Monday 16 July 2012

မြန်မာ နိင်ငံသာ မှတ်ပုံတင်ကဒ် ပြား ကိုလည်း စနစ်တကျ လုပ်ဆောင်ဖို့  လိုနေပါပြီ။



 ( စုတ်ခြာနေတဲ့ မြန်မာ မှတ်ပုံတင်) 

အရေအသွေးနုံခြာလှတဲ့ မြန်မာ မှတ်ပုံတင်ကဒ်ပြားနဲ့ တခြားနိင်ငံတွေက မှတ်ပုံတင်ကဒ်ပြား
အဆင့်အတန်းခြင်း ကွာခြားလှပါတယ်။ ကိုင်ရတာခြင်းကို အရသာမတူဘူး လို့  အမေရိကန် မှတ်ပုံတင်ရသွားတဲ့ မြန်မာ နိင်သူ တဦး က ဆိုပါတယ်။ ထိုင်း နိင်ငံသားဖြစ်သွားတဲ့ မွန် ကလေး
ငယ် တဦး က သူရဲ့  မှတ်ပုံတင်ကဒ်ပြားကို ပြသနေပါတယ်။ 
နိင်ငံခြားက မှတ်ပုံတင် တွေလိုပဲ မြန်မာ မှတ်ပုံတင်ကို စနစ်တကျ ပလစ်စတိတ်ကဒ်ပြား၊
လျပ်စစ် ကုဒ် တွေကို ထည့်သွင်းဖို့ လိုနေပြီဖြစ်ပါတယ်။ ပိုအရေးကြီးတာက နိင်ငံသားတယောက်ရဲ့  လွတ်လပ်မှုအခွင့်အရေးနဲ့  နိင်ငံတော်က နိင်ငံသားတွေအပေါ်မှာ
ကာကွယ်စောင့်ရှောက်မှုတွေဖြစ်ပါတယ်။  အခုအခြေအနေကတော့ နိင်ငံသားအခွင့်အရေးလဲ
မရှိ၊ နိင်ငံသားကဒ်ပြားကလဲ စုတ်ပြတ်နေတယ်။  တိုင်းပြည်ရဲ့  ၀င်ငွေတွေဘယ်ရောက်ကုန်ပါသလဲ။ ခရိုနီတွေ စားထားတဲ့ပိုက်ဆံတွေထဲက ကဒ်ပြား
လေးတွေကိုစနစ်တကျလုပ်ပေးတယ်ဆို၇င်တောင် ပိုက်ဆံဘယ်လောက်မှ မကုန်ပါဘူး။

 ထူးဆန်းဖို့ ကောင်းတာကတော့ မဆလ၊ န၀တ၊ နအဖ ခေါင်းဆောင်တွေရဲ့  သားသမီး တွေ ဆွေမျိုးတွေ ၉ ၀ ရာခိုင်နှုန်း လောက်ဟာလဲ နိင်ငံခြားသား တွေဖြစ်နေကြပါတယ်။ သူတို့ သားသမီးတွေ၊မြေးတွေ၊ မြစ်တွေ၊ချွေးမတွေဟာ
မြန်မာနိင်ငံသားအဖြစ် စွန့် လွှတ်လိုက်ကြပါပြီ။ မြန်မာ ဆိုတာကိုသူတို့ ဂုဏ်မယူကြပါဘူး။



1 comment :

Anonymous said...

if u wanna to do improve for myanmar . why u no go back to myanmar ,?
show me ur albility,just u can say .ur spit man