Monday 2 April 2012

မီးပူဖြင့် အကပ်ခံရသော အသက် (၁၅) နှစ်အရွယ် အိမ်ဖော်မလေး

၂၅၊ ၃၊ ၂၀၁၂ ရက်နေ့ ည (၁၂) နာရီခန့်တွင် ပဲခူးတိုင်းဒေသကီး၊ ပဲခူးမိုဥဿာမိုသစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေ ဇလမ်း၊ ပဲခူးတိုင်းဒေသကီး၊ လွှတ်တော်ဥက္က ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူြး ဒုတိယမိုနယ်တရားသူကီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက် (၁၅) နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပီး မီးပူဖြင့် ထိုးကပ်တာခံခဲ့ရကြောင်း သိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှမပြောပြရန်အမျိုမျိုခိမ်းခြောက်
ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ် ရာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများကတွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်း
ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမိုနယ်တရားသူကီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူတိုက်တာကြာ တယ်၊ မီတာခကုန်တယ်ဆိုပီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါ တယ်၊

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ် သူမှာ ပဲခူးတိုင်းဒေသကီး လွှတ်တော်ဥက္က ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမို၊ ဒုတိယမို့ နယ် တရားသူကီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပီး ယခုအချိန်ထိ အမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ (ကွယ်လွန်) သွား ပီးဖြစ်ပီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကီး ကျောက်ကီးမို၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမို၊ ဥဿာမိုသစ်၊ အမှတ် (၇) ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင်အိမ်ဖော်အလုပ်လာ လုပ်သော အသက် (၁၅) နှစ်အရွယ် မိန်းခလေးတဦး ဖြစ်ပါသည်။

Ko Aung Zaw Myint မှ ...

No comments :