Wednesday 14 November 2012
အိုဘားမား မြန်မာ ပြည်သတင်း
အိုဘားမား မြန်မာပြည်ခရီးစဉ် အတွက်ကြိုတင်သွားရောက်ခဲ့တဲ့လေယျဉ်ဟာ ၇ စင်းရှိပြီလို့ သိရပါတယ်။  လုံခြုံရေး အတွက် အမေရိကန် စစ်သား တထောင်စေလွတ်မှာဖြစ်ပြီး လောလောဆယ် စစ်သား ၂၀၀ ရောက်နေပြီဟုသိရတယ်။ 
နေပြည်တော်ကို အိုဘားမား မသွားဟုသတင်းရရှိပါတယ်။ 
 ရန်ကုန်တက္ကသိုလ်မှာဒီမိုကရေစီအင်အားစုများနဲ့   စကားပြောမှာဖြစ်တယ်။ 
အမေရိကန် သမတ တွေမြန်မာ ပြည်ကိုသွားတာဟာ ဒါပထမဆုံးသမတ ဖြစ်ပါတယ်။ ၁၉ ၅၀ ၀န်းကျင်က ဒုတိယသမတ နစ်ဆင် လာရောက်ခဲ့ဘူးတယ်။ 
 ရန်ကုန် တက္ကသိုလ် မှာ စကားပြောမယ်ဆိုတဲ့သတင်းကလဲ လူတွေကြားမှာ ပျံနှံနေတယ်။ 
အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်
Wednesday, 14 November 2012 
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏သမိုင်းဝင်ခရီးစဉ်
တွင် မိန့်ခွန်းပြောကြားမည့်နေရာကိုအမေရိကန်သံရုံးက လောလောဆယ်
တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါအခမ်းအနားသို့ တက်ရောက်
သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီ
ဖြစ်သည်။  ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်းခွန်းပြောကြားမည့်နေရာကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမဟုခန့်မှန်းပြောဆိုနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်နေ့တွင်ကျင်းပမည့် ရန်ကုန်တက္ကသိုလ့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
"ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော်၎င်းသတင်းနှင့်ပတ်သက်ပြီး
နှစ်နိုင်ငံလုံးမှတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။
Ref 7Days
အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်
Wednesday, 14 November 2012
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရေ
ာက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
No comments :