Monday 15 October 2012

“တော်တော်ပျံ တော်တော်ဝဲတဲ့ သမ္မတလူချောအဖွဲ့ ” (ဦးဝင်းတင်)

ဘာတဲ့။ သမ္မတကြီးဦးသိန်းစိန်က နောက်တစ်ဆက်ဆိုလား။နောက်တစ်သက်ဆိုလား သမ္မတလုပ်ဦးမှာဆို။ ဟုတ်လား။ ဖြစ်ရပြန်ပြီတစ်မျိုး။ဟိုတစ်ခါ ပြောသံကြားခဲ့ရတာကတော့ တစ်သက်တမ်းကျွတ်ရင် “ဂွတ်ဘိုင်” ပြီဆို။ ဘာတွေလဲဗျာ။ ရာဇပလ္လင်မှ တင်မနွေးသေးဘူး။ နောက်တစ်ရေး ကုလားထိုင်စကား ပြောလာကြပြန် ပလား။

သမ္မတလူချောအဖွဲ့ ကတော့ ပေါ်ပြူလာသမ္မတကြီး၊ လူထုအသည်းကျော် သမ္မတကြီး၊ ဖေးဘရိတ် သမ္မတကြီးဆိုတဲ့ ကရောင်းရိုက်သံ၊ ဗိန်းမောင်းတိုက်သံပေးနေကြမှာပေါ့။ သတင်းတွေ တေး၊ သတင်းတွေ မွေး၊ သတင်းတွေ ကျွေး၊သတင်းတွေ နွှေး၊ သတင်းတွေ ပေးနေကြမှာပေါ့။ အဲဒါတွေလုပ်တဲ့အခါမှာချောဆွဲခိုင်းတာမျိုးတွေ ရှိဆိုလား။ အငှားလိုက်ခိုင်းတာမျိုးတွေ ရှိဆိုလား။

သမ္မတ၀ိုင်းတော်သားတွေက ခြေအလှုပ်သား။ ခြေလှုပ်တယ်ဆိုတာခြေများတာ ပြောတာပါ။ ခြေများတယ်ဆိုတာကလည်း အကွက်များတာပြောတာပါ။ အကွက်များတယ်ဆိုတာလည်း အလှည့်များတယ် ပြောတာပါ။ဟော ကွယ် ပြောရင်းဖြေရင်း ရှုပ်ကုန်ပြီ။ အေးလေ။ လုပ်တာတွေ မရှင်းတော့ပြောတာဖြေတာတွေလည်း ရှုပ်ကုန်တော့တာပေါ့။ ဟာ.. ဒီလိုလည်း မဟုတ်သေးပါဘူး။ ကျုပ်ဆိုလိုတာက သမ္မတလူချောအဖွဲ့ က အာချောင်ချောင်။အဲ.. ဟုတ်ပါဘူး။ အာသွက်သွက်၊ လျှာသွက်သွက် ချက်ချက်ချာချာ ယန္တယားလူတွေမဟုတ်လား။ စက်ပစ္စည်းတွေလို လည်တာပတ်တာပေါ့။ ပြည်တော်ပြန်တွေကိစ္စလည်း သူတို့ ဘဲ။ ငြိမ်းချမ်းရေးကိစ္စလည်း သူတို့ ဘဲ။ရင်းနှီးမြှပ်နှံမှုကိစ္စလည်း သူတို့ ဘဲ။ စာနယ်ဇင်းလွတ်လပ်ခွင့်ကိစ္စလည်းသူတို့ ဘဲ။ တော်တော်ပျံ တော်တော်ဝဲတဲ့ ပုဂ္ဂိုလ်တွေဘဲဗျာ။


အာဏာကို ကာကွယ်စောင့်ရှောက်သူဆိုတဲ့ အာဏာအေးဂျင့်တွေ၊အာဏာကြိုးကိုင်တွေ၊ အာဏာဒရ၀မ်တွေကသာ သမ္မတဆိုတဲ့ နိုင်ငံ့ဦးသျှောင်ကြီး ရုပ်လုံးပေါ်အောင်၊ အသက်ဝင်အောင်၊ခြေလှုပ် ပါးစပ်လှုပ်ခတ်အောင် လုပ်နေတာမျိုးကို ပြည်သူမကြိုက်ရင်၊ပြည်သူလက်မခံရင်၊ ပြည်သူငြင်းပယ်ရင်၊ ပြည်သူဖျက်သိမ်းချင်ရင်၂၀၀၈ ဖွဲ့ စည်းပုံအခြေခံကြီးကို ပြင်ပြောင်းအောင် ကြိုးစားကြဖို့ ဘဲရှိတယ်။

ကျုပ်ယူဆချက်အရ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဒီလိုမြင်တယ်ဗျာ။ တရားဥပဒေစိုးမိုးရေးဆိုတာ မတရားတဲ့ဥပဒေမစိုးမိုးရေးဘဲဖြစ်တယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာကြီးခြောက်ပြစ်ကင်း အခြေခံဥပဒေမဟုတ်ဘူးခင်ဗျ။ လုံးဝမဟုတ်ဘူး။

အဲဒီအခြေခံဥပဒေကြီးထဲမှာ စစ်အာဏာရှင်စနစ် ကင်ဆာရောဂါမြစ်ပွားကလာပ်စည်းတွေ တွယ်နေတုန်းဖြစ်တယ်။ ပြည်တွင်းစစ် အဆုတ်ရောဂါပိုးတွေ တန်းလန်းရှင်နေတုန်းဖြစ်တယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ခေါစာကျွေးမယ့် လူမှုကိုယ်ခံအားနည်း အေအိုင်ဒီအက်စ်ရောဂါဇစ်မြစ်တွေ စွဲကပ်နေတုန်းဖြစ်တယ်။

ဦးဝင်းတင်

2 comments :

Anonymous said...

အန်တီလုပ်တာ အန်တီတာဝန်ယူတယ်။ အန်တီမှားရင်အန်တီခံမယ်။
U Win Tin.
U need to tell Daw Su.Why dont u tell her?Why she join the goverment?Do u have no fucking courage to critic Daw Su?

Anonymous said...

ဘယ်ကဦးဝင်းတင်လဲ ? ဟံသာဝတီဦးဝင်းတင် မဟုတ်ပါဘူး ဓါတ်ပုံကိုတော့ယူသုံးထားပါတယ် ။ စာပါအကြောင်းအရာကို အပြောလိုပါ သူများနာမယ်ကိုယူသုံးတာတော့ အဆင့်မရှိဘူးလို့ ထင်တယ် ။