Saturday 2 June 2012

မူဘာရက် ကို ထောင်ဒဏ် တသတ်တကျွန်း ပြစ်ဒဏ်ချ



တိုင်းပြည်မှာ အာဏာရှင်စနစ် ထပ်မံ မပေါ်လာဖို့ အာဏာရှင်ဟောင်းတွေကို သေဒဏ်ပေးသင့်သလား?
မူဘာရက် ကိုကော သေဒဏ်ပေး သင့်သလား?
သင်   ဘယ်လိုမြင်သလဲ?

နှစ်ပေါင်း ၃၀ ကျော်ကြာ  အာဏာကို အလွဲသုံးစားလုပ်ခဲ့တဲ့ အာဏာရှင် အီဂျစ်သမ္မတဟောင်း ဟူစိန်မူဘာရက်ကို အီဂျစ်တရားရုံးတော်က ထောင်ဒဏ် တသတ်တကျွန်း ပြစ်ဒဏ်ချ လိုက်ပါပြီ။ ဒါပေမဲ့လည်း တရားရုံးတော် က  ပြစ်ဒဏ်ကို ချမှတ်ပြီး နောက် ဒီပြစ်ဒဏ်ဟာ  အလွန်နည်းတာကြောင့် တရားစီရင်မှုမှာ တရားမျှတမှု မရှိဘူးလို့ တရားရုံးပြင်ပမှာ လူထု က စုရုံးပြီး အော်ဟစ်ပြောဆို ဆန္ဒပြခဲ့ကြတယ်။ သူနဲ့အတူ ပြည်ထဲရေးဝန်ကြီး နှင့် ပြည်ထဲရေးထိပ်တန်း အရာရှိ ၆ ဦး ကိုလည်း အီဂျစ်တရားရုံးတော်က ထောင်ဒဏ် တသတ်တကျွန်း ပြစ်ဒဏ်ချခဲ့ပါတယ်။ ဆန္ဒပြ အီဂျစ်ပြည်သူတွေ ကို သတ်ဖြတ်ပစ်ခတ်မှု  ကို အမိန့်ပေးခိုင်းစေခဲ့မှုကြောင့် လူသားများအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု အတွက် ထောင်ဒဏ် တသတ်တကျွန်း အီဂျစ်တရားရုံးတော်က ပြစ်ဒဏ်ချခဲ့မှု  ကို အီဂျစ် ရုပ်မြင်သံကြား ကနေတဆင့်  နိုင်ငံတ၀ှမ်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားခဲ့တယ်။


အီဂျစ် နိုင်ငံအ၀ှန်း  ရှေ့နေများ ကတော့ အီဂျစ်နိုင်ငံရဲ့ တရားစီရင်မှု မှာ တရားမျှတမှု မရှိ၊ လွတ်လပ်မှုမရှိဘူးလို့ ဝေဖန်ခဲ့ကြပြီး အီဂျစ်နိုင်ငံမှာ နောက်ထပ် အာဏာရှင်စနစ် မပေါ်လာဖို့ အတွက် အာဏာရှင် အီဂျစ်သမ္မတဟောင်း ဟူစိန်မူဘာရက်ကို ဆဒန်ဟူစိန်လို သေဒဏ်ပေးသင့်ကြောင်း၊ ဒီလို သေဒဏ်ပေးမှ  နောင်မှာ အာဏာရှင်အဖြစ်ကျိုးစားလာသူများ ကို နမူနာ ပေး ပြသရာရောက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။

CAIRO—Ousted Egyptian President Hosni Mubarak and his former interior minister were sentenced to life in prison Saturday for their role in the killings of hundreds of anti-government protesters last year, making the former Egyptian strongman the first Arab leader overturned by the wave of protests in the region to be convicted by his own people.

In a crowded courtroom proceeding broadcast live on national television, Judge Ahmed Rifaat pronounced Mr. Mubarak and his former interior minister, Habib al Adli, guilty of accessory to murder and attempted murder of protesters. He acquitted six senior interior ministry officials who prosecutors had also ...

1 comment :

Anonymous said...

If u want get freedom,shut ur mouth because its too early to tell this.
ဦးနေ၀င်းအနေနှင့် ရွေးစရာလမ်းမရှိတော့။
သူလုပ်ပေးမည့် ရွေးကောက်ပွဲကို လက်မခံပဲ ကြားဖြတ်အစိုးရ ရရန် တောင်းဆိုပြီး နောက်ဆုံး အထွေထွေ သပိတ်နှင့် အကြပ်ကိုင် သောကြောင့် သူ၏ လုံခြုံရေးထွက်ပေါက် ပိတ်ခံရ တော့သည်။
Read this and comments?
http://www.hittai.net/index.php?show=rm&fileid=96&t=home6&id=6