Sunday 6 May 2012

ကား တွေ ကို ပါမစ် မလို ပဲ ပေးသွင်း တော့မယ် လို့ သတင်းထွက် နေပြီ



ကား တွေကို မည်သူ့ ကိုမဆို ပါမစ်မလိုပဲပေးသွင်းတော့မယ်လို့  သတင်းရရှိပါတယ်။ သွင်းမဲ့ 
ကားအမျိုးစားက ပါဝါ ၁ဒသမ ၃ လီတာ အဆင့်ရှိပြီ။ မော်ဒ်လ် ၂၀၀၀ အထက် ထုတ်ကား
ဖြစ်ရမယ်လို့  ဆိုတယ်။  ၂၀၀၀၀ ခုနစ် အောက်ကား ဟောင်းများကို နယ်သို့  နှင်ထုတ် ခြင်း
သို့ မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်တော့မယ်လို့ လဲ သတင်း ရရှိပါတယ်။ 
ဒီသတင်း သာမှန်ခဲ့ရင်  လူတွေ ကား ကို ဈေးပေါပေါနဲ့ စီးလာနိင်ကြမှာ ဖြစ်ပါတယ်။
ဒီကားတွေက ထိုင်း၊ စင်္ကပူ၊ မလေးရှားတွေမှာ လူတိုင်းနီးပါးစီးနေကြပါတယ်။ အလွန်ခေတ်စားနေတဲ့ ကားဖြစ်ပါတယ်။

ကားက မြို့တွင်းသုံးကောင်းတယ်။ ဈေးချိုတယ်။ ဆီစားသက်သာတယ်။ သဘာဝပတ်ဝန်းကျင်ကို သိပ်မထိခိုက်တဲ့ ကားတွေဖြစ်ပါတယ်။ 

ထိုင်းနိင်ငံမှာတော့ ဒီလိုကားမျိုး က တစီးကို ဘတ်ငွေ ၅ သိန်းခန့် ၇ှိပြီး အစိုးရက ဘတ်ငွေ
၁သိန်း စိုက်ပြီး ငွေပေးချေပေးပါတယ်။ ဒါကြောင့် ကား တန်ဖိုးကို ဘတ်ငွေ ၄ သိန်းခန့် ပဲပေးရပါတယ်။  မြန်မာ ပြည်မှာတော့ အစိုးရက ဘာတခုမှာ စိုက်ထုတ်ပေးတာမရှိသေးဘူး။

ဒီလိုကား ကို ကိုယ်ပိုက်ဆံနဲ့ကိုယ်သွင်းခွင့်လေး ရရင်တောင်မှာ
 ဦးသိန်းစိန် ကို  ဘုရားအလောင်းလို လူတွေက ကြည်ညို လာမှာသေချာပါကြောင်း။ လူထု ထောက်ခံမှုလဲ ပိုများလာနိင်တယ်လို့ ဆိုပါတယ်။  ၂၀၁၅ အတွက် ကြံ့ဖွတ်ပါတီအလားအလာ ကောင်းလာနိင်ကြောင်း ကား တင်သွင်း လုပ်နေတဲ့ ကုန် သည်တဦး
က ဆိုပါတယ်။


1 comment :

Anonymous said...

သိန်းစိန်ကို ဘုရား အလောင်းနဲ့တော့ မနှိုင်းပါနဲ့ ဗျာ။ စောက်ကျက်သရေမဲ့ တဲ့ စစ်ဘိုချုပ်နဲ့ ဘုရားနဲ့ နှိုင်းစရာ မဟုတ်ပါ။