Wednesday 30 May 2012
"လူအတုတွေ(၀ါ)ခါတော်မှီအနားပြာများနဲ့  ထင်ပေါ်ကျော်ကြားသူများ၊ဩဇာတိက္ကမကြီးမားသောခေါင်းဆောင်များ"
                     ကမ္ဘာပေါ်မှာအတုတွေအကြောင်းလူအတော်များများသိကြမှာပါ။ဆေးဝါးအတု၊အစားအစာအတု၊လူ့  အသုံး
အဆောင်ပစ္စည်းအတု၊ငွေစက္ကူအတုစသဖြင့်အစစ်ကဲ့သို့ ဆင်တူယိုးမှားတူအောင်နိုင်ငံအတော်များများမှာ ငွေ
မျက်နှာတခုထဲကြည့်ပြီး တုကြ ထုတ်လုပ်ကြတဲ့မသမာ ၀ိသမစီးပွါးရေးလုပ်ငန်းရှင်များနဲ့ လုပ်ငန်းများရှိကြပါ
တယ်။
ဒီနေရာမှာကျနော်ပြောချင်တာကတော့”လူအတု”တွေအကြောင်းဘဲဖြစ်ပါတယ်။လူအတုဆိုလိုက်လို့ လူနဲ့ တူ
အောင်တီထွင်ဖန်တီးထားတဲ့စက်ရုပ်လူသား Robot လဲမဟုတ်ပါ။လူသားစင်စစ်ကနေ လူအတုဖြစ်နေကြတဲ့
ခါတော်မှီအနားပြာများလို့ သမုတ်ချင်ပါတယ်။ဘာကြောင့်ခါတော်မှီအနားပြာများလို့ သမုတ်ရလဲဆိုရင် ရှင်းပြပါ
မည်။ထိုလူအတု(၀ါ)ခါတော်မှီအနားပြာများဟာလူမှုနယ်ပယ်အသီးသီးမှာအတိုင်းအတာတခုထိပင် ကိုယ်ကျိုး
စွန့် အနစ်နာခံကာ အများကောင်းကျိုးအတွက်လုပ်ဆောင်ခဲ့မှုများမရှိဘဲ မိမိကိုယ်ကျိုးအခွင့်အရေးအတွက်
အများထက်ကွက်ကျော်မြင်တတ်ကြသူများဖြစ်ပါတယ်။ထိုသူများဟာအများကောင်းကျိုးအတွက်စေတနာမှန်နဲ့ 
အတိုင်းအတာတခုထိကိုယ်ကျိုးစွန့် လုပ်နေကြသောအခြားသူများကိုလည်းဝေဖန်ရှုတ်ချအပြစ်ပြောနေကြတာ
များပါတယ်။
လူဆိုတာမိမိကိုယ်ကျိုးစီးပွါးကိုပထမဦးစားပေးတတ်တဲ့သဘာဝရှိတတ်ကြပါတယ်။သို့ သော်
ကိုယ်ကျိုးစီးပွါးကိုပဓာနမထားဘဲအများကောင်းကျိုးအတွက်လုပ်နေသူများကို မိမိကိုယ်ကျိုးစီးပွါးတခုတည်း
လုပ်နေသူများကဝေဖန်ရုံတင်မကဘဲ အပြစ်ပြောရှုပ်ချနေတာကတော့ သဘာဝမကျပါ။ဝေဖန်တာနဲ့ အပြစ်ပြော
ရှုပ်ချတဲ့အနက်အဓိပါယ်ကွဲပြားတာကိုလည်းနားလည်ကြပုံမရပါဘူး။
ထင်ပေါ်ကြော်ကြားသူများ၊ဩဇာတိက္ကမကြီးမားသောခေါင်းဆောင်များ
ထံကိုမရရတဲ့နည်းနဲ့ ချဉ်းကပ်ပြီးမိမိကိုယ်ကျိုးအတွက်အသုံးချနေရာယူဖို့ကျွမ်းကျင်သူများဖြစ်ကြပါတယ်
ထို့ ထက်ပိုဆိုးသည်မှာ လူအတု(၀ါ)ခါတော်မှီအနားပြာအများစုဟာ လှေနံနှစ်ဖက်နင်းတတ်ကြပြီး တချိန်ကမိမိ
(တို )့ကအများ ကောင်းကျိုးအတွက်ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်နေစဉ် နှောက်ယှက်မှုများပေးခဲ့ကြပြီး
ဘ၀ပျက်အောင်ဖိနှိပ်ခဲ့သောလူ(စု)နဲ့ လည်း အကျိုးတူပူးပေါင်းမှုများရှိတတ်ခဲ့ကြပြီး ပုံမှန်မဟုတ်သောကိုယ်ကျိုး
ကြည့်ကြလွန်းသောလူမှုဆက်ဆံရေးမျိုးရှိတတ်ခဲ့ကြသည်ကိုတွေ့ ရမှာဖြစ်ပါတယ်။
ထင်ပေါ်ကျော်ကြားသူများ၊ဩဇာတိက္ကမကြီးမားသောခေါင်းဆောင်များကိုထိုလူအတုများဝိုင်းဝန်းဝန်းရံလာကြပြီဆိုလျှင်အချိန်ကြာလာတာနဲ့ အမျှ အန္တရယ်ရှိလာနိုင်ပြီးကောင်းကျိုးထက်ဆိုးကျိုးကိုသာပေးဖို့ ဖြစ်လာမှာပါ။
ထင်ပေါ်ကျော်ကြားသူများ၊ဩဇာတိက္ကမကြီးမားသောခေါင်းဆောင်များကလည်းအထူးသတိထားဂရုပြုကြရမှာ
ဖြစ်ပါတယ်။အများအားဖြင့်လက်ရှိ အခြေအနေများအပေါ်သာယာနေကြ၍သော်၎င်း၊တာဝန်ကြီးလုပ်ငန်းများ
နှင့်ဆန္ဒအကောင်အထည်ဖော်မှုများဖြင့်ဝန်ပိနေကြ၍သော်၎င်း၊၀န်းရံနေကြသောလူအတု(၀ါ)ခါတော်မှီအနားပြာများ၏ အကျိုးလိုလို့ ညောင်ရေသွန်းနေမှုများကို အဟုတ်ထင်အကောင်းမြင်လွန်းအားကြီးနေကြ၍သော်၎င်း သတိမထားမိ၊ဂရုမပြုမိဖြစ်တတ်ကြပါတယ်။အခြားသောပုံမှန်နေတတ်သူများရဲ့အသိပေးမှု၊သတိပေးမှုများကို
လည်းဂရုမစိုက်ခြင်း၊ပယ်ချခြင်းများကြောင့်လည်း လူအတု(၀ါ)ခါတော်မှီအနားပြာများအတွက် အခွင့်အရေးပိုမို
ရရှိသွားတတ်ကြပါတယ်။ထင်ပေါ်ကျော်ကြားသူတိုင်း၊ဩဇာတိက္ကမကြီးမားသောခေါင်းဆောင်တိုင်းတွင်ထိုကဲ့
သို့ သောအားနည်းချက်များရှိမည်ဟုမဆိုလိုပါ။အချို့ သောထင်ပေါ်ကျော်ကြားသူများ၊ဩဇာတိက္ကမကြီးသော
ခေါင်းဆောင်များအနေနှင့် အားနည်းချက်များရှိနေခဲ့ပါက
ပုံမှန်နေတတ်သော်လည်းရင်းနှီးမှုရှိပြီးဖြစ်သောလုပ်ဖော်ကိုင်ဖက်များမှ
အမုန်းခံပြီးလူအတု(၀ါ)ခါတော်မှီအနားပြာများရဲ့အခြေအနေမှန်ကိုတနည်းနည်းဖြင့်သိအောင်လုပ်ဆောင်သင့်ပါ
သည်။လူအတု(၀ါ)ခါတော်မှီအနားပြာများရဲ့ ကိုယ်ကျိုးရှာမှုများကိုတနည်းနည်းနဲ့ အချိန်မှီမတားဆီးနိုင်ပါက
ထင်ပေါ်ကျော်ကြားသူ၊ဩဇာတိက္ကမကြီးသောခေါင်းဆောင်များကို တဖြည်းဖြည်းနှင့်နောက်ကွယ်မှမသိမသာ
ကြိုးကိုင်လာတာခံရမှာဖြစ်ပါတယ်။လူမှုပါတ်ဝန်းကျင်နယ်ပယ်အတွက်အလွန်အန္တရာယ်ကြီးလှပါတယ်။
မြွေပွေးခါးပိုက်ပိုက်မိသကဲ့သို့ ဖြစ်တတ်ပါတယ်။
လက်ရှိအခြေအနေတွင်ထင်ပေါ်ကျော်ကြားသူများ၊ဩဇာတိက္ကမကြီးမားသောခေါင်းဆောင်များအနေနှင့်မိမိတို့ 
လွတ်လပ်မှုမရှိသောအဖိနှိပ်ခံဘ၀တွင် မိမိတို့ လွတ်မြောက်ရေးအတွက်ကိုယ်ကျိုးမပါဘဲ အမှန်တကယ်တစိုက်
မတ်မတ်စိတ်ရောကိုယ်ပါကြိုးပမ်းအားထုတ်ပေးခဲ့ကြသောလုပ်ဖော်ကိုင်ဖက်မိတ်ဆွေများ၊အတိုင်းအတာတခုထိ
စွန့် လွှတ်စွန့် စားလက်တွဲခဲ့ကြသူများကို သူ့ နေရာနှင့်သူသင့်တော်သောနေရာများတွင်ထားပြီးဆက်လက်လက်
တွဲသင့်ပါသည်။
မိမိတို့ ယခုလိုအနေအထားအခြေအနေရောက်အောင် ဘက်ပေါင်းစုံက၀န်းရံအားပေးထောက်ခံခဲ့ကြသော အနီး
အဝေးမှ လူအတုမဟုတ်တဲ့ လူအစစ်လူအမှန်များကိုလည်းမမေ့သင့်ကြောင်း ရေးသားလိုက်ရပါသည်။
ကိုကိုအောင်
မေလ ၃၀ ရက်၊၂၀၁၂
တိုကျို
No comments :