Monday 12 November 2012

တာဝန်ယူမှု နှင့် ထင်သာမြင်သာ ရှိမှု (Accountability & Transparency) - အပိုင်း (၁)



 -WFWW-
၁၁.၁၂.၂၀၁၂

ဒီဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှာ Comcast Channel 57 နှင့် Verizon Channel 25 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်နေတဲ့ မြန်မာ့ရေးရာ စကားဝိုင်းဖြစ်ပါတယ်။ 



ဒီအပတ် အစီအစဉ် မှာ  မြန်မာနိုင်ငံ စီးပွားရေး၊ နိုင်ငံရေး၊  လူမှုရေး နှင့် လုပ်ငန်းခွင် နယ်ပယ် အသီးသီးမှာ ရေပန်းစား လူပြောများနေတဲ့ တာဝန်ယူမှု ( Responsibility)၊ တာဝန်ခံမှု (Accountability)  နှင့် ပွင့်လင်းမြင်သာမှု၊ ထင်သာမြင်သာရှိမှု  (Transparency)  အကြောင်း တွေကို သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။ 

မြန်မာနိုင်ငံ အစိုးရ အဖွဲ့ အတွင်း  ၌ ပေါ်လစီ နှင့် လက်တွေ့ကျင့်သုံး မှု အပိုင်းတွေမှာ  တာဝန်ယူမှု ( Responsibility)၊ တာဝန်ခံမှု (Accountability)  တွေ ဟာ ဘယ်လောက်ထိ ပွင့်လင်းမြင်သာမှု၊ ထင်သာမြင်သာရှိမှု  (Transparency) ရှိသလဲ၊ ဘယ်လောက်ထိ တပြေးညီ တစိုက်မတ်မတ် ကျင့်သုံးမှုတွေ ( Consistency)  ရှိသလဲ ဆိုတာတွေကို ဆွေးနွေးသူတွေ က အကြံပြု  သုံးသပ် တင်ပြထားပါတယ်။

ဒီမိုကရေစီစနစ် အောက်မှာ တာဝန်ခံမှု (Accountability)  နှင့် ထင်သာမြင်သာရှိမှု  (Transparency)  တွေ ကို လက်တွေ့လုပ်ဆောင် ကျင့်သုံးတဲ့နေရာတွေမှာ သတင်းမီဒီယာတွေရဲ့ လွတ်လပ်မှု အခန်းကဏ္ဍ ဟာ ဘယ်လောက် အရေးကြီး သလဲ ၊ လာဘ်ပေးလာဘ်ယူမှုတွေ  မှာ ဘယ်လို အကျိုးသက်ရောက် ဆက်နွယ်မှု တွေ ရှိလာမလဲ ဆိုတာတွေ ကို လည်း သုံးသပ်ဆွေနွေး တင်ပြထားပါတယ်။

ဒီဆွေးနွေးမှု မှာ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်တွေ မှာ တာဝန်ခံမှု မရှိပဲ၊ သဘောတူ  ဂတိပေး ထားမှုတွေ ပျက်ပြယ်မှုတွေ ရှိနေမယ်၊ ဂတိ ချိုးဖောက်မှုတွေ ရှိနေမယ်၊ တရားစီးရင်ရေးမှာလည်း  တပြေးညီ တစိုက်မတ်မတ် ကျင့်သုံးမှုတွေ ( Consistency)  မရှိဘူးဆိုရင်  ဒီမိုကရေ စီ အသွင်ကူးပြောင်းရေး  ကို ရှေ့ဆက်သွားရာ မှာ လူမှု အဖွဲ့အစည်း အတွင်း ယုံကြည်မှုတွေ ကို ဘယ်လိုတည် ဆောက်မလဲ ဆိုတာတွေ ကို မေးခွန်း ထုတ် တင်ပြဆွေးနွေးထားပါတယ်။

No comments :