Saturday 21 April 2012

တရားသူကြီးကတော်ကမီးပူဖြင့်ကပ်နှိပ်စက်သောအမှုကိုသတင်းလိုက်နေသည့် New Day ဂျာနယ်မှသတင်းထောက်ပျောက်ဆုံးနေ။


ပဲခူးမြို့တရားသူကြီးကတော်မှ အိမ်ဖော်မိန်းကလေး မအေးယုအောင် ပျောက်ဆုံးနေမှုကို သတင်းလိုက်နေသော New Day ဂျာနယ်မှ သတင်းထောက်ကိုရဲပျောက်ဆုံးနေကြောင်းသတင်းရရှိသည်။ လွန်ခဲ့သည့်( ၂)ရက်ဧပြီလ ၁၉ရက်နေ့တွင် ပဲခူးတိုင်းတရားသူကြီးလင်မယားမှ မအေးယုအောင်အား ဖွက်ထားရာနေရာကို သိရပြီဟု သတင်းထောက်ကိုရဲက လုပ်ဖေါ်ကိုင်တချို့ကိုပြောပြပြီးသတင်းလိုက်ခဲ့ရာမှ ယနေ့ထိအဆက်အသွယ်မရခြင်းဖြစ်သည်။ သထင်းထောက်ကိုရဲ၏မိခင်မှာသတင်းလိုက်သွားသော သားပြန်မလာသောကြောင့်ဖုန်းဆက်သွယ်လို့မရ၊ အိမ်ကိုလည်းဖုန်းပြန်မဆက်သောကြောင့်စိုးရိမ်သောကရောက်နေရကြောင်းသတင်းရရှိသည်။
မအေးယုအောင်ကိုတရားသူကြီးကတော်မီးပူနှင့်ကပ်ပြီးနှိပ်ဆက်မှုသတင်းအင်တာနက်ဝက်ဆိုဒ်များတွင်စတင်ပါလာကတည်းက သတင်းထောက်ကိုရဲဟာအမှန်တရားအတွက်၊အားနည်းတဲ့ဘက်နေ အဖြစ်မှန်ကို ပြည်သူလူထုသူစေဖို့ သူရဲ့Facebook စာမျက်နှာမှာ အခုလိုရေးသားထားသည်။ " ပဲခူးက မီးပူနဲ့အကပ်ခံရတဲ့ ကလေးမအမှုကို အဆုံးထိလိုက်ဖို့ ရည်ရွယ်ထားပါတယ်..။ သူငယ်ချင်းတစ်ဦးကလည်း လမ်းစရိတ်အဖြစ် ၁၀၀၀၀ ကူညီပေးထားပါတယ်။ သူ့ကိုအရမ်းကျေးဇူးတင်ပါတယ်..။ ကျောက်ကြီးကျေးရွာက သူ့မိခင်ကို ကိုယ်တိုင်သွားတွေ့ပါ့မယ်။ အမှုကို အဆုံးထိလိုက်ပါ့မယ်..။ ကလေးမဟာ.. ဘီလူးမ လက်ထဲမှာရှိနေတာဆိုရင်တော့ သူတို့ကိုတွေ့အောင်ရှာမယ်..ဟေ့..။ အာဏာနဲ့ မီဒီယာနဲ့ ထိပ်တိုက်တွေ့မယ်..ဟေး...ဟေး...။ ပူးပေါင်းပါဝင်ချင်သူများကို ဖိတ်ခေါ်ပါတယ်..။ " ဧပြီလ (၆)ရက်၊ည၈နာရီ ၅၅မိနစ်။
သတင်းထောက်ကိုရဲဟာ ဆက်လက်ပြီး ဧပြီလ၁၀ရက်နေ့တွင် အိမ်ဖေါ်မလေးကိုမီးပူနဲ့ကပ်တဲ့ဒေါ်ဖြူဝင်းသက်ရဲ့အမျိုးသား တရားသူကြီးဦးအောင်ဖုန်းဝင်းကို အင်တာဗျူးနိုင်ရန်အတွက် အချိန်၂နာရီခွဲကြာစောင့်ဆိုင်းပြီး တွေ့ခွင့်ရခဲ့သော်လည်း အိမ်ဖေါ်မလေးအေးယုအောင်ဘယ်ရောက်နေသလည်းဟုမေးမြန်းရာတွင် တရားသူကြီးဦးအောင်ဖုန်းဝင်းမှ လေသံမာမာဖြင့် ကလေးမလေးမိခင်ရှိရာကျောက်ကြီးသွားမေးဟု ပြောဆိုခဲ့ပြီး တရားသူကြီးရဲ့ရုံးခန်းမှသူကိုမောင်းထုတ်ခဲ့ကြောင်း သတင်းထောက်ကိုရဲရဲ့ Facebookစာမျက်နှာမှာဖေါ်ပြထားသည်။
(အနှိပ်စက်ခံရသောမအေးယုအောင်ရဲ့သတင်းကို အင်တာနက်စာမျက်နှာကတဆင့် သတင်းများထွက်ပေါ်လာပြီး ကလေးမလေးရဲ့မိခင်နှင့်အချိန်နည်းငယ်သာတွေ့ခွင့်ပေးပြီး အစဖျောက်ဖို့ကြိုးစားနေသော တရားသူကြီးလင်မယားဟာ သတင်းလိုက်သော သတင်းထောက်ကိုပါ အစဖျောက်လိုက်ပြီလားဆိုတာကို မီဒီယာသမားများအမြန်ဆုံးရှာဖွေဖေါ်ထုတ်ကြဖို့လိုအပ်နေပါပြီ။)

မိတ်ဆွေများခင်ဗျား/ သတင်းထောက်ကိုရဲ ရဲ့ စိတ်ပူနေကြသောသူရဲ့မိတ်ဆွေများအား အကြောင်းကြားမှုကိုတင်ပြလိုက်ပါတယ်။  

ဧပြီလ ၂၁ရက် ၂၀၁၂၊ မြန်မာစံတော်ချိန် ည- ၇နာရီမိနစ်၂၀။
စိတ်ပူပေးကြသူ ညီအကိုများကိုကျေးဇူးတင်ပါတယ်ခင်ဗျာ..။ အိမ်ကိုဖုန်းဆက်ပြောပါတယ်... ။ ဖုန်းအိမ်ကလူက အိမ်ကိုသေချာအကြောင်းမကြားတာပါ..။ ခုပဲပြန်ရောက်ပါပြီ..။ ကလေးမလေးမိခင်နဲ့လည်း သေချာအင်တာဗျူးလုပ်ခဲ့ပါပြီ..။မနက်ဖြန် အသံဖိုင်ဖြည်ပြီး တင်ပေးပါ့မယ်ခင်ဗျာ..။စိတ်ပူပေးကြတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်..။

We fight we win မှကူးယူသွားသော Facebook နာမည်-  Somask Ranong မှ နောက်ဆက်တွဲ သတင်းထောက်ကိုရဲ အိမ်ကိုပြန်ရောက်ရှိကြောင်း ထပ်ထည့်ပေးဖို့အသိပေးလိုက်ပါတယ်။ 
 http://www.facebook.com/profile.php?id=100001368862736



1 comment :

Anonymous said...

ဒီလင့်ကို သေချာတင်ပေးပါ ခင်ဗျာ။ http://myanmarjustice.blogspot.com/

ဒီလိုမှမကိုင်တွယ်ရင်အမြဲဆင်းရဲသားတွေ အားနည်းသူတွေ ကလေးတွေ ခံနေရပါတော့မယ်။