10 hours ago
Friday, August 17, 2012
ရခိုင်ပဋိပက္ခအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမှု သမ္မတရုံး ထုတ်ပြန်
ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ခုကို နယ်ပယ် အသီးသီးက လူတွေနဲ့ ဖွဲ့စည်းလိုက်တာကို နိုင်ငံတော် သမ္မတရုံးက ယနေ့ သြဂုတ်လ ၁၇ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သတင်း စာနယ်ဇင်း စတဲ့ နယ်ပယ် အသီးသီးက ၂၅ ဦးနဲ့ဖွဲ့စည်းထားတာလည်းဖြစ်ပြီး
သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။ ထူးခြား တာက
ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ ထင်ရှားသူများလည်း အများအပြား ပါဝင်နေတာပါ။
ကော်မရှင်မှာ ဥက္ကဋ္ဌတာဝန်ကို အငြိမ်းစား သာသာနာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမြင့်၊ အတွင်းရေး မှူး တာဝန်ကို Myanmar Egress အဖွဲ့က ဒေါက်တာ ကျော်ရင်လှိုင်တို့ အားဖော်ပြ ထားပါတယ်။
အဖွဲ့ဝင်များတွင် သိက္ခာရ ဆရာတော်များဖြစ်ကြတဲ့ ဦးကျော်ညွန့်နဲ့ ဦးစောမာဂေကြီ၊ ဟာဂျီ ဦးညွန့်မောင်သျှိန်၊ ရှမ်းခေါင်း ဆောင် ဦးခွန်ထွန်းဦး၊ စာရေးဆရာ မောင်ဝံသ၊ ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် ဦးကိုကိုကြီး၊ အနုပညာရှင် ဦးဇာဂနာ၊ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်
ဒေါ်သန်းသန်းနု၊ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ရခိုင်ပါတီခေါင်း
ဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင် ၊ကိုအောင်နိင်ဦး ( ဗဟု) နဲ့ ဒေါက်တာအေးမောင်
စတဲ့သူတွေပါဝင်နေတာပါ။
အခုလတ်တလော ရခိုင်ပြည်နယ်အရေး ပြဿနာနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ မကြာသေးခင် က တွေ့ဆုံခဲ့ကြတဲ့ ထင်ရှားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်ေ တွက ပြောကြတာက သမ္မတ က ပြဿနာ အမြန်ဆုံး ပြေလည်ရေး အားလုံး ၀ိုင်းဝန်း ဆောင်ရွက်ကြရန် ပြောဆို တိုင်ပင်မှုများ ရှိခဲ့ပါတယ်တဲ့။
ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ပတ်သက်ြ ပီး
ပြဿနာ စတင်ဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရင်း၊ နောက် မတူကွဲလွဲနေကြ ပေမယ့်
ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး ဘယ်လိုနေနိုင်မလဲ နည်းလမ်းရှာဖို့၊ ပဋိပက္ခ
မှာ သေဆုံး ထိခိုက် ဒဏ်ရာရ ပျက်ဆီး ဆုံးရှုံးခဲ့ရတာတွေကို လွတ်လပ်စွာနဲ့
စုံစမ်းစစ်ဆေး ပိုင်ခွင့် ရှိပြီး ကော်မရှင်အဖွဲ့ဝင်တွေရဲ့ လုံခြုံရေးနဲ့
အခြား လိုအပ်တဲ့ စုံ စမ်းမှုနဲ့ ပတ်သက်တာတွေကို ရခိုင်ပြည်နယ် အစိုးရက
ပံ့ပိုးကူညီပေးသွားရမယ်လို့ သမ္မတရဲ့ ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေကို အကြံပြု သုံးသပ်ချက်တွေနဲ့ တကွ စက်တင်ဘာလ ၁၇ ရက်နေ့နောက်ဆုံးထားပြီး သမ္မတ ထံ တိုက်ရိုက် အစီရင်ခံစာ တင်ပြရမှာလည်းဖြစ် ပါတယ်။
ဤနေရာတွင် ကြေညာချက် အပြည့်အစုံကို ဖတ်ရှု့နိုင်ပါတယ်။
http:// www.president-office.gov.mm /briefing-room/daily-news/ news1220
ရခိုင်ပဋိပက္ခအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမှု သမ္မတရုံး ထုတ်ပြန်
ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ခုကို နယ်ပယ် အသီးသီးက လူတွေနဲ့ ဖွဲ့စည်းလိုက်တာကို နိုင်ငံတော် သမ္မတရုံးက ယနေ့ သြဂုတ်လ ၁၇ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သတင်း စာနယ်ဇင်း စတဲ့ နယ်ပယ် အသီးသီးက ၂၅ ဦးနဲ့ဖွဲ့စည်းထားတာလည်းဖြစ
ကော်မရှင်မှာ ဥက္ကဋ္ဌတာဝန်ကို အငြိမ်းစား သာသာနာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမြင့်၊ အတွင်းရေး မှူး တာဝန်ကို Myanmar Egress အဖွဲ့က ဒေါက်တာ ကျော်ရင်လှိုင်တို့ အားဖော်ပြ ထားပါတယ်။
အဖွဲ့ဝင်များတွင် သိက္ခာရ ဆရာတော်များဖြစ်ကြတဲ့ ဦးကျော်ညွန့်နဲ့ ဦးစောမာဂေကြီ၊ ဟာဂျီ ဦးညွန့်မောင်သျှိန်၊ ရှမ်းခေါင်း ဆောင် ဦးခွန်ထွန်းဦး၊ စာရေးဆရာ မောင်ဝံသ၊ ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် ဦးကိုကိုကြီး၊ အနုပညာရှင် ဦးဇာဂနာ၊ ဒီမိုကရက်တစ်ပါတီခေါင်းဆောင
အခုလတ်တလော ရခိုင်ပြည်နယ်အရေး ပြဿနာနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ မကြာသေးခင် က တွေ့ဆုံခဲ့ကြတဲ့ ထင်ရှားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်ေ
ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ပတ်သက်ြ
အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေကို အကြံပြု သုံးသပ်ချက်တွေနဲ့ တကွ စက်တင်ဘာလ ၁၇ ရက်နေ့နောက်ဆုံးထားပြီး သမ္မတ ထံ တိုက်ရိုက် အစီရင်ခံစာ တင်ပြရမှာလည်းဖြစ် ပါတယ်။
ဤနေရာတွင် ကြေညာချက် အပြည့်အစုံကို ဖတ်ရှု့နိုင်ပါတယ်။
http://
No comments :
Post a Comment