Friday 6 April 2012

လျှပ်စစ်မီးပုံမှန်ရရှိရေးလှုပ်ရှားမှုများတစိတ်တဒေသအောင်မြင်။

ASEAM ဥက္ကဌလုပ်တော့မယ့် ဦးသိန်းစိန်အစိုးရရဲ့ Logo
ရန်ကုန်မြို့ လယ်၌ အမျိုးသမီး တစ်ဦး လှေကားမှ ဆင်းသွားပုံနှင့် မီးပျက်ရခြင်းအကြောင်းကာတွန်းဓါတ်ပုံများ။

ကြားဖြတ်ရွေးကောက်ပွဲအပြီး ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်တောက်မှုကို ပြည်သူတရပ်လုံးက ဝေဖန်ပြောဆိုလာကြပြီး ဖြေရှင်းပေးရန်  အင်တာနက်လူမှုဆက်သွယ်ရေးကွန်ယက်များကတဆင့် တောင်းဆိုလာကြသည်။ ထိုတောင်းဆိုမှုများကြောင့် ယနေ့ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကေအင်ယူနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပစဉ်အတွင်းမီးရထားဝန်ကြီးဦးအောင်မင်းမှ ရန်ကုန်မြို့၂၄နာရီ လျှပ်စစ်မီးရစေရပါမည်လို့ ပြောဆိုခဲ့ရသည်။ လျှပ်စစ်ဝန်ကြီးကိုယ်စားပြောဆိုမှုကို မီဒီယာများအံအားသင့်မိကြောင်းနှင့် လျှပ်စစ်ဝန်ကြီးဦးဇော်မင်းက တိုးတိုးတိတ်တိတ်မြစ်ဆုံစီမံကိန်းပြန်လည်စတင်နေပြီဆိုသောသတင်းထောက်ရဲ့အမေးကို ယ္ခုအစိုးရလက်ထက် ရပ်နားထားပါသည်ဟု ပြန်ဖြေကြားခဲ့သည်။
ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှလည်းမီဒီယာများကိုဖိတ်ကြားပြီး ယနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အဖွဲ့ဥက္ကဌဦးအောင်ခိုင်က မီဒီယာသို့ပြောကြားခဲ့သည်။
ရနိုင်တာမှန်သမျှကလေးကို ခြစ်ခြုပ်ပြီး ဒီနေ့ညကစလို့ တစ်ညလုံးကျွန်တော်တို့ပေးပါမယ်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌက ဆိုသည်။

ဧပြီလ ၂ရက်နေ့မှ စတင် ကျင့်သုံးလိုက်သည့် အလှည့်ကျလျှပ်စစ်မီးပေးဝေရေး စနစ်အစား ယနေ့ညမှ စတင်ကာ ဖြန့်ဝေရေးစနစ်အသစ်အနေဖြင့် ညနေငါးနာရီမှ မနက်ငါးနာရီအထိ လူနေရပ်ကွက်အားလုံး မီးအပြည့်ရမည်ဖြစ်သည်ဟု သတင်းမီဒီယာများအား ၎င်းကပြောသည်။

ယနေ့မှ စတင်သည့် စနစ်သစ်အရ အုပ်စုသုံးစုခွဲ၍ နေ့ခင်းပိုင်းများတွင် အုပ်စုတစ်စု လျှင် ၆နာရီသာ ဓါတ်အား ဖြတ်တောက်မည်ဖြစ်ကာ သုံးရက်တွင် တရက်မှာမူ ၂၄ နာရီအပြည့်ရရှိမည်ဖြစ်သည်။
ယမန်နှစ်က ဧရာဝတီမြစ်ဆုံဒေသတွင် ဆောက်လုပ်သည့် ရေအားလျှပ်စစ်စီမံကိန်းများနှင် ပတ်သက်၍ လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ပိုလျှံနေသဖြင့် ရောင်းစားနေရကြောင်း ပြောဆိုခဲ့ဖူးသည်။ ။ (YPI သတင်းမှ) 

ပြည်သူတို့ရဲ့ လျှပ်စစ်မီးပုံမှန်အသုံးပြုရေးအတွက် လှုပ်ရှားမှုများကို အသိအမှတ်ပြုလာရပြီး သက်ဆိုင်ရာဌာနနှင့် ဝန်ကြီးများ မီဒီယာသို့ ဖြေကြားလာခဲ့ရသော်လည်း ယ္ခုလျှပ်စစ်မီးပုံမှန်အသုံးပြုရေးလှုပ်ရှားမှုတွင် ရန်ကုန်မြို့တခုတည်းအတွက်သာရရှိခဲ့သည်။ မန္တလေးနှင့်အခြားမြို့များတွင် လျှပ်စစ်ဓါတ်အားလျော့ချခြင်းကြောင့် တနိုင်ငံလုံးမီးလင်းရေးကို တက်လက်တောင်းဆိုသွားရမည်။ တနိုင်ငံလုံးမီးရရှိရေးနှင့် မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်တန့်သွားရေးအတွက် လက်ရှိအစိုးကို ဆက်လက်တောင်းဆိုလှုပ်ရှားမှုများပြုလုပ်သွားမည်ဟု တက်ကြွသူများကပြောဆိုခဲ့သည်။
 



No comments :