Friday 6 July 2012

အစာအိမ်ရောဂါ


အစာအိမ်ရောဂါအကြောင်းကျနော်နည်းနည်းဆွေးနွေးချင်ပါတယ်။ ဆရာဝန်တော့မဟုတ်ပါဘူး။ ဆရာဝန်တယောက်ယောက်က ရေးပေးရင်တော့သိပ်ကောင်းမှာပေါ့ဗျာ။

ကြိုတင်ကုသမှုဟာ အထိရောက်ဆုံးကုသမှုလို ဆိုတဲ့ ဆေးပညာသီအိုရီအရ  မျှ ဝေတဲ့သဘောပါ။ ကျနော်မိတ်ဆွေတွေရဲဘော်တွေအတော်များများ အစာအိမ်ပြသနာရှိနေတာကိုတွေ့ ရတယ်။ ကိုမင်းဇေယျနဲ့  ၂၀၀၇ လောက်က စကားပြောဖြစ်တုံး က သူအစာအိမ်ရောဂါကိုခံစားနေရတဲ့အကြောင်းပြောတော့ကျနော်အကြံပေးခဲ့သေးတယ်။ ကျနော်တို့ မြန်မာ တွေအတော်များများဟာ အစာအိမ်ထဲမှာ ဗက်တီးတီးရီးယား ရှိနေကြတယ်လို့ အမေရိကန် ဆရာဝန်တွေက ဆိုပါတယ်။
ဗက်တီးတီးရီးယားရှိနေတဲ့အစာအိမ်က ချဉ်ပတ်အိုးလိုဖြစ်နေတယ်။ ဘာစားလိုက်စားလိုက် အချဉ်ပေါက်ပြီး လေပူထပြီး ခံရဆိုးဖြစ်နေခြင်းဖြစ်ပါတယ်။ ဒါကို သာမန် အန်တာစစ် လို သာမန်အစာအိမ်
ရောဂါဆေးသောက်လို့ မပျောက်ဆိုတယ်။ ဒီဆေးရဲ့ လုပ်ဆောင်ပုံက
အက်စစ်ထွက်လာတဲ့ အစာအိမ်ကို ဘေစ် အဖြစ်ပြောင်းလိုက်တာပါ။
ဒီနည်းနဲ့ နာတာရှည် လို ဖြစ်နေတဲ့အစာအိမ်ကိုမပျောက်ဘူး လို့ ဆိုတယ်
အမေရိကန် ဆရာဝန်တွေက ဗိုက်ထဲက ကိုပိုက်ထည့်ပြီးအစာနမူနာကိုယူတယ်။ အစာကိုဓါတ်ခွဲကြည့်လိုက်တဲ့အခါမှာ
တော့ ဗက်တီးရီးယား ကြောင့်ဆိုတာကိုတွေ့ တဲ့အတွက် ဗက်တီးယီးယားကိုသတ်တဲ့ ပိုးသတ်ဆေးတမျိုးကို တလလောက်တိုက်တော့မှ လုံးဝ ပျောက်ကင်းသွားတယ်။

ဂျပန် ဆရာဝန်တယောက်က လည်း ကျနော်ရဲဘော်တယောက်ကိုဒီလိုနည်းမျိုး နဲ့ ကုသပေးလို့ လုံးဝပျောက်သွားတယ်လို့ ဆိုတယ်။ သူက ဗိုက်အောင့်လို့ 
ဂျပန်ဆရာဝန်ကိုပြတဲ့အခါမှာ ဆရာဝန်က သွားဆိုက်ဆရာဝန်ဆီကို သွားပြီး
သွားတွေကို ခြစ်ထုတ်ပြစ်ဖို့   ညွန်ကြားလိုက်ပါတယ်။
သွားတွေကြားမှာ ဗက်တီးယီးယားရှိနေတယ်။ ကျနော်တို့ မြန်မာ အများစုက
သွားကို ခြစ်ထုတ်လေ့မရှိပါ။ တချို့က ပိုက်ဆံရှိသော်လည်း နစ် ၃၀ မှ တခါခြစ်ကြတယ်လို့ သိရပါတယ်။  ထိုင်းနိင်ငံမှာ တနစ်တခါလောက် ခြစ်ကြတယ်။ အမေရိကန်တို့ ဂျပန် မှာတော့ ၆ လ တခါခြစ်ပါတယ်။  သွားထဲမှာ ခိုအောင်းနေတဲ့ဗက်တီးယီယားက ညဖက်အိပ်ချိန်မှာ သရေနဲ့အတူ ဗိုက်ထဲကိုဝင် နေရာကနေ ဗက်တီးယီးယား
က အချဉ်ပေါက်ပြီး လူကိုဒုက ခ ပေးနေတာဖြစ်ပါတ်။


လူအစာအိမ်က အစာခြေဖို့ အက်စ်စထုတ်တယ်။ အစာအိမ်ရောဂါသမားက
အက်စစ်ပိုထုတ်မိတဲ့ ပြသနာလို့ ဆိုတ်။ ဗက်တီးရီယားအတော်များများ က အက်စစ်မှာသေပါတယ်။ ဒီဗက်တီးယီယား က အက်စစ်မှာအသက်ရှင်နိင်တယ်လို့ ဆိုတယ်။ ဒီဗက်တီးရီးယားကို သြစတေးလျ က ဆေးပညာရှင်နစ်ဦးက စတင်တွေ့ ရှိခဲ့တယ် သူတို့  
ဆေးပညာဆိုင်ရာနိုဘယ်ဆုရခဲ့တယ်လို့ ဆိုတယ်။ ဒါကို ကျနော် မိတ်ဆွေဆေးမှုးတယောက်
ကဆိုပါတယ်။

မိတ်ဆွေမှာ ဗိုက်ခနခန အောင့်တတ်ရင် မိတ်ဆွေအမြန်ဆုံးစနစ်တကျကုသ
ဖို့  တိုက်တွန်းလိုပါတယ်။  ဗိုက်အောင့်ရောဂါသည်တွေကို ကျနော်သတိပြုမိ
တာတခုရှိတယ်။ ဒါကတော့ သူတို့ ဒီဗိုက်အောင့်ရောဂါ  ဒုက္ခ ကို မသိမသာ
ချစ်နေတယ်ဆိုတာပဲဖြစ်ပါတယ်။ ဒီရောဂါလေးရှိနေတာကို စွဲလန်းနေတာကို
ကျနော်သတိပြုမိတယ်။


1 comment :

Anonymous said...

ဆေးမြီးတိုလေးမျှလိုက်ပါတယ် လေပူဆန် (heart burn) အတွက် ခွက်တခွက်မှာနွားနို့တပုံ ရေသုံးပုံရော (နို့ကျဲလေး) သောက်ပေးပါ။ ညတိုင်းရေရှည်သောက်ပါက လုံးဝတောင် ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းရောက်လာတဲ့ မြန်မာပြည်ကချာတိတ်တွေမှာ နို့သောက်အိပ်တဲ့သူမရှိသလောက်ပါဘဲ အရက်သမားတော့ 99%တွေ့ရတယ် စိတ်မကောင်းစရာပါ