Sunday 1 April 2012

ရွှေဂုံတိုင်တွင် ဒေါ်အောင်ဆန်းစုကြည်မှ လူထုသို့အမှာစကားပြော။


photo: Getty Images, AP
  ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်သို့ရောက်ရှိလာပြီး ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပါတ်သက်ပြီး လူထုသို့ "ပြည်သူတွေရဲ့အောင်နိုင်မှုဖြစ်တယ် တစ်ခြားအဖွဲ့အစည်းတွေ စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ရဘူး။ ပြည်သူတွေရဲ့ ပူးပေါင်းမှု စိတ်ဓါတ်အင်အားကြောင့် ဒီအောင်ပွဲကို ရရှိခဲ့ခြင်းဖြစ်တယ်။အခုချိန်ကစပြီး ငါနိုင်ပြီဟေ့လို့မတွေဘဲ ငါတို့အလုပ်စလုပ်ရမယ်လို့တွေးရမယ်။ လမ်းတွေပိတ်မှာစိုးလို့ ဒီနေ့တော့ အများကြီးမပြောချင်ဘူး တိုတိုပဲပြောချင်တယ်လို့ပြောကြားခဲ့ကြောင်းသိရသည်။ NLDရုံးချုပ်ရှေ့တွင်လူထုကြီးမှာအဆိုတော်လားရှိုးသိန်းအောင်ရဲ့အမေဒေါ်စုပြန်လာပြီသီချင်းကိုသီဆိုရင်း ရွေးကောက်အပြီးသတ်ရလဒ်ကိုဆက်လက်စောင့်စားနေကြသည်။NLDရုံးချုပ်တွင်ပါတီဝင်များနှင့် ပြည်တွင်း နှင့် ပြည်မီဒီယာများ ၂၀၀ကျော်ခန့် တက်ရောက်သတင်းယူခဲ့ကြကြောင်းသိရသည်။


No comments :