Thursday, 14 June 2012
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဂုဏ်ရည်များ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ( သို့ မဟုတ်) ကေသရာဇာ ခြင်္သေ့မင်း ကြီး 
၁။ မြန်မာ့ လွတ်လပ်ရေး ကို အဦးဆုံးမျိုးစေ့ချပေးတဲ့ ဖခင်ကြီး။ ( Founding Father of Independence)
၂။ ငြိမ်းချမ်းရေးဖခင်ကြီး။ ( Pace Maker)
၃။ ပြသနာတွေဖြစ်လာရင် ဘယ်တော့ ကြားမနေ၊ ယုံကြည်ရဖက်က ရပ်တည်သူ။ 
၎။ မြန်မာ စာ ပေ ဖွင့်ဖြိုးအောင် လုပ်ဆောင်ခဲ့သူ။ ကဗျာဆရာနဲ့  သရောစာ ဆရာကြီး ( King of Modern Literature)  
၅။ ကျဉ်းမြောင်းတဲ့မြန်မာ့အမျိုးသားရေးဝါဒီတွေကို ဆန်ကျင်ခဲ့သူ။ 
နိင်ငံတကာလူသားဝါဒကိုလက်ခံခဲ့သူ။ 
၆။ ဆိုရှယ်လစ် အတွေးအခေါ်ကို အားပေးခဲ့သူ။  
၇-မြေအောက်ကွန်ယက် တို့ ရဲ တည်ထောင်သူဖခင်ကြီး ။  ( Founding Father of U .G)
၈- ပထမဆုံး နိင်ငံသားသတင်းစာဆရာကြီး (   Citizen Journalist) 
၉  - အမျိုးသား ပညာရေး ကိုမြင့်တင်ပေးခဲ့သူ (  Educator) ။
လမ်းပြ ကြယ်
မြန်မာလွတ်လပ်ရေးရရှိအောင်အမျိုးသားလွတ်မြောက်ရးလှုပ်ရှားမှုကြီး ရှေ့ ဆောင်လမ်းပြခဲ့တဲ့တာ
အတွေးအခေါ်ရရှေ့ ဆောင်ခဲ့တာ ဆရာကြီး သခင်ကိုယ်တော်မိုင်းဖြစ်ပါတယ်။ သူဘ၀တလျောက်မှာ အတိုက်ခိုက်တွေကလဲများတယ်။ အခက်ခဲတွေကလည်းများတယ်။ ဒါတွေအားလုံးကိုသူကျော်ဖြတ်ခဲ့တယ်။
မြန်မာ့နိင်ငံရေးက သူတလူငါတမင်းဖြစ်နေတာ၊
အုတ်ကြားမြက်ပေါက်တွေ ကြီးဆိုးတွေကတတ်ယောင်ကားပြောနေကြတာ၊ အချောင်သမားနဲ့ ကိုယ်ကျိုးသမားတွေအလွန်များလွန်းလှတာ ၊လက်ဝဲ၊လက်ယာသူငယ်နာတွေ ငမ်းဖမ်းရောတွေ ဖြစ်ကြတာ အခုမှမဟုတ်ပါဘူး။ 
 မြန်မာ့လွတ်လပ်ရေးကြိုးပန်းနေတဲ့ကာလ တုံးကလဲ ခုလိုပဲ ရှိခဲ့တယ်။ဖြစ်ခဲတာပါ။  
လွတ်လပ်ရေးကြိုးပန်းစဉ်ကာလ သာမာန် လူထုတွေဘ၀က   အမှောင်ထဲကစမ်းတ၀ါးဝါးဖြစ်ခဲ့တယ်။ 
မုန်းတိုင်းထဲက လှေငယ်လို ဘယ်သောင်ဘယ်ကမ်းဆိုက်ပါမလဲ လို့ စိတ်လျော့အားငယ်စရာတွေပြည့်နက်ခဲ့ရပါတယ်။  
ဒီလိုမိုးသက်မုန်တိုင်းတွေကြားထဲမှာ အားငယ်နေတဲ့ ပြည်သူတွေကို မီးရောင်ငယ်ပြပြီးလမ်းမှန်ကိုခေါ်ပေးခဲတဲ့ တဦးတည်းသော ခေါင်းဆောင်ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာဖြစ်ပါတယ်။
++
ကိုရင်လေးရဲ့ မျက်လုံး 
 အမျိုးသားကျောင်းတွေကို တပြည်လုံးမှာသူလိုက်လံ တည်ထောင်ပေးခဲ့တယ်။ ပညာတတ်တွေမွေးထုတ်နိင်မှာ လွတ်လပ်ရေးကို ရမယ်လို့ သူမြင်ခဲ့လို့ ဖြစ်တယ်။ 
                                                                   ++
အင်္ဂလိပ်ကိုသူတို့ မုန်းပေမဲ့ 
အင်္ဂလိပ်စာကို သူမမုန်းခဲ့ဘူး။ အစွန်းရောက်ဘုန်းကြီးတွေက အင်္ဂလိပ်စာကို မိစ္ဆာ စာ လို့ သတ်မှတ်ပြီး မသင်ရဘူးလို့  ပြဌာန်းခဲ့ကြပေမဲ့ သူကျောင်းတွေမှာအင်္ဂလိပ်စာကိုသင်ကြားပေးခဲ့တယ်။ အင်္ဂလိပ်စာတတ်မှာ လွတ်လပ်ရေးနဲ့ အနာဂတ်နိင်ငံတော်တည်ဆောက်ရေးကို ထိထိရောက်ရောက်လုပ်နိင်မယ်ဆိုတာသူကြိုတင်မြင်ခဲ့တယ်။ 
 အင်္ဂလိပ်ဆိုရင် လိပ်ခွံဘီးကိုတောင်မသုံးရဘူး။ အင်္ဂလိပ်အလိုတော်၇ိတွေ၊ အစိုးရရုံးမှာလုပ်နေတသူတွေကို တံတွေးနဲ့ထွေးနေကြတဲ့အချိန်မှာ  သူကျောင်းကအင်္ဂလိပ်စာကိုလဲသင်ကြားပေးခဲ့တာဟာတော်တော်တော့ စွန့်စားတဲ့အမြင်ဖြစ်ပါတယ်။    ရန်သူကို အနိင်ရဖို့ ဆိုရင် ရန်သူထက်မြင့်မားတဲ့ ယျဉ်ကျေးမှု
ရှိရမယ်ဆိုတာ ကို သူ တွက်ဆ မိတယ်လို့ ဆိုရမှာပါ။  ယျဉ်ကျေးမှုနိမ့်တဲ့ တုန့်  ပြန်မှုတွေကို
သူအားမပေးခဲ့ပါဘူး။
                                                           ++ 
 လွတ်လပ်ရေးကြိုးပန်းစဉ်ကာလမှာ နယ်ချဲ့ကိုလိုနီအစိုးရက နံပတ် ၁ ရန် သူအဖြစ်သတ်မှတ်ခံရသူမှာ ဆရာကြီးဖြစ် ပါ တယ်။  သူရဲ့  ကြားမနေတဲ့အမြင်တွေကြောင့် 
ရန်သူလည်းအလွန်များခဲ့တယ်။ ဘယ်လောက်များခဲ့သလဲဆိုရင် တခါက 
ဘကြီးဘဖေ က သံဃာ ၀န်ဆောင်မှုစာရိတ်တွေကြောင့် နိင်ငံတော်နဲ့ လူထုမှာဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်လို့  ဆောင်းပါးတပုဒ်ကိုရေးခဲ့တယ်။ 
တပြည်လုံး အုံးအုံးကြွက်ကြွက်ဖြစ်သွားတယ်။ ပိုဆိုးတာက ဒီဆောင်းပါးကိုရေးတဲ့ ဘကြီးဘဖေက မူစလင်ဘာသာဝင်ဖြစ်နေတယ်။  မြန်မာ့ နိင်ငံရေးနဲ့  ဘာသာရေးအသိုင်းဝိုင်းမှာ  ဒီဆောင်းပါးကြောင့် အကြီးကျယ်ဂယက်ရိုက်ခဲ့ကြတယ်။ 
ဒီပွဲမှာ ဆရာကြီး တယောက်ထဲ ဘကြီးဘဖေ ပြောတာမှန်တယ်ဆိုပြီး ဘကြီးဘဖေဖက်ကနေ 
ဆောင်းပါးတွေရေးပြီး ထောက်ခံခဲ့တယ်။
သူရဲ့ ပညာညဏ်ကြီးမားမှုကြောင့် သူကို အတွေးအခေါ်အရစိန်ခေါ်လာတဲ့ရန်သူတွေဟာ တယောက်ပြီးတယောက် ဒူးထောက်အရှုံးပေးခဲ့ရတယ်။သမိုင်းအမိုက်ခြင်းထဲမှာ တယောက်ပြီးတယောက်ဇတ်သိမ်းမကောင်းဖြစ်ကြတယ်။ ဆရာကြီးကတော့ သမိုင်းဂုဏ်ပြောင်ခဲ့တာသူရဲ့  ပညာညဏ်ကြောင့်ဖြစ်တယ်။
ကုလား-ဗမာ အဓိကရုဏ်းဖြစ်ပွားစဉ်က ဆရာကြီးက ထိုအဓိကရုဏ်းကိုရှုတ်ချခဲ့ ပါတယ်။ နယ်ချဲ့ အင်္ဂလိပ်ကိုပဲ အဓိကတရားခံလို့ သတ်မှတ်ပြီး နယ်ချဲ့ ကို ဆန်ကျင်ဖို့  တိုက်တွန်းခဲ့တယ်။ 
ရေကိုတားထားလို့   တံတားဟုခေါ်ကြောင်း။ ရေတစက်တစက်ကျနေတဲ့အရာကို တံစက်မြိတ်။
ပါးစပ်ထဲထွေးလိုက်တာကို တံတွေး၊ ရေ လို့ ထင်ရတဲ့အရာကို တံလျှပ်လို့ ခေါ်ကြောင်း။ 
ရေကိုသွယ်တန်းပေးပြီးလိုရာကိုယူသွားတဲ့အရာကို တံလျောက် ( နောက်ပိုင်းမှာ ရေတံလျောက်) လို့ သုံးစွဲခဲ့ကြောင်း။ တံ ဆိုတာကို ကျနော်တို့ မသိခဲ့ပါ။ ဆရာကြီးရှင်းပြမှသိခွင့်ရပါတယ်။
အလားတူပဲ စကားလုံးပေါင်းများစွာရဲ့ မူရင်းတွေ၊အနက်တွေကို ဆရာကြီးလောက်ဘယ်သူမှမသိကြပါ။ သူရဲ့ စာပေနှံစပ်မှုကြောင့်သူဟာဂျာမဏီနိင်ငံတက္ကသိုလ်တခု ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ကိုလည်းရရှိခဲ့တယ်။
သီပေါမင်းကိုကြက်ကလေးငှက်ကလေးလိုဖမ်းသွားတာကိုမြင်လိုက်ရတဲ့ ကိုရင်ကလေး။ 
ထိုလူငယ်လေးက  နယ်ချဲ့ ဆန်ကျင်ရေးအတွက် ကြီးမားလှတဲ့ မီးတောက်ကြီးကို စတင်ထွန်းညိပေးခဲ့တယ်။ နယ်ချဲ့ ဆန်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးအတွက် 
အသုံးမကျလှတဲ့ အမျိုးသားရေး ၀ါဒီများကို
လမ်းခွဲထွက်လာခဲ့တဲ့ တယ်။ ဆယ်ကျော်သက် ( Teenage) တွေဖြစ်တဲ့  အောင်ဆန်း (၊ သန်းထွန်း၊ မောင်နု စတဲ့ မိုက်ယူရဲ လူငယ်တွေနဲ့ လက်တွဲ ခဲ့တယ်။ 
သူတို့ နဲ့ဆရာကြီးတွေ့ တဲ့အချိန်မှာ အောင်ဆန်း( ၁၆နှစ်)၊ သန်းထွန်း ( ၁၆ နှစ်)၊ မောင်နု ( ၂၁)၊ သိန်းဖေမြင့် ( ၁၆)၊ ကျော်ငြိမ်း ( ၁၆ နှစ်) မျှသာရှိကြသေးတယ်။ ဆရာကြီးက အသက် ၄၀ခန့် ဖြစ်တယ်။ သူတပည့်တွေကို အမျိုးသားခေါင်းဆောင်တွေဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့သူဟာ သခင်ကိုယ်တော်မှိုင်း ဆိုတဲ့ မဟာ မျိုးချစ်သူရဲကောင်းကြီး သာဖြစ်ပါတယ်။ 
                                          ဆရာကြီး အုပ်ဂူ 
၁၉ ၆ ၈ ခုနစ်လောက်ထင်ပါတယ်။  ကျနော့် အသက် ၅ နှစ်ခ န့်မှာ မိဘတွေက ကျနော်ကိုရင်ဝတ်ပေးကြတယ်။ ။ ကျနော်တို့ ညီအကိုဝမ်းကွဲတွေ နှစ်ဒါဇင်နီးပါး
နဲ့ အတူ ရန်ကုန်မြို့  ရွှေတိဂုံဘုရားလမ်း မှာရှိတဲ့ ကျားကူးကျောင်းတိုက်မှာ ၀တ်ကြတာပါ။  
ကျားကူးကျောက်တိုက်ဆရာတော်ကြီးက ဆွေနီးမျိုးစပ် ဖြစ်တယ်လို့ 
မိဘတွေကပြောကြတယ်။  ကျနော်တို့် ကိုရင်တွေ ဟာ ညနေတိုင်းရွှေတိဂုံဘုရားကို လမ်းလျောက်သွားကြတယ်။ လမ်မကြီးဟာရှင်းနေတယ်။ တိတ်ဆိတ်နေတယ်။ သစ်ရိပ်ဝါးရိတ်တွေနဲ့ သိပ်လှတယ်။  ဘုရားရင်ပြင်ပေါ်က အမိုက်တွေကို ကျနော်တို့ ကိုရင်တသိုက်လှည်းကြတယ်။ ရှင်းကြတယ်။ အပြန်မှာ နေရာ ၃ သုံးခုကို အမြဲဝင်ကြတယ်။ ကစားကြတယ်။ 
တခုက သွေးဆေးကန် ဆိုတဲ့လိပ်ကန် ပါ။ လိပ်ကန် မှာ လိပ်တွေ ငါးတွေနဲ့ပြည့် နက်နေတယ် 
ရေဟာကြည်လင်နေတယ်။ ရေကန် ဟာ သန့် ရှင်း သန့် ပြတ်နေတယ်။  ရေကန်ပတ်လည်မှာ
ရောမသစ်ပင်ကြီးတွေ လိပ်စာငါးစာရောင်းသူတွေကို မှတ်မိတယ်။ အစာတွေဝယ်ပြီးကျနော်တို့ 
ကြွေးကြတယ်။ 
ပြီးရင် အဆောက်ဦးတခုကို ကျနော်မမှတ်မိတော့ပါ။ ထိုအဆောင်ဦးရှေ့ မှာ ရှေ့ မြန်မာစစ်တပ်သုံး အမြှောက်တွေကို ပြသထားတယ်။ ကျနော်တို့ အမြောက်တွေရှေ့ မှာထိုင်ကြတယ် ။ အောက်မှချထားတဲ့ အမြောက်ကျည်ဆံတွေကို
လှိမ့် ကစားကြတယ်။ 
နောက်ပြီးရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအုပ်ဂူကိုကျနော်တို့ သွားကြတယ်။ ပထမဆုံးရောက်ခဲ့စဉ်က မြင်ကွင်းကို ပြောပြခြင်တယ်။ ဆရာကြီးရဲ့ အုပ်ဂူ အဆောင်ဦးလေးဟာ မပိတ်သေးပါ။ သူကို မှန်အခေါင်းနဲ့  ဆေးစီရင်ပြီး ထည့်ထားတယ်။ အခန်းရဲ့ အလယ်မှာ ကျောက်ခုံတခုပေါ်မှာ တင်ထားတယ်။  သူအခေါင်းရဲ့ ခေါင်းရင်းမှာတနေ ရမှာ  အဖိုးအို တယောက်ကစားပွဲနဲ့ကုလား ထိုင်နေပြီး သူရဲ့ ကိုယ်ရေးအထုပတိလက်ကမ်းစာဆောင်လေးကို တွေကို  ပေးနေလေ့ရှိတယ်။ 
ကျနော်တို့ က ငယ်သေးတော့ မမြင်ရဘူး ၊ အလောင်းကိုတင်ထားတဲ့ အုပ်ခုံကကျနော်ထက်မြင့်နေတယ်။ ကျနော်အဖိုးက ကျနော်ကို ချီပြီး ပြပါတယ်။ 
သူဟာ ဆးဆရာတဦးလား လို့ ကျနော်စဉ်းစားနေတယ်။  တခါ ကျနော်ကိုချီပြီးပြနေတဲ့ 
အဖိုးကို ဖက်ထားရင်း ငါအဖိုးလဲ သေရင် ဒီလိုမျိုးဖြစ်သွားမှာလားလို့  စိုးရိမ်စိတ်လဲဝင်လာတယ်။ 
အဘ၊ အဘ သူဘယ်သူလဲ လို့  ကျနော် အကိုတွေက တယောက်တပေါက်မေးကြ မြန်းကြတယ်။  အဘ က ဆရာကြီးမှိုင်းပေါ့ကွ သိပ်တော်တဲ့ဆရာကြီးလို့ တခွန်းပဲပြန်ဖြေတာကိုခုထိမှတ်မိတယ်။ 
++ 
ကြီးလာတော့ဆရာကြီးရဲ့  စာတွေ၊ကဗျာတွေဟာ ကျနော်ကိုလွမ်းမိုးခဲ့တယ်။  သူကဗျာတွေကိုသိပ်ကြိုက်တယ်။ ကဗျာတွေကကောင်းလွန်းလို့  ဘယ်ဟာအကောင်းဆုံးလဲလို့ တောင်ပြောရခက်တယ်။ ဒါပေမဲ့  အကြိုက်ဆုံးကဗျာ ကတော့
အညာမင်္ဂလာဆောင်ဖြစ်တယ်။ ဆရာကြီးကောင်းကြောင်းတွေပြောရတာသိပ်အရသာရှိတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ဂျပန်ကိုရောက်တယ်။  ဒေါက်တာအေးချမ်းက အညာမင်္ဂလာဆောင်ကဗျာ
ကိုသူအလွတ်ရတယ်လို့ ဆိုတဲ့အတွက် သူနဲ့   ကချင်စားသောက်ဆိုင်မှာချိန်းလိုက်ကြတယ်။ 
သူနဲ့ ကျနော်ဂျပန်ဆာကေးသောက်ကြတယ်။ ဒေါက်တာအေးချမ်းက အရှိန်လေးရတော့
အညာမင်္ဂလာဆောင်ကို အလွတ်ရွတ်ပြ တာ အလွန်ကောင်းတယ်။ ကျနော် ဖုံးနဲ့  ဗွီဒီယိုပါရိုက်လိုက်ပါသေးတယ်။ ကျနော်ကံကောင်းတာက ဆရာကြီးရဲ့ အညာမင်္ဂလာဆောင်
ကဗျာကို  သူက ရွတ်ပြရုံတင်မက အဓိပါယ်တွေပါပြန်ပြောပြတာ။  နိင်ငံရေးလူမှုရေးနောက်ကြောင်းကိုသူရှင်းပြတာ လေးနက်တဲ့သမိုင်းအမြင်တွေကိုသူရှင်းပြတာ။ 
+  
တိုကျိုမြို့က ကချင်စားသောက်ဆိုင် မြန်မာ လူငယ်တွေနဲ့စည်ကားနေတယ်။  ခေတ်ပေါ်တေးသံက ပြန့် လွင့်နေတယ်။မြန်မာအလုပ်သမား
လူငယ်တွေ တနေ့ တာ ပင်ပန်းလာမှုတွေကိုဒီမှာလာပြီးက
သုတ်ကရက်အပန်းဖြေနေကြရရှာတယ်။  စားသောက်ဆိုင်ထောင့်တနေ့ ရာမှာ ဆရာကြီး ကဗျာကို ရွတ်သူတဦးနဲ့  နားထောင်သူပရိတ်သပ်တဦး ပဲရှိပါတော့တယ်။ ဆရာကြီးအတွက် ဆာကေးတခွက်ကိုင်ပြီးသူဂုဏ်ပုဒ်ကိုချီးမွန်းထောပနာပြု သူ ကျေးဇူးကို ပြန်ဆပ်ဖို့ နှလုံးတွေနဲ့သစ္စာပြုခဲ့ပါတယ်။ 
( We Fight We Win )
3 comments :
Anonymous said...
Thank you for sharing.
Appreciated. :)
panchit said...
ချီးကျူးတယ်ဗျာ။စာအရေးအသားကလဲကောင်း၊
ဗဟုတုတလဲရ၊ဆက်ရေးပါဗျာ၊ကျေးဇူးပါ
Anonymous said...
ဆရာကြီးကပြောတယ် မိုးသီးရာ မင်းငါ့ကို မချီးကျူးပါနဲ့ကွာ တော်ကြာ မင်းချီးကျူးလိုက်မှ ငါလဲ လူပေါလုံးလုံးဖြစ်သွားမှာစိုးလို့ ပါ တူမောင်ရယ်တဲ့။