မာန် (ဒေါင်းနွယ်ဆွေ)
အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် …
အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် …
အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် …
အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် …
အငုတ်ကိုပယ်
ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …
မနက်ဖြန်ဆို
ငါပင်ပျိုသည် ဝေစည်စိမ်းလျှက်
သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ
မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် … ။
ဒေါင်းနွယ်ဆွေ
အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် …
အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် …
အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် …
အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် …
အငုတ်ကိုပယ်
ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …
မနက်ဖြန်ဆို
ငါပင်ပျိုသည် ဝေစည်စိမ်းလျှက်
သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ
မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် … ။
ဒေါင်းနွယ်ဆွေ
ကဗျာဆရာကြီးဒေါင်းနွယ်ဆွေရဲ့ မာန် ကဗျာကို ထပ်မံဖေါ်ပြလိုက်ပါတယ်။ ဒေါင်းနွယ်ဆွေဆိုတာကတော့ ၁၉ ၅၀ ခန့် ကနေ ၁၉ ၈၀ ၀န်းကျင်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ ကဗျာ ဆရာတဦးဖြစ်ပါတယ်။
သူကဗျာတွေမှာ လူအဖွဲ့ တရားမျှတမှုကင်းမဲ့နေပုံတွေ၊ အဖိနိပ်ခံနေရပုံတွေကိုဖေါ်ထုတ်ရေးသားလေ့ရှိတယ်။ အာဏာရအစိုးရတွေနဲ့  ကို်ယ်ကျိုးရှာ အချောင်သမားတွေကို ရှုတ်ချလှောင်ပြောင်လေ့ရှိတယ်။ ၁၉ ၈၀ ၀န်းကျင်မှာသူကွယ်လွန်သွားတယ်။ သူအကြောင်းကို လူငယ်တွေသိဖို့  ရည်ရွယ်ချက်နဲ့  သူကဗျာကို ပြန်လည်ဖေါ်ပြပေးလိုက်တယ်။ သူရဲ့ ကျော်ကြားတဲ့ကဗျာရည်ကြီးတပုဒ်ကတော့ ကလျာမိမိမုန်းဆိုတဲ့က ဗျာဖြစ်ပါတယ်။
ကဗျာက ဇတ်လမ်းရည်ကြီးဖြစ်တယ်။ စာမျက်နာ ရာကျော်ရှိတယ်။ ဇတ်လမ်းကတော့
မင်းသမီးလေးတပါးဟာ သူရဲ့ အိမ်ရှေ့ စံ မရှိချိန်မျာ ဥယာဉ်မှုးနဲ့ ဖေါက်ပြားတဲ့ဇတ်လမ်းပါ။
အချစ်၊ အနမ်းနဲ့ ရမက်တွေကို လှိုင်လှိုင်ကြီးတင်ပြထားတယ်။ အလွန်လှတဲ့ ကာရံတွေစာသားတွေနဲ့  ကြမ်းတမ်းလှတဲ့ စာသားတွေကို အလှဆင်ထားတာပါ။
ဒေါင်းနွယ်ဆွေက သူရဲ့ ပညာအကုန်ကို ဖေါ်ထုတ်ခဲ့တာပါ။
ကလျာမိမိမုန်း ကို သူအချိန်က တော်တော်ဝေဖန်ခံရတဲ့ကဗျာတပုဒ်ဖြစ်တယ်။ လိင်ပိုင်းဆိုင်ရာတွေကို ပွင့်ပွင့်လင်းလင်းရေးသားတင်ပြခဲ့တယ်။ သူရည်ရွယ်ချက်တော့ မြန်မာ့ လူအဖွဲ့ စည်းက ကြောင်သူတော် တွေကို ဝေဖန်လိုပုံရှိတယ်။
မြန်မာ လူအဖွဲ့ စည်းက နဂိုကတည်းက ပွင်းလင်းတဲ့လူအဖွဲ့ စည်းဖြစ်ခဲ့တယ်။ ဖိုမဆက်ဆံမှုတွေမှာ ပွင့်လင်း ရိုးသားမှုတွေရှိခဲ့တယ် အာဏာရတွေက မြန်မာယျဉ်ကျေးမှုကို ဖိနိပ်ရေးကိရိယာအဖြစ်အသုံးချပြီး ကြောင်သူတော်လုပ်နေတာတွေကိုသူက အလွန်စက်ဆုတ်ခဲ့တယ်။ ဒါကို မျက်စိလည်လိုက်နေတဲ့ လူငယ်တွေကို သူကအားမရဖြစ်ခဲ့ပုံရတယ်လို့  နာလည်နိင်တယ်။
တချိန်က ခေတ်ပေါ်မြန်မာစာပေဟာ အလွန်စိတ်ဝင်စားစရာကောင်းတယ်။ အတွေးအခေါ်အယူဆတိုက်ပွဲတွေနဲ့  ရှင်သန်နိုးကြားနေတယ်။ စာဖတ်သူတွေကို ပညာပေးနိင်စွမ်းရှိတယ်။ လူငယ်တွေကို ဘ၀သစ္စာတဲ့  ဘ၀ဖြစ်တည်မှု တန်ဖိုးကိုပေးနိင်ခဲ့ကြတယ်။ စာပေဂုဏ်းတွေအုပ်စုတွေရှိနေတယ်။ ဒီထဲမှာ ရန်ကုန်ဘဆွေ၊
အောင်လင်း၊ ဒေါင်းနွယ်ဆွေတို့ ဟာ အုပ်စု တခုရဲ့ ခေါင်းဆောင်တွေဖြစ်ခဲ့ပြီးသူတို့ ရဲ့ အယူဆအမြင်တွေကို စာပေနဲ့ တင်ပြခဲ့ကြတယ်။
ဒေါင်းနွယ်ဆွေအပါအ၀င် စာပေအုပ်စုအများစုကတော့ လက်ဝဲအယူဆဖက်ကို တိမ်းညွတ်ကြသူတွေပါ။ ဒါကြောင့်သူတို့ စာပေတွေဟာ သစ်လွင်မှုတွေ၊ မတရားမှုတွေကို လက်မခံနိင်မှုတွေ၊ လူသားတန်ဖိုးတွေ ဟာ ကိန်းဝပ်နေခဲ့ကြခြင်းဖြစ်ပါတယ်။
ဒေါင်းနွယ်ဆွေရဲ့ ကဗျာတွေရဲ့ ထူးခြားချက်က သိပ်ကိုမြန်မာဆန်သလောက်ခေတ်နှောက်ပြန်မဆွဲခြင်းဖြစ်တယ်။
ကာရံတွေ လွင်လွင်နေတယ်။ ဖတ်လိုက်ရင် မပင်မပန်းဘူး။ အသံချိုသပေါ့။
ဒေါင်းနွယ်ဆွေရဲ့ ကဗျာတွေရဲ့ ထူးခြားချက်က သိပ်ကိုမြန်မာဆန်သလောက်ခေတ်နှောက်ပြန်မဆွဲခြင်းဖြစ်တယ်။
ကာရံတွေ လွင်လွင်နေတယ်။ ဖတ်လိုက်ရင် မပင်မပန်းဘူး။ အသံချိုသပေါ့။
- မိုးသီး-
1 comment :
http://www.youtube.com/watch?v=6xdaZaMKjJk
study this conversation
Post a Comment