Tuesday, 7 August 2012

၈၈ လှုပ်ရှားမှု ကြီး နဲ့  ဦးသိန်းစိန်


ဦးသိန်းစိန် အစိုးရက ၈၈ အခန်းနားကို မန္တလေးမှာကျင်းပ ပြုလုပ်ခွင့်ပြုတာဟာ ဦးသိန်းစိန် ဟာ
၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့  တောင်းဆိုချက်တွေ ဖြစ်တဲ့  လွတ်လပ်မှု ( Freedom) ၊ တရားမျှတမှု ( Justice ) နဲ့  ဖွင့်ဖြိုးမှု ( Development )  ကို  ထောက်ခံ တာ အသိမှတ်ပြု တာလို့  ကျနော်တို့ မှတ်ယူပါတယ်။  ဒီနေ့  မြန်မာ ပြည်မှာ ဒီတောင်းဆိုချက်တွေ မရှိသေးဘူး။  ဒါတွေရှိအောင် လုပ်ကြမယ်။  ဒီမိုကရေစီ ကို အဦးဆုံး တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေ 
သံဃာတွေ နဲ့  သမတ ဦးသိန်းစိန် က လက်တွဲ လာတာကို ကြိုဆိုပါတယ်။ 

၈၈ အရေးတော်ပုံရဲ့ တောင်းဆိုချက်တွေဟာ ကောင်းမှု သုခ   တွေသာဖြစ်တယ်။  ပျော်ရွှင်မှု 
သုခ ဖြစ်တယ်။ ဘယ်သူ ကို မှ မငြိမ်းခြောက်နေတာမဟုတ်ဘူး။ ကျနော်တို့  အားလုံး အတူလက်တွဲပြီး တိုင်းပြည် ဖွင့်ဖြိုးရေးကိုလုပ်ဆောင် ကြရင် လူမျိုးပေါင်းစုံ  မြန်မာပြည်ဟာ 
ငြိမ်းချမ်းမယ်၊ သာယာဝပြောမယ်။ လေး ငါးနှစ်အတွင်းမှာ လွတ်လပ်မှုနဲ့ ဖွင့်ဖြိုးမှု ကိုအားလုံးခံစားရမယ်။  မိသားစုတိုင်း မီးရောင်အောက်မှာပျော်ရွှင်လွတ်လပ်စွာ  ထမင်းစားနိင်ကြမယ်။ 



မိုးသီးဇွန်

No comments :