Thursday 5 April 2012

ရွေးကောက်ပွဲအောင်နိုင်ရေးဖျော်ဖြေပွဲသို့လာရောက်အားပေးစဉ် ရွာလုံးကျွတ်မီးဘေးသင့်ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်မှသိန်း၁၀၀လှူဒါန်းခြင်းနှင့် မုံရွာ NLD မှအသုံးအဆောင်များသွားရောက်လှူဒါန်း


ယနေ့ ၅၊ ၄၊ ၂၀၁၂ ရက်နေ့၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ၀င်းကုန်းကျေးရွာ၊ မီးဘေးသင့် ရွာသူ၊ ရွာသားများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဋ္ဌာနချုပ်) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ငွေကျပ် သိန်း တစ်ရာလှူဒါန်းခြင်းနှင့်အတူ မုံရွာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆန်နှင့် ရေအပါအ၀င် အသုံးအဆောင်ပစ္စည်းများသွားရောက်လှူဒါန်းကြကြောင်းသတင်းရရှိသည်။အဆိုပါ ဝင်းကုန်းရွာသူရွာသူများသည်NLDရွေးကောက်ပွဲအောင်နိုင်ရေးနှင့်အနုပညာရှင်များဖျော်ဖြေပွဲသို့ ရွာလုံးကျွတ်သွားရောက်အားပေးစဉ်တရွာလုံးမီးလောင်မှုသင့်ခြင်းဖြစ်သည်။

၎င်းလှူဒါန်းပွဲတွင် မုံရွာမြို့မှ နံနက် ၅ နာရီအချိန်တွင် စတင်ထွက်ခွာခဲ့သည်။ ဦးဆောင်သူ မုံရွာမြို့နယ် အဖွဲ့ချုပ်မှ ကိုသိန်းအောင်၊ ကိုဇော်မင်း (ခေါ်) ကိုပေါက်၊ ကိုစစ်ငြိမ်းအေး နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များ၊ BG သွေးအကူအညီပေးရေး (မုံရွာ)မှ လူငယ်များ၊ ကျောင်းသားလူငယ်များ ဖြစ်ကြပါသည်။ ၀င်းကုန်းကျေးရွာသည် အိမ်ခြေပေါင်း ၄၀၀ သန်းကျင်ရှိပြီး၊ ၁၅၂ အိမ်၊ မီးလောင်ကျွမ်းသွားခဲ့ပါသည်။ မီးဘေးသင့် လူဦးရေ ၈၀၀ ခန့်ရှိပြီး၊ မီးဘေးသင့် အိမ်ထောင်စု ၁၅၈ အိမ်၊ ဖြစ်ပါသည်။ ဆုံးရှုံးမှုပေါင်း သိန်းပေါင်း ၈၀၀၀ (ရှစ်ထောင်) ခန့် ရှိပါသည်။ တောင်သူကြီးများပြီး၊ သူတို့၏ နှမ်း၊ ပဲ တင်းပေါင်းများစွာ သိုလှောင်ထားသဖြင့် တောင်သူများ ပိုမိုနစ်နာ ဆုံးရှုံးခဲ့ရပါသည်။
ယခုအခါတွင် ၄င်း မီးဘေးသင့် ဒုက္ခသည်များအား ၀င်းကုန်းရွာ ဆရာတော် ဦးပါမောက္ခစာရ
သီရိမင်္ဂလာကျောင်းတိုက်၊ မှ ကူညီစောင့်ရှောက်ထားပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မုံရွာ)မှ.............




No comments :