Thursday 26 July 2012

၈ လေးလုံး နယူးယောက်မြို့ မှာ လုပ်မယ်

၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားဖိတ်ကြားလွှာ- နယူးယောက်မြို

၁၉၈၈ ဒီမိုကရေစီပြည့်သူ အရေးတော်ပုံကြီးသည် လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ၂၄ နှစ် ပြည့်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည်ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေပြီ ဆိုသော်လည်း ပြည်တွင်းစစ်မီးသည် ဆက်လက်တောက်လောင်နေဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားအချို့ကို ဖမ်းဆိးထိန်းသိမ်းထားဆဲဖြစ်၍ ဒီမိုကရေစီစနစ်ကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်မဖော်နိုင်သေးပေ။ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ချက်ခြင်းရပ်စဲရေး၊ ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြော်က်ရေးနှင့် တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီစနစ်ပေါ်ပါက်ရေးကို ရှေ့ရှုပြီး နယူးယောက် ရှိ ၈၈ မျိုးဆက်ကျောင်းသားများနှင့်မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသူများစုပေါင်း၍ ၈ လေးလုံးနှစ်ပတ်လည်းအခမ်းအနားတရပ်ကို နယူးယောက်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကိုလေးစားစွာအသိပေးအပ်ပါသည်။

၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားကို မိဘပြည်သူများအနေဖြင့်အောက်ပါအစီစဉ်အတိုင်း မည်သူမဆိုပူးပေါင်းပါဝင်နိုင်ကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်

အချိန် - နေ့လည် ၂း၃၀ နာရီ မှ ၄း၃၀ အထိ
နေ့ရက် - သြဂုတ် ၅ ရက် ၂၀၁၂ ခုနှစ်။ (တနင်္ဂနွေ)
နေရာ - project reach , 39 Eldridge St.
4th Floor , NY1002.

ဆက်သွယ်ရန်
စန္ဒီ - ၉၁၇-၄၄၅-၉၂၂၂
ရွှေဝါ - ၃၄၇-၂၂၉-၄၃၀၉
နေတင့်မြင် - ၃၄၇-၉၄၄-၇၃၄၁
အောင်ခန့် - ၅၁၆-၈၀၈-၁၅၁၅

No comments :