Saturday, 18 August 2012

ကျောက်ဆည်မြို့နယ် ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်ပြည့် အမှတ်တရ (၁၉.၈.၂၀၁၂) မနက်ဖြန်တွင် ကျင်းပမည်


၁၉၆၂ခုနှစ် မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့နောက်ဆုံးဥက္ကဋ္ဌ၊ မန္တလေးတက္ကသိုလ်ကလောင်ရှင်များ အတွင်းရေးမှူး ဆရာဦးစိုးဝင်းမောင်၊ ဇနီး ဒေါ်မြသန်းတို့၏နေအိမ်တွင် ဒီမိုကရေစီအရေးတော်ပုံ ၂၄နှစ်ပြည့် အမှတ်တရအခမ်းအနား (ကျောက်ဆည်မြို့နယ်) ကျင်းပမည် ဖြစ်သည်။ ဦးစိုးဝင်းမောင်သည် ၁၉၆၂ ခုနှစ်မှ စစ်အာဏာရှင်ကိုဆန့်ကျင် တိုက်ပွဲဝင်ခဲ့သော တော်လှန်ရေးသမားတဦးဖြစ်ပြီး စစ်အာဏာရှင်တို့ရဲ့ အကြိမ် ကြိမ်ဖမ်းဆီးမှုကိုခံခဲ့ရသည်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ ဒီမိုကရေစီလှုပ်ရှားမှုအပြီး စစ်ခုံရုံးမှ နှစ်ရှည်ထောင် ဒါဏ်အပြစ်ပေးခံရကာ ၁၉၉၉ ခုနှစ်တွင် မန္တလေး အိုးဘိုထောင်မှလွန်မြောက်လာပြီး မကြာခင် အဆုတ်ကင် ဆာရောဂါဖြင့် ကျဆုံးခဲ့ရသည်။ ဦးစိုးဝင်းမောင်ရဲ့သား ၂ ဦး ဖြစ်ကြသော စက်မှုတက္ကသိုလ်ကျောင်းသား လှုပ် ရှားမှု ကျောင်းသားခေါင်းဆောင် ရဲဘော်သံဒုတ်နှင့် မန္တလေးဆေးတက္ကသိုလ်ကျောင်းသား ယနေ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲတို့မှာ ဖခင်၏တော်လှန်ရေး အမွေဆက်ခံပြီး ယနေ့တိုင် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံတိုက်ပွဲ ဆင်နွဲလျက်ရှိသည်။ ကျောက်ဆည်မြိ့နယ် ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်ပြည့် အမှတ်တရအခမ်းအနားသို့ ဒီမိုကရေအင်အားစုများ၊ ကျောင်းသားသမ ဂ္ဂအဖွဲ့ဝင်များနှင့် ကဗျာဆရာ၊ စာရေးဆရာများ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်ဆည်မြို့နယ်ဒီမိုကရေစီအရေးတော်ပုံ ၂၄နှစ်ပြည့်အမှတ်တရအခမ်းအနားအစီအစဉ်။
နေ့ရက် - ၁၉.၈.၂၀၁၂ ။ တနင်္ဂနွေနေ့
အချိန် - နံနက် ( ၉: ၀၀ နာရီ )
နေရာ - ဦးစိုးဝင်းမောင်+ ဒေါ်မြသန်းနေအိမ်
စုကြီးထန်းတောရပ်၊ ကျောက်ဆည်မြို့။

No comments :