ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို သမတ ဦးသိန်းစိန် က အလွန်စိတ်ပျက်နေတယ်လို့ သတင်း၇ရှိပါတယ်။ ဦးသိန်းစိန်နဲ့ ဦးအောင်မင်းရဲ့ ပြုပြင်ပြောင်းလဲ
မှုတွေကို ကန့် လန့် တိုက်နေတယ်လို့  သိရပါတယ်။ ဒါအပြင် ဦးကျော်ဆန်းက သမတ သတင်းတွေကိုပါဆင်ဆာဖြတ်နေတယ်လို့ ဆိုပါတယ်။
အမိန့် ကိုမနာခံတဲ့အတွက် ဦးသိန်းစိန်ဟာ အကြပ်ရိုက်နေတယ်လို့  အစိုးရပိုင်းအတွင်း က လာတဲ့ သတင်းတွေက ဆိုပါတယ်။ သမတ လှုပ်ရှားမှုတွေကို မှန်မှန် မထုတ်လုပ်တဲ့အတွက် သမတရုံး ၀က်ဆိုဒ် ကို သီးသန့် လုပ်လာကြရတာလို့ ဆိုတယ်။
အခုဦးသိန်းစိန် က ဦး ကျော်ဆန်းကို ပြန်ကြားရေး လုပ်ငန်းမှာရပ်နားဖို့  ယျဉ်ကျေးမှု ၀န်ကြီးတာဝန်ကို ပြောင်းလဲဖို့ တိုက်တွန်းပေမဲ့ ဦးကျော်ဆန်းက မလုပ်နိင်ဘူးလို့  ငြင်းဆန်
နေတယ်လို့ ဆိုပါတယ်။
No comments :
Post a Comment