Sunday 20 May 2012

ဝန်ကြီး တချို့  နှင့် ၀န်ထမ်း အချို့  အနား ပေးခံရမည် ဟု သတင်းထွက် ပေါ်နေ

နေပြည်တော်သတင်းရပ် ကွက်အတွင်း ၀န်းကြီး တချို့ ကိုအနားပေးမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ အမည်ပေါက်နေတဲ့ ၀န်ကြီးတွေက တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဦးကျော်ဆန်း ( ပြန်ကြားရေးဝန်ကြီး)
၂။ ဦး ဇော်မင်း  ( လျှပ်စစ် ၀န်ကြီး )
၃။ ဦး တင့်ဆန်း ( အားကစား ၀န်ကြီး)
၎။  ကျမာရေးဝန်ကြီး တို့  ဖြစ်ကြောင်းသတင်းရရှိပါတယ်။

အနားပေးခံရဘွယ်ရှိတဲ့ ၀န်ကြီးတွေက လာဘ်စားမှုများနဲ့ အရည်အချင်းမပြည့်မှီမှုများ
ကြောင့်လို့  ဆိုကြပါတယ်။ သူတို့ ကြောင့် အစိုးရ နဲ့ စစ်တပ်ခေါင်းဆောင်များ အပေါ်မှာ
ပြည်သူလူထုက  အဆိုးမြင်မှုတွေ ပို ဖြစ်နေရတယ် လို့ ဆိုတယ်။

ဝန်းကြီးများ လို ပဲ အစိုးရ ၀န်ထမ်းတချို့ ကိုလဲမကြာမှီ အလုပ်မှာထုတ်ပယ်ပြစ်မည် ဟုသိရပါတယ်။ အထူးသတင်းထွက်နေတဲ့ ၀န်ထမ်းများက အကောက်အခွန် ၀န်ထမ်းများ
ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သမတရုံးမှာ အထူးအရာရှိများက နာမည်ဆိုးထွက်နေတဲ့  လေဆိပ်နဲ့ ကမ်းနား အကောက်ခွန်ဌာနရှိဝန်ထမ်းများ စာရင်းကို
အသေးစိတ် လိုက်နေတယ်လို့ သိရပါတယ်။


အခုတလောဦးသိန်းစိန် ရဲ့ပြုပြင်ပြောင်းလဲမှုများ တခုခုပြီးတခုလုပ်ဆောင်လျက်ရှိနေတာကို
တွေ့ ရပါတယ်။ ဦးသိန်းစိန် ရဲ့ နောက်မှာ ဦးသန်း ရွှေရဲ့  အားပေးနေမှုကြောင့် ဖြစ်တယ်လို့ 
သံတမန် သတင်းရပ်ကွက်များ က သုံးသပ်ကြပါတယ်။ 

No comments :