Sunday 18 November 2012

အိုဘားမားအဖိုး မြန်မာ ပြည်မှာ တာဝန်ကျဖူး

အမေရိကန် သမ္မတ ဘားရတ်ဟူစိန် အိုဘားမား၏ အဖိုးဖြစ်သူဟူစိန် အွန်ညာဂို အိုဘားမားသည်ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်၏အာဖရိကန်ရိုင်ဖယ် တပ်ခွဲ၁၁ နှင့်အတူ မြန်မာနိုင်ငံတွင်တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးက ၄င်း၏ Facebook စာမျက်နှာ တွင်
 

ရေးသားထားသည်။

ယင်းတပ်ခွဲသည်ချင်းတွင်းမြစ်နှင့်မြစ်ကြီးနား၊ မန္တလေးတိုက်ပွဲများ ချီတက် ဆင်နွဲခဲ့ကြောင်း ယင်းကဆက်လက်ရေးသားထားသည်။

ကင်ညာ နိုင်ငံသားဟူစိန်အွန်ယာဂိုအိုဘားမား သည်ဗြိတိန်တပ်ခွဲမှဗိုလ်ကြီးတစ်ဦး၏ ထမင်းချက် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း The New York Times သတင်းစာပါ ဆောင်းပါး တစ်ပုဒ်တွင်ရေးသားထားသည်။

ယင်းအချိန် ဗြိတိသျှ စစ်တပ်တွင် ကင်ညာနိုင်ငံသား ခုနစ်သောင်းခွဲခန့်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ထိုခေတ်အိုဘားမား၏ အဘိုးဖြစ်သူ အပါအဝင်ကင်ညာ နိုင်ငံသားတို့ယင်းအတွေ့ အကြုံမှတဆင့်ပြင်ပ ကမ္ဘာနှင့် ထိတွေ့ပြီးဘဝ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဆောင်းပါးတွင်ထပ်မံဖော်ပြထားသည်။

“အိုဘားမားရဲ့ဇစ်မြစ်ဟာ မြန်မာက ဖြတ်သွားခဲ့ပါတယ်”ဟုစိန့်လူးဝစ်ရှိဝါရှင်တန် တက္ကသိုလ်မှအာဖရိကန်သမိုင်းပါမောက္ခ တီမွန်သီပါဆွန်စ်က ပြောဆိုသည်။

သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးကမူ မြန်မာနှင့်သမ္မတအိုဘားမား သည်အခြား အမေရိကန်ခေါင်းဆောင်များတွင်မရှိနိုင်သည့် ဆက်နွယ်မှုမျိုးတစ်နည်းနည်းဖြင့်ရှိကောင်းရှိ နေနိုင်ကြောင်း သုံးသပ် ပြောဆို ထားသည်။

ဟူစိန်အွန်ညာဂိုအိုဘားမားကို ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့ကြောင်းခန့်မှန်းထားပြီးသမ္မတ ဘားရက် အိုဘားမားမှာ အင်ဒိုနီးရှား နိုင်ငံတွင်ငယ်ဘဝ ဖြတ်သန်းခဲ့ဖူးသည်။

Ref: In Visit to Myanmar, Obama Will See a Nation That Shaped His Grandfather, By Peter Baker (The New York Times )

သတင်း-The Voice Weekly,Photo -NewsofMyanmar

posted by admin-team(NOM)

1 comment :

Anonymous said...

ဟုတ်ပါတယ်..ထမင်းချက်အနေနဲ့ လိုက်လာတာပါ..ဗမာအမျိုးသမီးနဲ့တောင် အိပ်ထောင်ကျလိုက်ပါသေးတယ်..ကင်ညာပြန်တော့ အဲဒီအမျိုးသမီးပါသွားမသွားတော့မသိဘူး.