Thursday 5 April 2012

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက် သမိုင်းသုတေသီများနှင့်ဆွေးနွေး

Bogyoke Aung San Movie
ယနေ့ ၂၀၁၂ ခုနှစ် ဧပြီလ (၅) ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းတွင် ဇာတ်ညွှန်းအဖွဲ့နှင့် သမိုင်းသုတေသီများ ဗိုလ်ချုပ်အောင်ဆန်းသမိုင်း နှင့် ပတ်သတ်ပြီး ဆွေးနွေးပွဲ ကျင်းပ ခဲ့ပါသည် ။ ယင်းဆွေးနွေးပွဲသို့ သမိုင်းပညာရှင်များ ဖြစ်ကြသော ဒေါက်တာဒေါ်ခင်လှဟန် ၊ တက္ကသိုလ်စိန်တင် ၊ ဦးသိမ်းလှိုင် ၊ ဦးမြဟန် ၊ ဒေါ်ခင်နှင်းဦး ၊ ဦးဇော်လင်း ၊ ဦးမြင့်ဆွေ တို့ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးမိုးသူ ၊ ဦးဇာဂနာ ၊ ဦးမျိုးမင်း(ရင်တွင်းဖြစ်) ၊ ဒေါ်အိအိခိုင် ၊ ဦးမော်လင်း ၊ ဇာတ်ညွှန်း အဖွဲ့မှ ဦးချစ်ဦးညို ၊ ဦးကြည်စိုးထွန်း ၊ ဦးမင်းထင်ကိုကိုကြီး ၊ ဦးဇော်သက်ထွေး တို့ တက်ရောက်ခဲ့ကြပါသည် ။ ယင်းဆွေးနွေးပွဲမှ ဗိုလ်ချုပ်အောင်ဆန်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ၊ နိုင်ငံရေး ဆိုင်ရာ အချက်အလက်များ ဇာတ်ကားတွင်ပါဝင်သင့်သည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ် အစည်းအဝေးကို မေလ ၅ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည် ။

No comments :