Wednesday 30 May 2012
ုပြုပြင်ပြောင်းလဲရေးသမားများ ပညာ ပြနေကြပြီလား
အရင်က အမာလိုင်းတွေကြောင့် ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ ( ဦးသိန်းစိန်၊ ဦးရွှေမန်း၊ဦးအောင်မင်း  ) တို့ လုပ်ခြင်တိုင်းလုပ်လို့ မရဘူးလို့ သတင်းတွေ ထွက်လေ့ရှိပါတယ်။ 
အခု အမာလိုင်းလို့ ပြောနေတဲ့ ဦးတင်အောင်မြင့်ဦး ၊ ဦးအောင်သောင်းတို့ ဟာ အာဏာပိုင်နေရာမှာ မရှိတော့ပါဘူး။ (သူတို့ ကိုယ်တိုင်ကလဲ ပြုပြင်ပြောင်းလဲ လိုခြင်ကြတယ်အကြောင်း သူတို့ နဲ့ ရင်းနှီးတဲ့ သံတမန် တွေကိုရင်ဖွင့်လေ့ရှိကြပါတယ်။ ) ဘာကြောင့် ပြပြုင်ပြောင်းလဲ ရေးသမားတွေက ပြုပြင်ပြောင်းလဲမှုတွေကိုမလုပ်လိုကြတာလဲ
ဆိုတာစဉ်းစားစရာ ဖြစ်လာနေပါတယ်။
ပြုပြင်ပြောင်းလဲရေးသမားဆိုသူတွေက တကယ်ပြုပြင်ပြောင်းလဲလိုခြင်စိတ်ရှိရဲ့ လား
ဒေါ်စု နဲ့ နိင်ငံတကာကို အသုံးချလှည်းစားနေတာလား ဆိုတာ သတိထားစောင့်ကြည့်ရမဲ့
အခြေအနေဖြစ်လာနေပါပြီ။ 
အလုပ်သမားပြသနာ၊ လျှပ်စစ်မီး မလာတဲ့ပြသနာ၊ ဒုကခသည်ပြသနာနဲ့ ပြည်ပရောက်မြန်မာ
တွေ မိခင်နိင်ငံကို ပြန်ခွင့် ပြသနာတွေမှာ ၈၈မျိုးဆက်တွေကို နိင်ငံကူးလက်မှတ်ထုတ်မပေးတာ၊ အသင်းပင်းတွေဖွဲ့ စည်းခွင့်မပေးတာတွေ ကို
 ဝေလှည်ကြောင်ပတ်လုပ်နေကြဆဲဖြစ်ပါတယ်။ 
ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်ကလည်း ဒီလိုပဲပြည်သူတွေကို ပညာပြဘူးပါတယ်။
သူ့ ကိုယ်သူပြုပြင်ပြောင်းလဲရေးသမားလို့ ကြွေးကြော်ပြီးလက်တွေမှာတော့ 
မိုးလွန်မှာထွန်ချ ထာမျိုး ဗိုလ်ချုပ်ခင်ညွန့် လို မျိုးမဖြစ်စေဖို့ စေတာနာ နဲ့အကြံပြုလိုက်ပါတယ်။ 
မြန်မာ အချင်းအချင်း ပညာပြ လို့ ရပေမဲ့ အမေရိကန် တွေကို တော့ ပညာပြလို့ မရနိင်ပါကြောင်း
ကြိုတင်ထပ်လှောင်း အကြံပေးလို ပါတယ်။ 
No comments :