Sunday 20 May 2012

အလုပ်သမား များ က ဒေါ်အောင်ဆန်းစုကြည် ထံအကူညီ တောင်းခံ


by Thurein Bhonewin on Saturday, May 19, 2012 at 12:50am 
 
·
လှိုင်သာယာမြို့နယ်၊စံပယ်ပွင်၊ ပုလဲ၊ နေမင်းအောင်၊ YJ အထည်ချုပ်နှင့် ဟိုင်းမိုဆံပင်တုစက်ရုံ-၅ရုံမှ စုပေါင်းတောင်ဆိုသူအလုပ်သမားများသည် တစ်လအတွက်အခြေခံလခလစာ -၃၀၀၀၀ကျပ်ရရှိရန်တောင်ဆို သော်လည်း ၁၅၀၀၀ကျပ်သာပေး၍တောင်းဆိုမှုမှာမပြေမလည်ဖြစ်နေကြပါသည်။ထို့အပြင် ၁၇-၅-၂၀၁၂ ၌ စက်ရုံအများစုက ၁၈ ရက်နေ့မှစ၍ ၃ရက်အတွင်းအလုပ်မဆင်းလျှင်အလုပ်ထုတ်မည်ဟုဆိုသောကြောင်း အလုပ်သမားထုမှာအလုပ်ပြုတ်မည်အခြေအနေသို့ရောက်ရှိနေပါသည်။ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သိန်းလင်း၊ လှိုင်သာယာမှ ကိုယ်စားလှယ် ဦးဥာဏ်ဝင်းတို့ကိုယ်တိုင် အလုပ်သမားဝန်ကြီးဌာန မှအရာရှိကြီးများနှင့်အတူ ဖြေရှင်ရန်ကြိုးပမ်းသော်လည်း မပြေလည်သည့်အပြင် အလုပ်သမားထုမှာအလုပ် ထုတ်ခံရမည့် အခြေအနေသို့ရောက်ရှိလာပါသည်။
ထို့ကြောင့် (၁၈-၅-၂၀၁၂) အလုပ်သမားရေးဆောင်ရွက်သူ၊ အလုပ်သမားသမဂ ဥပဒေအကြံပေး ဦးဌေးမှ စံပယ်ပွင်၊ ပုလဲ၊ နေမင်းအောင်၊ YJ အထည်ချုပ်နှင့် ဟိုင်းမိုဆံပင်တုစက်ရုံ-၅ ရုံမှ ကိုယ်စာလှယ် (၅၀)ခန့် နှင့်အတူ ကား-၅စီးဖြင့် အဆိုပါနေ့ ၁၁နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ တွေ့ဆုံတင်ပြရန်သွားရောက်ရာ တွေခွင့်မရခဲ့ပါ။ ထို့နောက် NLD ရုံးချုပ်သို့ သွားရောက်တွေ့ဆုံ အကူအညီတောင်ခံရာ ဦးတင်ဦး ၊ ဦးသန်းထွန်း နှင့်အဖွဲ့ချုပ်ခေါင်းဆောင်များလက်ခံတွေ့ဆုံပါသည်။
အလုပ်သမားလှုပ်ရှားမှုခေါင်းဆောင်များနှင့် အလုပ်သမားများကိုအားပေးဂုဏ်ပြုပါသည်။ အလုပ်သမားများဘက်မှ ရပ်တည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ကတိပြုကြပါသည်။ အလုပ်ရှင်အလုပ်သမားပြသနာကို အလုပ်ရှင၊် အလုပ်သမား ၊ အစိုးရ ၃ပွင့်ဆိုင် ဖြေရှင်းနိုင်အောင် အဖွဲ့ချုပ်အနေဖြင့်အစည်းအဝေးထိုင်ပြီး ဆုံဖြတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြပေးမည်ဖြစ်ကြောင်း၊                                                 အဖွဲ့ချုပ်အနေဖြင့် နိုင်ငံတော်အစိုးရထံသို့တင်ပြ၍ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုကြပါသည်။
နေ့လည်တွင် လှိုင်သာယာစက်မှုဇုံသို့ပြန်လည်ရောက်ရှိလာပြီးနောက် အဆိုပါစက်ရုံ-၅ရုံမှအလုပ်သမားများအား ယနေ့ဆောင်ရွက်ချက်များကိုအသိပေးရှင်းလင်းပြခဲ့ပါသည်။

No comments :