောင်းများသာဖြစ်သည်။

No comments :