Tuesday 15 May 2012

သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ခေါ်မှုနဲ့ ပြည်ပရောက်နိုင်ငံသားများ

သမ္မတဦးသိန်းစိန်ရဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေပြန်လာဖို့  ထပ်မံဖိတ်ခေါ်မှုအပေါ်ကျနော့်အမြင်နဲ့ 
သဘောထားကတော့.....

ကြိုဆိုပါတယ်၊၀မ်းသာပါတယ်။အပြုသဘောဆောင်တယ်လို့ လည်းမြင်မိပါတယ်။

ဒါပေမဲ့သမ္မတရဲ့ဖိတ်ခေါ်မှုဟာယေဘုယျဆန်နေတယ်လို့ တော့သုံးသပ်မိပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုရင်

(၁)ပြီးခဲ့တဲ့ ၂၀၁၁ ခု ဩဂုတ်လတုန်းကလည်း သမ္မတကယခုလိုဘဲပြည်ပရောက်နိုင်ငံသားတွေကိုပြန်လာဖို့ ဖိတ်ခေါ်ခဲ့ဘူးပါတယ်။

အဲဒီလိုဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်းမှာလွယ်ကူစွာနဲ့  ဘယ်နှစ်ဦးလောက်ပြန်တော်ပြန်နိုင်ခဲ့ကြသလဲဆိုတာ ကျနော်တို့ လေ့လာကြရပါမယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာရှိတဲ့မြန်မာသံရုံးတွေမှာပြည်တော်ပြန်
ဖို့ ကြိုးစားကြတာတွေကြားသိနေရပါတယ်။ဒါပေမဲ့အများစုဟာပြည်ဝင်ခွင့်

ဗီဇာမရရှိကြသေးတာကြားသိနေရပါတယ်

ဒီနေရာမှာကျနော်အနေနဲ့ တော့ပြီးခဲ့တဲ့ မတ်လက ဘန်ကောက်ရှိမြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်တာ လွယ်ကူအဆင်ပြေစွာနဲ့ 

ရရှိခဲ့ပါတယ်။မည်သည့် ကန့် သတ်ချုပ်ခြယ်မှုမျိုးကိုမှလည်းမရှိခဲ့ပါဘူး။ဝန်ခံကတိလိုမျိုးလက်မှတ်ထိုးပေးခဲ့ရတာလည်းမရှိခဲ့ပါဘူး။ရန်ကုန်လေဆိပ်မှာလည်း ပုံမှန်စစ်ဆေးကြတာကလွဲလို့ အခြား

စိတ်အနှောက်အရှက်ဖြစ်စရာဘာမှမရှိဘဲ ပြည်ဝင်ခွင့်ရခဲ့ပါတယ်။ဒါနဲ့ ပါတ်သက်လို့ ဘန်ကောက်က မြန်မာသံရုံးကိုရော ရန်ကုန်လေဆိပ်

ကသက်ဆိုင်ရာအာဏာပိုင်တွေ၊၀န်ထမ်းတွေကိုပါကျေးဇူးတင်မိပါတယ်။

ဒီလိုပြောပြတာဟာ ပြည်တော်ပြန်ချင်တဲ့နိုင်ငံသားအားလုံးကို ကျနော့်လိုဘဲအဆင်ပြေကြစေချင်လို့ ဖြစ်ပါတယ်။

(၂)ပြည်တော်ကိုနိုင်ငံသားတွေပြန်ဝင်ခွင့်လွယ်ကူစွာရကြမယ်ဆိုရင် သူတို့ နဲ့ အတူနိုင်ငံတကာ အတွေ့ အကြုံ ဗဟုသုတတွေ ၊လေ့လောဆည်းပူး

ခဲ့ကြတဲ့ပညာတွေ၊ကျွမ်းကျင်မှုတွေ၊ပိုင်ဆိုင်မှု ဓနဥစ္စာပစ္စည်းတွေ စသဖြင့်ပြန်ပါလာကြမှာပါ။အနိမ့်ဆုံးနေနဲ့ ပြည်တွင်းဝန်

ဆောင်မှုလုပ်ငန်းတွေကိုတစုံတခုသောအတိုင်းအတာအထိ တိုးတက်စေမှာပါ။ဒီအချက်တွေဟာ တိုင်းပြည်ရဲ့ လူမှုရေး၊စီးပွါးရေး ဖွံဖြိုးတိုး

တက်မှုတွေအတွက်အထောက်အကူဖြစ်စေမှာအမှန်ပါ။အိမ်နီးခြင်းနိုင်ငံတွေကိုလေ့လောကြည့်ရင်သိနိုင်ပါတယ်။

(၃) သမ္မတရဲ့ဖိတ်ခေါ်မှုကိုပြန်ကြည့်ရရင် နိုင်ငံသားတွေ ပြည်တော်ပြန်ဖိတ်ခေါ်မှုကို ပိုပြီးတော့ကောင်းအောင် ဥပဒေတရပ်အနေနဲ့ 

ပြဌာန်းပေးစေလိုပါတယ်။ဆိုလိုတာက အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နိုင်ငံသားတွေအပါအ၀င်ပြည်တွင်းကအကျဉ်းထောင်တွေထဲ

မှာပါကျန်ရှိနေကြသေးတဲ့နိုင်ငံသားအားလုံးကိုအထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့် ပြဌာန်းပေးစေလိုပါတယ်။ထို့ အတူပြည်တွင်းကနေ

ပြည်ပကိုသွားရောက်လိုတဲ့နိုင်ငံသားတွေကိုလည်းပုံမှန်စစ်ဆေးမှုတွေသာပြုလုပ်ပြီးနိုင်ငံကူးလက်မှတ်ကို နိုင်ငံသားတိုင်း ခွဲခြားမှုမရှိဘဲ

လွယ်ကူစွာနဲ့ ထုတ်ပေးစေလိုပါတယ်။ဒါမှလည်းပြည်တွင်းကနိုင်ငံသားတွေဟာယနေ့ ကမ္ဘာကြီးရဲ့လူမှုရေး၊စီးပွါးရေး၊နိုင်ငံရေးစတဲ့ နယ်

ပယ်အသီးသီးရဲ့ပကတိအခြေအနေမှန်တွေကို တွေ့ မြင်လေ့လာခွင့်ရမှာဖြစ်ပါတယ်။တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက်များစွာအ

ထောက်အကူပြုမှာဖြစ်ပါတယ်။

အထက်ပါအချက်များဟာဆိုရင် ဒီမိုကရေစီနိုင်ငံတည်ဆောက်နေပါတယ်ဆိုတဲ့နိုင်ငံတခုအနေနဲ့ လူထုအကျိုးအတွက်ပြုပြင်သင့်၊

ပြောင်းလဲလုပ်ဆောင်ပေးသင့်တဲ့ကိစ္စများလို့ မြင်မိပါတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးတို့ အတွက်

လည်းအရေးပါတဲ့ကဏ္ဍများဖြစ်တယ်လို့ သုံးသပ်လိုက်ရပါတယ်။

ကိုကိုအောင်
၂၀၁၂၊မေလ ၁၅ ရက်
တိုကျို

No comments :