Tuesday 10 April 2012

“ငြိမ်းချမ်းရေးအတွက် သောက်ရေခပ်ချောင်း ပဲ့တင်သံ”


စာအမှတ်-၁၆/၂၀၁၂(၈၈)
၈၈ မျိုးဆက်ကျောင်းသားများ
88generation@gmail.com
၁၀၊ ဧပြီ၊ ၂၀၁၂
သောက်ရေခပ်ကျေးရွာ ၊
လိပ်သိုမြို့နယ်ခွဲ၊ ကရင်ပြည်နယ်

ငြိမ်းချမ်းရေးအတွက် သောက်ရေခပ်ချောင်း ပဲ့တင်သံ

၁။ ကျွန်ုပ်တို့၏ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်။
၂။ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး ပညာရေးနှင့် ကျန်းမာရေး တို့မှာ လက်ငင်းအလေးထားဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်။
၃။ပြည်ထောင်စုတစ်ဝှမ်းရှိ လူမှုဒုက္ခအပေါင်းသည်ပြည်ထောင်စုသားများဖြစ်သည့် ကျွန်ုပ်တို့နှင့် တိုက်ရိုက် သက်ဆိုင်သည်ဟု ခံယူသည်။
၎။ ထို့ကြောင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့ကို အာမခံချက်ရှိသည့် ပြည်ထောင်စုကြီးဖြစ်ရန်နှင့် နိုင်ငံရေးပဋိပက္ခများကြောင့်ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲနိုင်ရန် စစ်မှန်သောငြိမ်းချမ်းရေးကိုရှေးရှု သည့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုများ အမြန်ဆုံးဖော်ဆောင်သွား ရန် အလေးအနက် ဆန္ဒပြုပါသည်။

ကရင်နီပြည် လူငယ်သမဂ္ဂ                                                     ၈၈မျိုးဆက်ကျောင်းသားများ
ကိုမင်းကိုနိုင်ကို ကယန်းပြည်သစ်ပါတီက ကြီးမှူးကျင်းပတဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားမှာ တွေ့ရပုံ ဖြစ်ပါတယ်။ ဓာတ်ပုံ - RFA


No comments :