Monday 9 April 2012

ဒေါ်အောင်ဆန်းစုကြည်လွှတ်တော် တက် ရန် အကြောင်းကြား စာရပြီ



ဧပြီလ(၂၃)ရက်နေ့တွင်ပြန်လည်ကျင်းပမည့် တတိအကြိမ်မြောက်လွှတ်တော်အစည်းအဝေးသို့ NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန်အကြောင်းကြားစာကို ယနေ့နံနက်တွင် လက်ခံရရှိကြောင်းNLD မှ တရားဝင်ထုတ်ဖေါ်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရလွှတ်တော်ကိုစားလှယ်များသည် လွှတ်တော်အစည်းအဝေးတက်ရောက်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြရသည်ဟု သတင်းရရှိသည်။ဧပြီလ (၂၃)ရက်နေ့ နေပြည်တော်သို့ အရောက်သတင်းပို့ရမည်ဖြစ်ပြီး၊ရွေးချယ်ခံရသော လွှတ်တော် ကိုယ်စားလှယ်များသည် ၂၄ရက်နေ့မှစတင်ပြီး လွှတ်တော်အစည်းအဝေးတက်ရောက်မည်ဖြစ်ကြောင်း အကြောင်းကြားစာတွင်ပါဝင်သည်ဟု NLD မှမီဒီယာသို့ပြောဆိုခဲ့သည်။

No comments :