Tuesday, 7 August 2012

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌအဖြစ်ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မည်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အသစ်ထပ်မံဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော် မှ သဘောတူညီသည့်အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ကြေညာခဲ့သည်။ အဆိုပါ ကော်မတီ ဥက္ကဌမှာ ဒေါ်အောင်ဆန်းစုကြည် ၊ အတွင်းရေးမှူးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စ
ားလှယ် ဦးဝင်းမြင့် ဖြစ်ပြီး၊ အဖွဲ့ဝင် ၁၅ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ်ထိန်းကျောင်း ရမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာမှ ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါ ကော်မတီသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

No comments :