Thursday 26 July 2012

ကိုမိုးသီးဇွန် အင်တာဗျူး




နေ့ သစ်-  ကိုမိုးသီးတို့  မြန်မာပြည်ကိုသွားရောက်လေ့လာခွင့်ရမယ်လို့  သတင်းရရှိပါတယ်။ 
              ဒီသတင်းမှန်ပါသလား။

မိုးသီး-  ကျနော်တို့  မြန်မာပြည်ကိုသွားရောက်လေ့လာဖို့ ဆွေးနွေးဖို့  ဦးအောင်မင်း မှ တဆင့် ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ ကိုတရားဝင်အကြောင်းကြားမှုမရသေးပါဘူး။
ကျနော်တို့ ကြားမှာ အကျိုးဆောင်ပေးနေတဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ ကိုလှမောင်ရွှေတို့ 
ကိုညိုအုန်းမြင့်တို့  က တဆင့်ပဲ ကျနော်သိသေးတာဖြစ်ပါတယ်။  သိရသလောက် ကျနော်တို့ ကို သမတဦးသိန်းစိန်းက ခွင့်ပြုလိုက်တယ်လို့  ဆိုပါတယ်။ သွားနိင်ဖို့ ကတော့ များနေတယ်လို့ ယျေဘူယျပြောလို့ ရပါတယ်။

နေ့ သစ်-  သွားဖြစ်ရင်ဘာတွေပြောမလဲ။

မိုးသီး- ဒီခရီးဟာ ကျနော်တို့ အတွက်တော့လေ့လာရေးခရီးစဉ်ဖြစ်ပါတယ်။ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ မယ်။
လက်ရှိမြန်မာ့နိင်ငံရေးအခြေအနေ တွေကိုဆွေးနွေးမယ်။ အရေးကြီးဆုံး ကိစ္စတွေကို တင်ပြပါမယ်။ ဒါတွေက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ စီးပွားရေးဖွင့်ဖြိုးမှုကိစ္စ၊ တရားဥပဒေ
စိုးမိုးရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေနဲ့
ဆွေးနွေးမယ်။ ၈၈ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်ဆောင်တွေ နဲ့ တွေ့ ဆုံဆွေးနွေးခြင်ပါတယ်လို့  ဦးအောင်မင်း ကို တွေ့ တုံးက ကျနော် ပြောခဲ့ပါတယ်။ 
သူက လည်းဆွေးနွေးနိင်ပါတယ်လို့  ပြောပါတယ်။

နေ့ သစ်-  ၈၈ တုံးက အတူထွက်လာကြတဲ့သူတွေ နယ်စပ်မှာ နိင်ငံတကာမှာရှိနေတယ်။သူတို့  ကို ကန့် သတ်ထားပြီး ကိုမိုးသီးတို့ ကိုပဲ ဗီဇာထုတ်ပေးမယ်။ ပြည်တွင်းဝင်ခွင့်ပြုတယ်ဆိုတဲ့ ကိစ္စတွေအပေါ်မှာ ဘာပြောချင်သလဲ။

မိုးသီး- ဒါတော့မကောင်းဘူးပေါ့။ ကျနော်တို့ ကိုလေ့လာခွင့်ပြုရင် တခြားသူတွေကိုလဲလေ့လာခွင့်ပြုသင့်ပါတယ်။  မြန်နိင်ငံသားတွေ ဗီဇာလျောက်ထားတာ လူ၅ ထောင်လောက်ရှိနေတယ်လို့ ကြားပါတယ်။ ဒီလူတွေကို ဗီဇာတွေထုတ်ပေးသင့်ပါတယ်။ 
လူ ၅ ထောင်ဆီက ဗီဇာကြေးရယ်။ သူတို့ က မြန်မာ ပြည်ပြန်ရောက်ရင် ဈေးဝယ်ကြမယ်။သုံးကြမယ်။ 
သူတို့ ပြန်ပြီးလည်ကြပတ်ကြတာဟာ တိုင်းပြည်စီးပွားရေးတိုက်ရိုက်အကျိုးရှိနေပါတယ်။ 

သူတို့ ဟာ ကိုယ်တိုင်းပြည်ကိုယ်ပြန်ချင်ကြတယ်။ ဆွေးမျိုးတွေသူငယ်ချင်းတွေနဲ့တွေ့ ခြင်ကြမယ်။  စီးပွားရေးလုပ်ခြင်တဲ့သူတွေ၊ လူမှုရေး၊ နိင်ငံရေးလှုပ်ရှားမှုမှာပါဝင်ခြင်တဲ့သူတွေရှိမယ်။  သူတို့ ကိုလဲခွင့်ပြုဖို့ သင့်တယ် လို့ ကျနော်ပြောချင်တယ်။ ကျနော် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ ရင်လဲ ဒီကိစ္စကို အရေးကြီးတချက်အနေနဲ့ ဆွေးနွေးပါမယ်။

နောက်အရေးကြီးဆုံးတချက်ကလဲ ကျနော်တို့ ကိုပြည်တွင်းကိုလာလေ့လာခွင့်ပြုရင်
အထဲက ခေါင်းဆောင်တွေကိုလဲ အပြင်ဖက်ကိုထွက်လေ့လာခွင့်ပြုသင့်ပါတယ်။
အခုအစိုးရတာဝန်ရှိသူတွေကို ဗီဇာပိတ်စို့ မှုတွေကို ရပ်ဆိုင်းလိုက်ပြီဆိုတော့ အစိုးရပိုင်းကလဲ
အပြန်အလှန် ယုံကြည်မှုတည်ဆောက်ကြတဲ့အနေနဲ့  အထဲက ၈၈ ခေါင်းဆောင်တွေကို ပစ်စပို့ တွေ ထုတ်ပေးဖို့ ကျနော် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေ့ ရှု့ ပြီးပြောချင်ပါတယ်။

နေ့ သစ်-ကိုမိုးသီးတို့  သွားတဲ့အဖွဲ့  က ဘာလဲ ၊ အဖွဲ့ လား ဘယ်သူကိုကိုယ်စားပြုထားပါသလဲ။

မိုးသီး- ကျနော်တို့ က အဖွဲ့ မဟုတ်ပါဘူး။ ၈၈ မှာအတူလှုပ်ရှားခဲ့ကြတဲ့ ပြည်ပ ( အထူးသဖြင့်အမေရိကန်ပြည်ထောင်စု) ကိုရောက်လာကြတဲ့ သူတွေ စုပြီး လေ့လာရေးသွားတဲ့သဘောပါ။ ဒါကလဲ မင်းကိုနိင်တို့ လွတ်လာပြီးနောက်တနေ့ မှာ ဗိုလ်ချုပ်ကိုကိုက ကျနော် နဲ့ဒေါက်တာစိန်ဝင်းကို ပြန်လာနိင်ပါတယ် ဆိုတဲ့ သတင်းစာရှင်းလင်းပွဲတခု မှာပြောသွားတာက အစ၊ ဦးအောင်မင်းနဲ့ကျနော်ဘန်ကောက်မှာတွေ့   အလယ် တလောက ဦးအောင်မင်း၊ ဦးခင်ရီတို့ နဲ့ ကျနော်တယ်လီဖုန်း ဆွေးနွေးချက်တွေအဆုံးမှာ ဒီလောက်အထိဖြစ်ပေါ်တိုးတက်မှုတွေ အပေါ်မှာ ဒီအခြေအနေကိုရောက်လာတာဖြစ်ပါတယ်။
ကျနော်တို့ တဦးခြင်းဆီမှာ တိုင်းပြည်အတွက် ကိုယ် ဘာပြန်လုပ်ပေးနိင်မလဲဆိုတဲ့ စိတ်ကူးမျှော်မှန်းချက်တွေရှိနေကြပါတယ်။  ကိုယ်သန်ရာသန်ရာ လုပ်ပေးခြင်ကြတယ်။ လုပ်ခွင့်ရမယ်ဆိုရင်ပေါ့လေ။ အခုဟာက လေ့လာရေး မစ်ရှင်ပါ။ဘ ယ်သူကိုမှ ကိုယ်စားမပြုပါဘူး။


နေ့ သစ်- နောက်တခု ထပ်မေးခြင်တာက ခင်ဗျားတို့ လိုပဲ ပြန်လေ့လာခြင်တဲ့သူတွေရှိနေတယ်ဆိုတာကျနော်တို့ သိနေရတယ်။ ကြားနေရတယ်။ ဒီလူတွေကိုရော ဘယ်လိုစဉ်းစား မလဲ။ 

မိုးသီး - ဟုတ်ကဲ့။ သွားလေ့လာသင့်ပါတယ်။ ဘယ်သူတွေကသွားလေ့လာခြင်နေကြသလဲဆိုတာ ကျနော် တိတိကျကျမသိဘူး။ ပြောနေကြတာပဲရှိတယ်။  တကယ်လို့  သွားရောက်လေ့လာခြင်တယ်ဆိုရင်အကောင်းဆုံးက ဦးအောင်မင်း ကိုဆွေးနွေး ပါလို့ ကျနော်အကြံပြုချင်ပါတယ်။    ကျနော်တို့ သူတို့ အတွက် ဘာလုပ်ပေးရမလဲ။ 
လုပ်ပေးချင်ပါတယ်။ ကျနော်တို့  ကို ဆက်သွယ်ပါ။ အကောင်းဆုံးဖြစ်အောင်ကျနော်တို့ ကြိုးပန်းပေးမယ်။ လက်ရှိအခြေအနေ မှာ ကျနော်တို့ ကိုယ်တိုင် အာမခံ ပြီး ပြောနိင်တဲ့အခြေအနေမရှိသေးဘူးဆိုတာကိုလဲ နားလည်မှု
ပေးပါလို့ ပြောချင်ပါတယ်။

No comments :