Monday, 6 August 2012

နာဆာရဲ့ ကျူရီယောစီးတီ (curiousity) စူးစမ်းလေ့လာရေး ယာဉ် အင်္ဂါပြိုဟ်ပေါ် ဆင်းသက်




 -မြတ်စိုး-
၀၈.၀၆.၂၀၁၂


‘နာဆာ’ ခေါ် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန(National Aeronautics and Space Administration, NASA) ဟာ  သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ ၇၀၀၀ ကျော် ပါဝင်တဲ့   အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး၊ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်နိုင်ဖို့  ကျူရီယောစီးတီ (curiousity) လို့ အမည်ပေးထားတဲ့ အလေးချိန် တတန်လောက်ရှိတဲ့ စူးစမ်းလေ့လာရေး ယာဉ် ကို လွန်ခဲ့တဲ့  ၈ လ ကျော် က စေလွှတ်ခဲ့တယ်။ မနေ့ က ကမ္ဘာမြေပြင်က ထိမ်းချုပ် မောင်းနှင်း နိုင်တဲ့ ကျူရီယောစီးတီ (curiousity) စူးစမ်းလေ့လာရေး ယာဉ်ငယ် ကို အင်္ဂါပြိုဟ်ပေါ် အောင်မြင်စွာ ဆင်းသက် နိုင်စေခဲ့လို့  နာဆာရှိ သိပ္ပံပညာရှင်များ၊ နေစကြာဝဋ္ဌာ နှင့် အာကာသ စိတ်ဝင်တစားလေ့လာ သူများ အားလုံး ၀မ်းသာမဆုံး ဖြစ်ခဲ့ကြတယ်။

နာဆာသိပ္ပံပညာရှင်များ၊ အင်ဂျင်နီများ တီထွင်ခဲ့တဲ့ ကျူရီယောစီးတီ (curiousity) စူးစမ်းလေ့လာရေး စက်ရုပ်ယာဉ်ငယ် ဟာ ၁၀ ပေရှည်၊  ၉ ပေ  ကျယ်ပြီး၊ ၇ ပေ မြင့်တဲ့  SUV မော်တော်ကား အငယ်စား အရွယ်ရှိတယ်။  လက်တံဟာ ၇ ပေ ( ၂.၂ မီတာ) ထိဆန့်တန်းနိုင်ပြီး၊ အလေးချိန် ပေါင် ၂၀၀၀ ( ၉၀၀ ကီလိုဂရမ်)  ရှိတယ်လို့ နာဆာ အကြီးအကဲ က ပြောဆိုခဲ့တယ်။ ကျူရီယောစီးတီ (curiousity) စူးစမ်းလေ့လာရေး ယာဉ်ငယ် ကို ၂၀၁၁ ခုနှစ် ၊ နိုင်ဝင်ဘာလ ၂၆ ရက် မနက် ၇ နာရီ ၂ မိနစ် မှာ ကမ္ဘာမြေပြင် က နေ အင်္ဂါပြိုဟ်ပေါ် ကို စေလွှတ်ခဲ့ကြတယ်။ လေဆာ ကိရိယာတွေနဲ့ အရည်အသွေး  ကောင်းမွန် တဲ့ ကင်မရာ တွေ ကို တပ်ဆင်ထားခဲ့တယ်ဆိုတာ သိရတယ်။

 ကျူရီယောစီးတီ (curiousity) စူးစမ်းလေ့လာရေး ယာဉ်

ကမ္ဘာမြေပြင်က ထိမ်းချုပ် မောင်းနှင်း နိုင်တဲ့ နာဆာသိပ္ပံပညာရှင်များ၊ အင်ဂျင်နီများ တီထွင်ခဲ့တဲ့ ကျူရီယောစီးတီ (curiousity) စူးစမ်းလေ့လာရေး စက်ရုပ်ယာဉ်ငယ် ဟာ အင်္ဂါပြိုဟ်ပေါ် ကို အောင်မြင်စွာ ဆင်းသက်နိုင်င်ခဲ့တာကြောင့် အင်္ဂါပြိုဟ်ပေါ် မှာ သက်ရှိသတ္တ၀ါတွေ ရှိမရှိ၊ နှင့် သက်ရှိသတ္တ၀ါများ အသက်ရှင်နိုင်မှုရှိမရှိ ဆိုတာတွေ ကို စူးစမ်းလေ့လာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတခုရပ်ဖြစ်တယ်လို့ နာဆာ အကြီးအကဲတွေ က ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။

အင်္ဂါပြိုဟ်ပေါ် ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့ ယာဉ်ငယ်ဟာ အင်္ဂါပြိုဟ်ပေါ် မှာ -
·         ၁) ရေ ရှိမရှိ၊
·         ၂) စွမ်းအင် ထုတ်လုပ်နိုင်မှု ရှိမရှိ၊
·         ၃) ကာဗွန် ဓာတ်ရှိမရှိ

ဆိုတာတွေ ကို ကနဦးလေ့လာစမ်းစစ်ကြဖို့ရှိတယ်။

ဒီစူးစမ်းလေ့လာရေးယာဉ် ကျူရီယောစီးတီ (curiousity  ကို  အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတဦးလို အလုပ်တွေထမ်းနိုင်ဖို့ နာဆာရဲ့ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ ၇၀၀၀ ကျော် က တည်ဆောက် ခဲ့ကြတာဖြစ်တယ်။ ဒီယာဉ်ငယ် ကို  လူသားတဦးလို အောက်ပါအတိုင်းဖွဲ့စည်းထားခဲ့တယ်လို့ နာဆာရဲ့ အကြီးအကဲတွေ က ပြောဆိုခဲ့ကြတယ်။

ယာဉ်  ဆင်းသက်ပြီး ၆ မိနစ်အကြာ မှာ ရိုက်ကူးခဲ့တဲ့ အင်္ဂါဂြိုဟ် မျက်နှာပြင်
 

The rover will have a:
  • body: a structure that protects the rovers´ "vital organs"
  • brains: computers to process information
  • temperature controls: internal heaters, a layer of insulation, and more
  • "neck and head": a mast for the cameras to give the rover a human-scale view
  • eyes and other "senses": cameras and instruments that give the rover information about its environment
  • arm and "hand": a way to extend its reach and collect rock samples for study
  • wheels and "legs": parts for mobility
  • energy: batteries and power
  • communications: antennas for "speaking" and "listening"


ဒီ စူးစမ်းလေ့လာရေး ယာဉ်ငယ် အတွက် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ အကုန်ကျခံခဲ့ပြီး၊ အနာဂတ်မှာ အင်္ဂါပြိုဟ်ပေါ် လူသားတွေ စေလွှတ်မည့် နာဆာရဲ့  အစီအစဉ် အတွက်တော့ အလင်းရောင်တန်း ဖြစ်လာခဲ့ရပြီလို့ နာဆာ သိပ္ပံပညာရှင်တွေ က သုံးသပ်ပြောဆိုနေကြတယ်။


No comments :