Tuesday 26 June 2012

တရားမျတမှု ရှေ့ မှောက်သို့  ( မအေးအေးစိုးဝင်း)

လုထားတာတွေ ပြန်ယူကြမယ်။
Let's Take back the Looted, Stolen Assets from Them!
by Aye Aye Soe Win on Tuesday, June 26, 2012 at 4:00am ·
မြန်မာပြည်က ခိုးသား ၅၀၀ သူတို. ခေတ်နှောင်းပိုင်း (သို.)  နေ၀င်ချိန် တခု မှာ ဘယ်လိုဖြစ်သွားနိုင်တယ်ဆိုတာကို တွေးဖူး ကြလား၊ သူခိုးလက်ကသူဝှက်လု ခြင်း ဆိုတဲ.စကား ကအမှန်တရားဖြစ်တယ်။ သူတို. အဓမ္မ ရယူထားတာတွေ သူတို. တသက်လုံးဖက်တွယ် စောင်. ရှောက် ချင်တိုင်း မဖြစ်နိင်ဘူး၊ ဖြစ်ခွင်.လည်းမရှိဘူး၊ ဖိလစ်ပင်းက ကေ.စ်တခု မှာ လို သူတို. လုထားခိုးထားတာတွေ  ငွေခေါင်းကွဲသွား လိမ်.မယ်။ တချက်ကြည်.ရအောင်။

သူခိုးလက်ကသူဝှက်လု ခြင်း၊

 ၁၉၈၆ ဖေဖေါ်ဝါရီ မှာ  ဖိလစ်ပင်းက အာဏာရှင်မားကိုး စ် မိသားစု ဟိုနိုလူလူ ကို အပြေးအလွှားထွက်ပြေးလာရတဲ. အချိန်ကစပြီး  ၂၀၀၇ အထိ ဖိလစ်ပင်းနိုင်ငံကို ဆွစ်ဇာလန် က ပြန်ပေးတာ ၆၅၈သန်း သာဖြစ်ပါတယ်။   အာဏာရှင်ဟောင်းမားကို.စ် သမ္မတ ဖြစ်ခဲ.တဲ. အချိန်က ၁၉၆၅-၁၉၈၆ အတွင်း စုစု ပေါင်း ၂၁ နှစ်ပါ။  ဖိလစ်ပင်းနိုင်ငံက တရားမ၀င် လုယူခဲ.တဲ. ပိုင်ဆိုင်မှု တွေ က ဆွစ်စ် ဘဏ်တွေချည်းမှာပင် ၁၉၈၆ အထိ  ၃ ဘီလီယံလို.စာရင်း ရှိ ပေမဲ. ဖိလစ်ပင်းနိုင်ငံ က ၁၇နှစ်အတွင်း တစစ ခက်ခက်ခဲခဲ  ကောက်သင်းကောက်ပြန်တောင်းလို.ရတာ ကတော. ၆၅၈ သန်းထဲ ဖြစ်နေတာဘာ အကြောင်းတွေ ကြောင်.ပါလဲ။ 

မာကိုးစ်မိသားစု ကြောင်. ၂၁ နှစ် ( ၁၉၆၅-၁၉၈၆) အတွင်း ဖိလစ်ပင်း တိုင်ပြည်က ဆုံးရှုံး ပျောက်ဆုံးခဲ.တဲ. ပမာဏက ၈-၁၀ ဘီလီယံလို. ၁၉၈၆ နောက်ပိုင်း အသစ်တက်လာတဲ. ပါလီမန်က ကြေငြာခဲ.သော်လည်း၊ လောကထုံးစံ အရ သူခိုးလက်ကသူဝှက်လုတာ ဓမ္မတာမို.၊ ပါလီမန်အသစ် က ရျှည်လျား ခက်ခဲ ရှုပ်ထွေးတဲ.အမှုတွေ၊ တရားတဘောင်ရင်ဆိုင်ခြင်း နဲ.ဘယ်လိုပဲ ကြိုးစားကြိုးစား ပြန်ရတဲ. assets တွေ က တကယ် ဆုံး ရှုံးခဲ. သမျှ ရဲ. ၁၀ပုံ ၁ ပုံ မျှ ပဲ ဖြစ်ပါတယ်၊  ဒီတော.ကျန်တဲ. ၉ပုံ ၁၀ပုံ က ဘယ်ရောက်သွားသလဲ၊ မူလသူခိုးကြီးမားကိုးစ်ကို နိုင်ငံတကာဥပဒေတွေသုံးပြီး ခိုးရာပါပစ္စည်းတွေ ပြန်ရရေး အတွက်ကြိုးပန်း ကြပေမဲ. ဆုံးသွားတာတွေ အကုန်ပြန်မရတာဘာကြောင်. လို. ထင်ပါသလဲ။ အောက်က အချက်တွေ ကို တချက်ကြည်. ရ အောင်။

(၁) ၁၉၈၆ မတိုင် ခင် အမေရိက ဟာဝိုင်အီ နဲ. ဖလော်ရီဒါမှာ မားကိုးစ်ကိုလိုလားတဲ. လူ.မလိုင် စစ်အုပ်စုတွေ၊ ခရိုနီမိသားစုတွေ စည်းစိမ်အပြည်.နဲ. လာရောက် အခြေချနေထိုင်ကြတယ်။ လူဦးရေ စုစုပေါင်း ၁၂၀၀၀ ပတ်ဝန်းကျင်ရှိတယ်လို.ပြောကြတယ်။ အမာခံတပ်သားတွေက ခိုးသား ၅၀၀ ပါပဲ။ သူတို.ထဲက မားကိုးစ် ရဲ. အတွင်းစည်း နှစ်ထပ်ကွမ်း အမာခံ အချို. က ငွေတွေ ကို ရုပ်ပြောင်းရုပ်လွှဲ လုပ်ပေးပြီး မြေယာ အိုးအိမ် အဆောက်အဦ နဲ. ငွေကြေးဈေးကွက်မှာ ရင်းနှီး မြှပ်နှံမှုတွေ လုပ်ထားကြတယ်။ မာကိုးစ် အာဏာ ဆုံးတဲ.အချိန် assets တော်တော်များများက ဒီ သူဝှက်တွေ လက်ထဲ မှာပျောက် သွားတယ်။

(၂) အမေရိကန်ပေါ်လစီရေးရာပိုင်းကလဲ သူတို. စောင်.ရှောက် ပြုစုခဲ.တဲ. အာဏာရှင်မားကိုးစ် အပေါ်မှာ သူတို.ကသာ ကြွေးရှင်လို. သဘောထားပုံရခဲ.တယ်။ ၁၉၆၈ ပတ်ဝန်းကျင်မှာ ဖိလစ်ပင်းသမ္မတ မားကိုးစ်က အမေရိကန်ကို မျက်နှာလုပ်ပြီး ဗိယက်နန်နဲ.စစ်ဖြစ်နေတဲ. အမေရိကန်တပ်တွေကို စစ်ကူုပေးဖို. သူ.ဖိလစ်ပင်းစစ်သားတွေကို  မြောက်ဗိယက်နမ်စီ ပို.ခဲ.တယ်။ ဒီတော. အမေရိက က ငွေသားတွေ။ စစ် စားရိတ်တွေ။ ပြီးတော.လူသိမခံတဲ. ခွံ ပစ္စည်းတွေ နဲ. ဖိလစ်ပင်း ကို ဆုချ တယ်။ ဗိယက်နမ်စစ်နဲ.စပ်လျဉ်းပြီး ပေးခဲ.တဲ.  ဒီ ဆု၊ဒီလပ်လာဘ တွေ အားလုံးရဲ.တော်တော်များများကို မားကိုးစ် အလွဲသုံးစားလုပ်တာ ကိုလည်း အမေရိက ကသိတယ်။  ဒါပေမဲ.ဒါတွေကို  မားကိုးအာဏာ ရှိစဉ်က အမေရိကက တလုံးမှမပြောခဲ.သော်လည်း  မာကိုးစ်လဲ ၁၉၈၆ ဖေဖေါ်ဝါရီ မှာ နန်းကျရော၊ ကိုရာဇန်အကီနို ကို ထောက်ခံ သလိုလို လုပ် ပြိး အမေရိက မှာ မားကိုးပုံစံ အမျိုးမျိုးနဲ. မြှပ်နှံထားတာတွေကိုfreeze လုပ်ခဲ.တယ်။ စာရင်းတွေဖျောက်ခဲ.တယ်။     ခြုံပြောရင်--မားကို.စ်ခိုးရာပါ ပစ္စည်းတော်တော်များများဟာ ဒီအမေရိကန်နိုင်ငံ မှာ စာရင်းအင်း အတိအကျ မရှိပျောက်သွားပြန်တယ်။stolen assets ခိုးရာပါပစ္စည်းဟာ ပုံစံပြောင်းပြီးသွားရင်converted assets ဖြစ်သွားရင် ရအောင်ပြန်ယူရတာသိပ်ခက်ခဲတယ်။ အမေရိကန်အတွက်တော. သူ.ပေးထားတဲ.ပစ္စည်းသူ  ရခွင်.ပြန်ကြုံလို.    ပြန်ယူပစ်တယ်ဆိုတဲ.သဘောပါပဲ။ ကွန်မြူနစ်ဆို နဲနဲကိုများများပုံကြီးချဲ. တတ်တဲ. anti-communist paranoia ရှိတဲ. အမေရိကကလဲ အာဏာရှင်မားကိုးစ်အပေါ် ဗီယက်နမ်စစ်ကာလ အတွင်းမှာ သိပ်ရက်ရောခဲ.ပါတယ်။ မားကိုးစ်ကျဆုံးပြီး နောက် အမေရိက က မားကို.စ်မိသားစုကို လူမှုရေး အကူအညီပေးထားသည်.တိုင် နန်းကျသမ္မတဟောင်းကို လက်ခံထားခြင်းမှာ အမေရိကန်ရဲ. တွက်ချက်ထားပြိးသား အကျိုးစီးပွားပါခဲ.တယ်။ မာကိုးစ် ၏ stolen assets တော်တော်များများက ဒီ လိုနဲ. အမေရိကမှာ   မှာပျောက်သွားတယ်။

(၃) ဆွစ်ဇာလန် က ၁၉၈၃ က စပြီးဥပဒေပြုခဲ.တဲ. Act on International Criminal Assistance ရှိသော်လည်း
ဆွစ်ဘဏ်တွေ ရဲ. လုပ်ထုံးမှာ ပထမဆုံး ကေ.စ် ဖြစ်တဲ. မားကိုးစ် အမှု မှာ ရှုတ်ထွေးမှုတွေ အများကြီးရှိတယ်။ နိုင်ငံတကာမှာ မျှတတယ်ဆိုတဲ. ပုံရိပ်image  ထွက်စေဖို.၊ ၁၉၈၃  AICA   ပြဌန်းမှု ဖြစ်ခဲ.တယ်။ ဒါပေမဲ. လက်တွေ.ပိုင်းမှာ နစ်နာသူ နိုင်ငံ တွေ ကို မျှတ တိကျစွာ ကူညီပေးနိုင်ဖို. အကန်.အသတ်တွေ ရှိတယ်။ ဆွစ်ဇာလန်နိုင်ငံ ကိုယ်တိုင်က သူ.ဥပဒေသစ်နဲ.  တရားမျှတမှု ကို အားပေးချင်တာကတပိုင်း။ တဖက်မှာ လည်း   ကမ္ဘာ. သူခိုးကြီးများ၊ ရာဇ၀တ်ကောင်ကြီးများ၊ နိုင်ငံတကာက ထိပ်သီး အကျင်.ပျက်ခြစားသူတို.ရဲ.ခိုးငွေ လုငွေ တွေ ကို ကာကွယ်ပေးတဲ. Swiss banks တွေ ကြောင်. အကျိုးစီးပွားတွေ ပဋိပက္ခ ဖြစ်နေတယ်။ တကယ်တန်းကျတော.၊ အာဏာရှင်တွေ တစစီခွာခဲ. ဖျက်စီးခဲ. မှုကြောင်. နိုင်ငံငယ်လေးတွေ က ဆုံးရှုံးခဲ.ရ တဲ. ငွေ တွေ ဟာ ဆွစ်ဇာလန် က ဘဏ်တွေ မှာ ဆုံးခဲ. ရတာ များပါတယ်။ မားကို.စ် ငွေ ၃ ဘီလီယံ က သန်း ၆၅၈ သာ ပြန် ရ ခဲ.တယ်။မာကိုးစ် အာဏာ ဆုံးတဲ.အချိန် stolen assets တော်တော်များများက ဒီ လိုနဲ. တွေ Swiss banks မှာပျောက်သွားတယ်။

(၄) မားကိုးစ် မိသားစု ၁၉၈၆ ဖေဖေါ်ဝါရီ မှာ အမေရိကကို အပြေးအလွှား ထွက်ပြေးလာရသည်.တိုင် သူ တို. သစ္စာခံ ကပ်ပါးနိုင်ငံရေးသမားတွေ က ဖိလစ်ပင်းလွှတ်တော်နဲ. နိုင်ငံရေးလောကမှာ အများကြီး ကျန်ခဲ.ပါတယ်။ နှစ် ၂၁ နှစ် အတွင်း နိုင်ငံတခုလုံးကို အကြမ်းဖက်အုပ်ချုပ်ခဲ. ၊ လက် ၀ါးကြီးအုပ် အမြတ်ထုတ်ခဲ.သူတွေ က သမ္မတ ဟောင်း ပျောက်သွားပြုတ်သွား ပေမဲ. စီးပွာ.နဲ. အာဏာ ခိုင်မာနေဆဲဖြစ်တဲ.သူတို.ခရိုနီ တွေ ၊ စစ်အုပ်စု တွေက နေ.ခြင်းညခြင်း ပျောက် မသွားပါဘူး။ ရခဲ.တဲ. အထူး အခွင်.အရေးတွေ ကို သုံးပြီး မာကိုးစ် လုပ်ခဲ.တဲ. ပုံစံတွေ အတိုင်း ဆက်ဖေါက်ပြန် ညစ်ပတ်ကြပါတယ်။  ဖိလစ်ပင်းပါလီမန်က အကျိုးစီးပွား ပဋိပက္ခ ရှိနေတာကို အကြောင်းပြုပြီး တွေ ပြည်သူ. လက်ထဲ Stolen Assets ပြန် မရောက်နိုင်အောင် အမတ်နေရာ၊ ၀န်ကြီးနေရာတွေ ယူပြီး   တရားဥပဒေစိုးမိုးမှု ကို တမင်နှောက်ယှက် ခဲ.ပါတယ်။ ဒီ အချက်ကြောင်.လည်း Stolen Assets  တွေဟာ ပါလီမန် အမတ်မင်းများ ရဲ. လုပ်ကြံမှု အသီးသီးမှာ ပျောက် ဆုံးခဲ. ရပါတယ်။

(၅) မားကို. မရှိတော.တဲ.နောက်ပိုင်း သမ္မတ အသစ် က ဖွဲ.ခဲ. တဲ. Presidential Commission on Good Government (သန်.ရှင်း ကောင်းမွန်သော အစိုးရ အုပ်ချုပ်ရေး ကော်မရှင်) က လဲ ကိုရာဖန်အကီနို ဆိုတဲ. အမျိုးသမီး ခေါင်းဆောင်သစ် အောက်မှာ အခက်အခဲ များစွာ နဲ. ကြုံ ခဲ.ပါတယ်။ PCGG ၏လုပ်ထုံးလုပ်နည်း မခိုင်မာခြင်း၊ နိုင်ငံတကာ က တရားရုံတွေ မှာ အတွေ. အကြုံ မရှိခြင်း၊ အစိုးရ အဖွဲ. အတွင်းပိုင်းက ခြစားဖေါက်ပြန်ရေးသမားတွေ ရဲ. တန်ပြန်မှုတွေ ကို ကျော်လွှားဖို. ပေါ်လစီပိုင်းဆိုင်ရာ ရာနှုန်းပြည်. မသေချာခြင်း၊ ဒီ အကြောင်းတွေ ကြောင်. အကျင်.ပျက်မှု တိုက်ဖျက်ရေး ကော်မရှင် ကြီး ကို သမ္မတ အမိန်. နဲ. အထူး စုံစမ်းစစ်ဆေး ရေး၊ ရာဇ၀တ်မှုအရ အရေးယူရေး၊ တိုင်းပြည်က ပိုင်တဲ. Stolen Assets တွေ ပြန်သိမ်းရေး စတဲ. ခေါင်းစဉ် ကောင်းတွေ နဲ. အခြေပြု ခဲ. သော်လည်း ဒီ အဖွဲ. ရဲ. အထက်ပါ အားနည်းချက်တွေ ကြောင်. မားကို.စ် ယူ သွားတဲ. Stolen Assets တွေ ဟာ ဖိလစ်ပင်း အစိုးရ သစ် ပေါ်လစီနဲ. ဆောင်ရွက် လုပ် ကိုင် ပုံ မခိုင်မာ ၍ လည်း ဆုံးရှုံး ခဲ. ရ ပါတယ်။    


မြန်မာပြည်နှင်.ပတ်သက်၍

တတ်နိုင်သမျှ (အကြွင်းမဲ. ပြည်.စုံ ခြင်း စံနှုန်း တွေ နဲ. အပြည်.မရ နိုင်ဘူး ဆိုရင်တောင် )၊ တတ်နိုင်သမျှ အားလုံး ၀ိုင်းကျိုးစား ရ လိမ်.မယ်။ စိတ်ကူး ယဉ် ခြင်း မမည်တဲ. ဆန္ဒ အပြင်းစားတမျိုးနဲ. စဉ်းစား တွေး ခေါ် ဖူးသူတိုင်း၊ သန်.ရှင်း အားကောင်းတဲ. အစိုးရ တရပ် ကို တောင်.တ မိကြမှာ ပါ။  မူဝါဒရေးရာ ခိုင်မာ ပြတ်သားပြီး ကျောသားရင်သား မခွဲ၊ ဂုဏ်သိက္ခာ ရှိ တဲ. အစိုးရမျိုး။  စီးပွားရေး နဲ. စီမံ ခန်.ခွဲရေး တွေ မှာ ကျွမ်းကျင် လိမ္မာ ရုံသာ မက၊ အခက်အခဲ တွေ ကို အနှစ်သာ ရ ကျန်အောင် ဖြေရှင်းနိုင်တဲ. အစိုးရမျိုး။  
  • ခု တိုင်းပြည်မှု ပြဿနာ အကြီးစားတွေ ရှိတယ်။ မအုပ်ချုပ်တတ်တဲ. အစိုးရ လို. ခြုံပြီး ပြော နေကြပေမဲ. တကဲ. ပြဿနာက မအုပ်ချုပ်တတ်တာထက် --တရားမျှတမှု တွေ၊လူမှုဖူုလုံမှု တွေ ဖြစ်စေတဲ. အခြေခံ တွန်းအားတွေ ကို တမင် ကလာ ပိတ် ဆို. ထားခြင်းပဲ။
  • အာမခံထားမှု တွေ အချို. ရှိနေ ပေမဲ. လက်ရှိ အစိုးရ ရဲ.  စွမ်းဆောင်ရည် ကို သေချာတဲ. ကိန်းဂဏန်းနဲ. တိုင်းလို.မရသေးဘူး၊ အညစ်ပတ်ဆုံး အလေ.အကျင်.ဟောင်းတွေနဲ. ဖေါက်ပြန်ခြစားခဲ.တဲ.၊ ခြစားနေဆဲ ဖြစ်တဲ. လူလက် တဆုပ်စာကို သာ  လုံ ခြုံ့စေတဲ. အစိုးရ တရပ် အဆင်. မှာပဲ ရှိသေးတယ်။ တနည်း--အနာဂတ် တချိန်မှာ အရေးယူခံ ရမဲ. သူအချို.ရဲ. ယာယီ နားခို ရာ ကြားခံ လွှတ်တော် တခုသာဖြစ်တယ်။
  • မျှတသော စီးပွားရေး နဲ.ဈေးကွက်စနစ် အတွက် မျှတသော ပြိုင်ဆိုင်ခွင်.ဥပဒေတွေ မရှိသေးသရွေ. ထုတ်လုပ်.မှု၊ ဖြန်.ဖြူးမှု၊ စားသုံးမှု ဒီ ၃ဆင်.လုံးမှာ ရေရှည်ပြဿနာ ကြီးတွေ ဆင်.ကာဆင်.ကာ ပေါ် လာဖို.သာရှိတယ်။
  • ထိပ်သီး ခေါင်ပိုင်း က အကျင်.ပျက်ခြစားမှုတွေ ကို နောက်ကြောင်းပြန်လိုက်တဲ. နိုင်ငံတကာ က  အဖွဲ.အစည်းတွေ က ၂၀၀၃ အလွန်မှာ ၁၉၈၀ နှစ်တွေ က ထက် ပို ခိုင်မာလာတယ်။ အာဖရိက နိုင်ငံအချို.မှာ Anti-Corruption Investigation and Assset Recovery  တွေ ကြောင်.ဘီလီ ယံ နဲ. ချီပြီး ပြန်ရခဲ.တာ ၂၀၀၆ နောက်ပိုင်းမှပါ။ တရုပ် အစိုးရက ဦး သန်းရွှေ မိသားစု ကို အကာ အကွယ်ပေး နိုင်သည်.တိုင် ကျန်တဲ. ခိုးသား ၅၀၀ အတွက် လက်ရှိ အုပ်ချုပ်နေသူများက အားလုံးအတွက် တဦးစီအတွက် အာမ ခံ မပေးနိုင်တာသေခြာတယ်။ မိမိတိုင်းပြည် ကထွက်ပြေးလည်း  လက်ခံ တဲ. အိမ် ရှင် နိုင်ငံက သူဝှက် အကြီးစားဖြစ်နေတဲ.အခါ ကိုယ်. ခိုးရာပါပစ္စည်း သန်း၁၀၀၀ ဆို ၃၅၀သန်းလောက် သာ အသားတင်ကျန်မှာ ဖြစ်တယ်။ ခု ဦးသန်းရွှေ ရဲ. စီမံကိန်းတွေ မှာ တရုတ်က ၃၅း၆၅ နဲ. သဘောတူထားတဲ.အတိုင်းပါပဲ။
  • နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ချုပ်ကိုင် ထားမှု Grip on National Assets ကိုကမ္ဘာကြီးတခုလုံးကစောင်.ကြည်.နေကြတယ်။ ဒီ အချက်က ကျန်တဲ. နေရာများစွာမှာလက်ချိုး မရေတွက်နိုင်အောင် မှားနေတဲ. ကိစ္စတွေ ထက် ရိုက်ချက်ကြီးမားတယ်။ ပြည်ပရင်းနှီးမြှပ်နှံရေး နဲ. အထွေထွေ သောလူမှုစီးပွား အကူအညီတွေ ပြည်ပကပေးသင်.မပေးသင်. ဆုံးဖြတ်တဲ.နေရာမှာ ဒီ တချက်ကို ကျေနပ်စရာ အနေအထား တခု အထိ အစိုးရက ဖြေလျော.မပေးနိုင်ဘူးဆိုရင် အစိုးရ မျော်လင်.ထားတာတွေဖြစ်မလာပဲ၊ မမျော်လင်.ထားတာတွေပဲ ရင်ဆိုင်ရလိမ်.မယ်။ 
သန်.ရှင်း တဲ. ခိုင်မာ တဲ. အုပ်ချုပ်ရေး (သို.) အစိုး ရတရပ် မျိုး ပေါ် ပေါက်က လာဖို.ဆို တာ ခု  မြန်မာပြည် က လက်ရှိ အခြေအနေ တွေ အရ အခွင်.အလန်း နည်းပါးလွန်း နေသေးတယ် ။အရင် က စစ်အစိုးရ အနေနဲ.လည်း  အခွင်.ထူးတွေ ယူခဲ.တယ်။ ခုလည်း ဒိမိုကရေစီ နံမည်ခံပြီး  အခွင်.ထူး တွေ ထပ်တလည်းလည်း ဆက်လက် ရ ယူ ဖို.ကြိုးစားနေ ဆဲပဲ ဆို ရင် ရေတို ရေရှည်မှာ ထင်မထားတာတွေ တခုပြီးတခု ဖြစ်လာပါလိမ်. မယ်။ ကိုယ်.ထွက်ပေါက်ကိုယ်ပြန်ပိတ်တဲ. အတွက် ရေ ရှည်မှာ ဘယ်သူ.အပြစ်ဖြစ်မလဲ။ စဉ်းစားဖို.တချက်ပါ၊
အပြစ်မဲ.ပြည်သူလူထုကို ကြမ်းတမ်းစွာ အဓမ္မ အုပ်ချုပ်ခဲ.တာ နှစ်၅၀ ကြာခဲ.ပြီ။ သူတို.ရပ်သင်.ပြီ။ ပြဿနာတွေကို သူ.ဖက်ကိုယ်.ဖက် မနစ်နာစေပဲ အကျိုး ကြီးကြီးတွေ ကျန် အောင်၊ အစိုးရက လုပ်ပေးချင်စိတ် ရှိရင်---- 

(၁) မျှတတဲ. စီးပွားယှဉ်ပြိုင်မှု Fair Competition Rights  သေချာပေါက်လိုအပ်တယ်။
(၂) ခြစားမှု တွေ ကို စနစ်တကျတိုက်ဖျက်ဖို. Special Commission for Anti-Corruption  သေချာပေါက်လိုအပ်တယ်။   

ခုတော. အကျင်.ပျက်မှု တွေ ကို ပြတ်ပြတ်သားသား ရင်ဆိုင် ရ မဲ. အချိန်မှာ နိုင်ငံတကာ က ပေးစာကမ်းစာ ကို မျှော်ပြီး၊ ခိုးသား၅၀၀ တို.ရဲ. အတွင်းစည်းထဲမှာတော. သူခိုးထက်ကြီးတဲ. နိုင်ငံခြားက သူ ၀ှက်တွေ လက်ထဲ တိုင်းပြည် ရဲ. ပိုင်ဆိုင်မှု တွေ အတင်းလက်သိပ်ထိုးပေး ပြီး ဆက်အုပ်ချုပ်နေတာ သိပ် အန္တရာယ်များတယ်။ သို.သော် -အဖြစ်အပျက်တွေ မြန်ဆန် တဲ. ကမ္ဘာကြီးမှာ သူတို.လုထားတာတွေ ပြန် ရယူဖို. မြန်မာ ပြည်သားတွေ ( ဖိလစ်ပင်း က မားကို.စ် ကေ.စ် မှာ လို) ၁၇ နှစ် ကျော် ကျော် စောင်. ရ လိမ်.မယ် မထင်ပါ၊


ကျေးဇူးပါ၊
AASW
June 25, 2012

3 comments :

Anonymous said...

A dark side of human behavior? Well, people also steal/ change BFs/GFs when not satisfied with one?

Anonymous said...

Where is U Nay Win"s money?

Anonymous said...

ဖတ်မိတာ မှားပါတယ်။