Friday 6 April 2012

ပြည်တွင်းမီဒီယာတွေရဲ့အမေးကို ဖြေချင်သလိုဖြေနေကြတဲ့ဝန်ကြီးများရဲ့ အဖြေတွေထဲက ကောက်နုတ်တချို့။

Eleven Media Group မေး၊ ဦးခင်ရီဖြေ

မေး။    ။ နယ်စပ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေမှာ လာရောက်လုပ်ကိုင်ကြမယ့် ပြည်ပပညာရှင်တွေနဲ့ အလုပ်သမားတွေကို ဗီဇာ ချထားပေးတဲ့နေရာမှာ ဘယ်လောက်နေခွင့် ပေးပါသလဲ။

ဖြေ။     ဒါကတော့ ကျွန်တော်တို့ နယ်စပ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေမှာပေါ့။ ဒါနဲ့ ပတ်သက်လို့ ၀င်ချင်တယ်ဆိုရင် ပတ်သက်ရာ ၀န်ကြီး ဌာန၊ ဥပမာ ရေအားလျှပ်စစ်နဲ့ဝင်မယ်။ လျှပ်စစ်ဝန်ကြီးဌာနက approve offer ပေးရတယ်။ ၀င်တဲ့သူ ကို green card ဆိုတာပေးတယ်။ ကာလကရက်ပေါင်း ၉၀။ သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ အစိုးရအဖွဲ့ကိုတင်၊ အစိုးရအဖွဲ့ကနေမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို အကြောင်းကြားလိုက်။ ၀င်ခွင့်ပေးလိုက်တာပေါ့။ green card ဆိုတာပေးလိုက်တယ်။ အဲဒီမှာ အလုပ်တွေသွားလုပ်တာ ပေါ့။ extension ရှိပါတယ်။

မေး။     မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှာ တရုတ်နိုင်ငံသားတွေ လာရောက်လုပ်ကိုင်တာ ရှိပါတယ်။ အခု စီမံကိန်းရပ်တန့်ထားတယ် ဆိုပေမယ့် အဲ့ဒီတရုတ်နိုင်ငံသားတွေ ရှိနေတုန်းပဲလို့ သိရပါတယ်။ သူတို့ကို ဘယ်လိုမူဝါဒနဲ့ နေထိုင်ခွင့် ပြုထားတာပါလဲ။

ဖြေ။     ။ အဲဒါကတော့ ကျွန်တော်တို့ ၀န်ကြီးဌာန ကိစ္စသိပ်မဟုတ်ဘူးလေ။ ဒါကို လျှပ်စစ်ဝန်ကြီးဌာနက လုပ်တယ်ဆိုတော့ ရှိနေသလား၊ မရှိနေသလား သေသေချာချာ ဂဃနဏ ကျွန်တော်တို့ မသိပါဘူး။ ဒီဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ပြီးတော့ ကျွန်တော်တို့ကို အကြောင်း ကြားတာပဲရှိပါတယ်။
  Messenger News Journal မေး၊ ဦးအောင်မင်းဖြေ
ရန်ကုန်မြို့တော်ကိုအလှည့်ကျမီးပေးစနစ်မှ၂၄နာရီမီးပေးစနစ်သို့ ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ယနေ့ ရန်ကုန်မြို့ တွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ပြောကြားလိုက်သည်။

ဦးအောင်မင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာသတင်းမီဒီယာကို ရန်ကုန်မြို့၂၄နာရီမီးရစေမယ် လို့ပြောပေမယ့် တရက်ထဲမှာကျင်းပတဲ့ ရန်ကုန်မြို့လျှပ်စစ်ပေးရေးအဖွဲ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ဦးအောင်မင်း ပြောစကားကိုမဖြစ်နိုင်ကြောင်းပြော…………… 

 ထို့အပြင် မီရထားဝန်ကြီး ဦးအောင်မင်းက ဧပြီလ (၆)ရက်နေ့ ရန်ကုန်တွင် ပြောကြားခဲ့သည့် ရန်ကုန်မြို့တော်ကို ၂၄နာရီ မီးပြန်ပေးရန်ရှိသည် ဆိုသည့် စကားနှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်မရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော်လျှပ်စစ်ပေးရေးအဖွဲ့သတင်းစာရှင်းပွဲပြုလုပ်စဉ်။ (Photo- Thu Ra Myo)

ပြည်တွင်း ဂျာနယ်လစ်တစ်ဦးမှ အမှတ် (၁) လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည့် ပြည်တွင်း လျှပ်စစ်ပိုလျှံမှု ကြောင့်ပြည်ပကိုရောင်းစားခဲ့ရသည်ဟု လျှပ်စစ်ဝန်ကြီးပြောစကားနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က "ကျွန်တော် ပြည်ထောင်စုဝန်ကြီး တစ်ဦးအတွက် ဘာမှ ပြန်လည် ဖြေကြားဖို့ မရှိပါဘူး"ဟု ပြန်လည် ပြောကြားခဲ့သည်။ အဆိုမေးခွန်းကို သတင်းစာရှင်းလင်းပွဲမစမီ ဂျာနယ်လစ်တစ်ဦးမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးအဖွဲ့ အင်ဂျင်နီယာချုပ် ကိုမေးမြန်းခဲ့ရာ "ကျွန်တော် ၀န်ကြီးနဲ့ပတ်သက်ပြီး ဘာမှ ဖြေကြားစရာ မရှိပါဘူး။ ကျွန်တော် အသက် မေလကုန်ဆိုရင် ၆၀ ပြည့်ပါမယ်။ လုပ်သက် ၃၀ ကျော်ပါပြီ။ ပင်စင်ယူပါတော့မယ်။ အခုအချိန်အထိကျွန်တော့်ကိုလျှပ်စစ်ကွန်ယက်ကြီးတစ်ခုလုံးနဲ့ ပတ်သက်ပြီး သေသေချာချာ မသိသေးပါဘူး။"ဟု ဖြေကြားခဲ့ကြောင်း သိရပါသည်။
 ရန်ကုန်မြို့တော်လျှပ်စစ်ပေးရေးအင်ဂျင်နီယာချုပ်။ (Photo- Thu Ra Myo)

ပြည်တွင်းတွင် လုံလောက်မှု မရှိဘဲ ပြည်ပသို့ လျှပ်စစ်ဓါတ်အား ရောင်းချနေခြင်းနှင့် ပတ်သက်၍ The Messenger ဂျာနယ်က မေးမြန်းခဲ့ရာ လျှပ်စစ်ဓါတ်အားပေးရေးဘုတ်အဖွဲ့ ဥက္ကဌက ပြည်ပသို့ လျှပ်စစ်ဓါတ်အား ရောင်းချနေခြင်းများရှိသော်လည်း နိုင်ငံတော်အဆင့် သဘောတူစာချုပ်များဖြင့် ဆောင်ရွက်ရခြင်းကြောင့် ပြည်တွင်းတွင် လိုအပ်လာပါက ရောင်းချထားသော လျှပ်စစ်ဓါတ်အားများကို ပြည်လည်ဝယ်ယူရကြောင်း၊ ဥပမာအားဖြင့် ရွှေလီ ရေအားလျှပ်စစ်စီမံကိန်းမှ တရုတ်နိုင်ငံသို့ ရောင်းချထားသော်လည်း ပြန်တွင်းလိုအပ်ချက်အရ ပြန်လည်ဝယ်ယူနေရကြောင်း ဖြေကြားခဲ့သည်။

No comments :