အခုတလော ကြံ့ဖွတ်တွေ တင်ထားတဲ့ ဗီဒီယို
ကလစ်ကိုကြည့်ပြီး ကျနော့်ကို စိုးရိမ်စိတ်နဲ့  မိတ်ဆွေတွေက မေးကြ၊
တယ်လီဖုန်းကိုခေါ်နဲ့  အလုပ်တော်တော်များသပေါ့လေ။ ကျနော်အတွက် စိုးရိမ် စိတ်နဲ့
မေးမြန်းလာတဲ့ ဓမ္မမိတ်ဆွေ တွေကို ကျေးဇူးတင် ကြောင်း ပြောချင်ပါရဲ့  ။
ဒီဗွီဒီယိုက ၂၀၀၇ ခုနစ် သံဃအရေးတော်ပုံကြီး ကို စစ်အုပ်စုက သတ်ဖြတ်နိမ်နင်းခဲ့တဲ့အတွက် တပြည်လုံး နာကျည်း ခဲ့ကြတာကိုမှတ်မိကြဦးမယ်ထင်ပါတယ်။
ဒီလှုပ်ရှားမှုဖြစ်လာတဲ့အတွက် မစိုးရိမ်ဆရာတော်ကြီး ကို ကျနော်လျောက်ထားပြီး စစ်အုပ်စုဆန်ကျင်ရေး လှုပ်ရှားမှုတွေလုပ်ဖို့  နိင်ငံတကာ လှုပ်ရှားမှုတွေလုပ်ဖို့  ပြင်ဆင်ခဲ့တယ်။ ပီနန်ဆရာတော်ကြီးက
ခေါ်ယူတဲ့အတွက် ကျနော်မလေးရှားကိုလည်းသွားခဲ့တယ်။ မလေးရှားက မြန်မာအလုပ်သမားတွေ၊ တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ အဖွဲ့ တွေ အားလုံး
ကိုစည်းရုံးခဲ့တယ်။

ကျနော်မူကတော့ စစ်အာဏာရှင်တွေနဲ့  ဘုံရန်သူကြံ့ဖွတ်
အမျိုးဘာသာသာသနာရဲ့ ရန်သူလို့ သတ်မှတ်ထားတာပါ။ ဘုံရန်သူကို တိုက်ဖျက်ဖို့ အတွက အားလုံးနဲ့လက်တွဲဆောင်ရွက်နေသူဖြစ်ပါတယ်။
ပြည်တွင်း လှုပ်ရှားမှုနဲ့ ပြည်ပလှုပ်၇ှားမှုကို
အရှိန်မြင့် ခဲ့ကြတယ်။ သိသာတဲ့ ပြည်ပလှုပ်ရှားမှုကတော့ စစ်အုပ်စုခေါင်းဆောင်တွေကို စီးပွားရေးအရ ဒဏ်ခတ်တဲ့ ဥပဒေကို အမေရိကန် ပြည်ထောင်စုက ချမှတ်နိင်ခဲ့တယ်။
စီးပွားရေးပိတ်စို့ မှုတွေထဲမှာ ၂၀၀၇ က ၀ရိဇိန် လက်နက်ဖြစ်ခဲ့တဲ့ဥပဒေစစ်ခေါင်းဆောင်တွေ ဟာ နိင်ငံတကာ လှည့်ရင် ခရက်တစ်ကဒ်နဲ့သုံးလို့  မရပဲ လူတောမတိုးနိင်တဲ့ဘ၀ကိုရောက်အောင်လုပ်ဆောင်နိင်ခဲ့တဲ့ဥပဒေပါ။ ခုထိကို ခေါင်းမဖေါ်နိင်သေး တဲ့အတွက် အလွန်အားရပီတီဖြစ် စရာပေါ့။
လက်နက်ကိုင်လှုပ်ရှားမှုတွေအတွက်လည်း အားပေးကူညီခဲ့နိင်ပါတယ်။ ဒီဗီဒီယိုကလစ်ကလေးကို ကြံဖွတ် တွေ အပြည့်သူတို့ မတင်ရဲ ပါဘူး။ဒီတော့ဖြတ်ညပ်ကပ်လုပ်ပြီး အောက်ကလိအာလုပ်နေတာပါ။
ကေသရာဇခြေင်္သေ့ မင်းတို့ မည်သည် တောခွေးအ တွေ ဟောင်တိုင်းလိုက်မဟောင်ကြပါဘူး။

လူပြောမသန်၊ လူသန် မပြော ဆိုသလိုပေါ့။ ဒါကြောင့်ငြိမ်နေတာပါ။
လုပ်စရာရှိတာကို ဆက်လုပ်နေပါတယ်။
အပြစ်မဲ့ ပြည်သူတွေဘေးရန်ကင်းပါစေ
ဖေါက်ပြန်တဲ့ ကြံဖွတ်အုပ်စု ကျဆုံးရမည်။
မိုးသီး

1 comment :
where is video ..
Post a Comment