Friday 6 April 2012

မိထ္ထီလာမှာ မဲပေးသူရဲ့ဆန္ဒမဲ(၁)သိန်းကျော်ပျောက်ဆုံးမှုကို ပြည်သူ့သတင်းထောက်တဦးကဖေါ်ထုတ်လိုက်ပြီ။


ဧပြီ ၁ ရက်နေ့နေ့ခင်းပိုင်း မဲရုံများအား လိုက်လံကြည့်ရှုနေသည့် ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန် (ဓါတ်ပုံ- YPI )
ကျတော် မိထ္ထီလာ မှာ သတင်းလိုက်တုန်းက အံသြစရာကောင်းတာ ၂၀၁၀ တုန်းက ၀င်ရောက်အရွေးခံတဲ့လူတစ်ယောက်က မီဒီယာနာမည်ခံပြီး မဲစာရင်းရေတွက်လို့မပြီးခင်မှာ ကြံခိုင်ရေးနိုင်ပြီဆို သူ့မီဒီယာကိုဖုန်းဆက်တယ်။အံသြတာ။ဒီမှာတောင် မဲ၁၀၇ ရုံ တောင်စစ်လို့မရောက်သေးဘူး ။ မဲရုံအားလုံးပေါင်းက အဲဒီနယ်မယ် ၂၇၈ ရုံရှိတယ်။

အဲဒီမတိုင်ခင် ခုဏက အော်တဲ့ မီဒီယာသမားက ကြယ်ဖြူပြာပါတီ(အမျိုးသား နိုင်ငံရေးမဟာမိတ်များဆိုင်ရာ အဖွဲ့ချုပ်)ကကိုယ်စားလှယ်ကို လိုက်မေးတယ် သူပြောတာဒီလို "ကျတော်သိထားသလောက် ဒီလောက် ဘာမှမသိဘဲထောင်ကျနေတဲ့သူတွေက လွှတ်တော်ထဲမှာ ဘာလုပ်နိုင်မှာလဲ၊ပညာတတ်တဲ့လူတွေသွားရမှမဟုတ်ဘူးလား "တဲ့ ။ နောက်သူတို့လက်ဘက်ရည်ဆိုင်သွားကြတယ် ။ ဟိုဘက်က" ပြောသွားတာ နယ်ခံဆိုတော့ မဟုတ်တာတော့ နာတယ် ။ဒါနဲ့ဟိုဘက်က အသာရနေပြီ"ဆိုပြီး နောက် သူတို့လက်ဘက်ရည်သောက်ဖို့ ဆိုင်ကယ်အတူစီး ဆင်းသွားလေရဲ့ ကျွန်တော့ကိုတော့လှမ်းခေါ်သွားပါသေးပါတယ်။ မလိုက်ဖြစ်ပါ ။လိုက်လည်းမလိုက်ချင်ပါ ။

ဒါနဲ့.. နောက် ခဏနေတော့ BBC က ဟစ်တယ်..မိထ္ထီလာမှာ ကြံခိုင်ရေးနိုင်သွားပြီ၊အဲဒီမတိုင်ခင်က the voice မှာနိုင်သွားပြီတက်တယ် တဲ့၊ အံသြတာ ဒီမှာ ကျွန်တော်မြင်နေတာ ကျွန်တော် စောင့်ကြည့်နေတာ မဲစာရွက်လာအပ်တဲ့ ကိုယ်စားလှယ်က မဲရုံ ၁၂၀ ဘဲရှိသေးတယ်။လက်ခံရမှာ မဲရုံပေါင်း ၂၇၈။
 "အမေစုမနိုင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မှာနော် "ဟု အော်နေသူတစ်ဦး။(Photo- Thu Ra Myo) 
။အဲဒီလို ရေဒီယိုအသံလွှင့်တာကြားပြီးနောက် မြို့ခံလူထုက ကော်မရှင်ရုံးကိုဝိုင်းတယ် ။ အော်ကြတယ်။ အမေစုမနိုင်လို့မဖြစ်ဘူး ။ ဒီတစ်ခါမရတော့ဘူးတဲ့ ။အဲဒီမှာ ကော်မရှင်ရုံးက မဲပေးခွင့်ရှိသူပေါင်း ၂၀၇၄၀၀ မှာ မဲနိုင်တဲ့ ဦးဝင်းထိန်ကို ခြောက်သောင်းနှစ်ထောင်ကျော် နဲ့ နောက် မဲရှုံးသူကိုလေးသောင်းနှစ်ထောင်ကျော် သတ်မှတ်ပြီးအနိုင်ပေးတယ်ကြေငြာတယ်။

အဲဒါနဲ့ကျန်တဲ့မဲပေးသူတစ်သိန်းလောက်ပျောက်တယ်။ ဒီလိုဟာမျိုးက လမ်းဘေး ကိုယ်လိုရာ သွင်းတဲ့ဒီမိုကရေစီ ပြည်သူ့ဆန္ဒကို မကြည့်ဘူး ။ ဥပဒေကို မကြည့်ဘူး ၊ တမင် သွတ်သွင်းတာလို့ထင်မြင်ယူဆမိပါတယ်။
ဒီလို ဖိအားဆိုတာ ဒီမိုကရေစီကို ခြိမ်းခြောက်တယ်လို့ထင်တယ် ။


ဒါနဲ့ နှစ်သိန်းကျော်မဲပေးကြ သူများအထဲမှာ မဲသိန်းနဲ့ချီကိုဂရုမစိုက် လူပေါင်း ၆၈၀၀ ကျော်လူ့အခွင့်ရေးချိုးဖောက်ခံပြီး လူကိုးသောင်းကျော်ရဲ့မဲတွေ အသိအမှတ်မပြုခံရတဲ့ မိထ္ထီဘာမြို့နယ် ရွေးကောက်ပွဲကော်မရှင် ရဲ့သမိုင်းကြောင်းနဲ့ ယခုလုပ်ရပ်တွေအရ ဘယ်တော့များ အကြောက်တရားကို ဘယ်လို တရားမျှတမှုအတွက်ကာကွယ်သွားနိုင်မလဲဆိုတာ မေးခွန်းထုတ်ပါရစေ။
Thu Ra Myo


No comments :